မကြာခဏမြင်နေရတဲ့ @ ဆိုတာဘာလဲ
==========================
အီးမေးလ်လိပ်စာများမှာပါတဲ့ အင်္ဂလိပ်အက္ခရာ အေ ကို ၀ိုင်းထားတဲ့ ဟာလေးကို ခေါ်ကြတာတော့ @ " at sign" ဖြစ်ပါတယ်။
ဒါပေမယ့်သူမှာလည်းသမိုင်းကြောင်းလေးနဲ့ပါ။
ဘာပုံနှိပ်စက်များမှ မပေါ်ခင်မှာ ဟိုးအရင်တုန်းကပေါ့။ စာသမားပေသမားများဟာ
ဘာသာရေးနဲ့ ပတ်သက်တဲ့ စာတွေ ရေးကြပြီဆိုရင် လက်ကိုဘဲ အသုံးပြုကြရတယ်။ အဲ့ဒီ
အခါမှာ အင်္ဂလိပ်စာလုံးကို ရေးတဲ့ အခါ အတွန့်အတက်တွေနဲ့ပေါ့ ။ ကျွန်တော်တို့
မြန်မာလိုဆို ပန်းစာလုံးပုံစံမျိုးလေးတွေပါ။
လှလှပပပေါ့။ အဲလို ရေးတဲ့ အခါမှာ at ဆိုတဲ့စာလုံးကို အတွန့် အတက်များနဲ့
ရေး တဲ့ အခါ a ကို ရေးပြီးတာနဲ့ t ကိုသီးခြားမရေးတော့ဘဲ a ကနေ တဆက်တည်း
ပြန်ဝိုင်းလိုက်တယ်။ at ဟာ အများသုံးစာ လုံးဖြစ်တာကတစ်ကြောင်း သူ့ကို
ဒီအတိုင်းရေးရင် ( a + ထောင်လျက်+အချောင်း+ မျဉ်းတို) လို့ သုံးကြိမ်
ရေးရတာကို တကြိမ်တည်း နဲ့ ရေးလိုက်ရာကနေ ပုံသေစာလုံး
တစ်လုံးဖြစ်လာလို့ဆိုကြပါတယ်။
နောက်တခါ ဗဟုသုတအနေနဲ့ ပြောပြချင်တာကတော့ တခြား နိုင်ငံခြား နည်းပညာသိပ်ထွန်းကားတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေမှာ ဆိုရင် အဲ့ဒီ သင်္ကေတကို ထူးခြားတဲ့ သင်္ကေတအဖြစ် အမှတ်အသားထားကြတယ်။ အချို့က တိရစ္ဆာန် ငယ်ကလေးများဖြင့် တင်စားလို့ အမှတ်အသား ပြုကြပါတယ်။ ဥပမာ ရေးရရင်-
တရုတ် - (xiao laoshu) ကြွက်ကလေး (သို့) ကြွက်သင်္ကေတ ၊
ရုရှား- (sobachaka) - ခွေးသေးသေးလေး
ပိုလန်- (atka) မျောက်၊
ဟန်ဂေရီကတော့ (kukac) တီကောင် ၊
ကိုရီးယားတွေက (daseul-gi) - ခရု ၊
ပြင်သစ်တို့ကတော့ တစ်မျိုးခေါ်တယ်။ ( escargot) ပက်ကျိ ၊ သို့မဟုတ် ( queue de singe , a dans le rond) မျောက် ၊
ဂျာမန်ကတော့ ( klammeraffe) တွဲလွဲခိုနေတဲ့ မျောက်ကလေး ၊
ဟော်လန်ကတော့ (apen-staartje) မျောက်အမြီး ဆိုပြီး အသီးသီးချစ်စနိုးနဲ့ခေါ်ကြတယ်။
နောက်တစ်ခု အီးမေးလ်တွေ မတွင်ကျယ် မသုံးခင်ကတည်းက။ @ သင်္ကေတကို ပစ္စည်းများရဲ့ အလေးချိန်သတ်မှတ်ရာမှာလဲ အသုံးပြုခဲ့ကြတယ်။
ဥပမာ- ငှက်ပျောသီး ၁၀ လုံးကို ဒေါ်လာ ၅ ဒေါ်လာနဲ့ဝယ်တယ်ဆိုရင် တော့ - ငှက်ပျောသီး ၁၀လုံး @ $ ၁၀ လို့ ရေးကြတယ်။
ဒါလောက်ပါဘဲ။ ကွန်ပျူတာဆိုင်ရာ ဗဟုသုတတွေ များများရကြပါစေ။
Via; Myanmar Family
#သုတဇုန်
==========================
အီးမေးလ်လိပ်စာများမှာပါတဲ့
ဒါပေမယ့်သူမှာလည်းသမိုင်ြးေ
နောက်တခါ ဗဟုသုတအနေနဲ့ ပြောပြချင်တာကတော့ တခြား နိုင်ငံခြား နည်းပညာသိပ်ထွန်းကားတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေမှာ ဆိုရင် အဲ့ဒီ သင်္ကေတကို ထူးခြားတဲ့ သင်္ကေတအဖြစ် အမှတ်အသားထားကြတယ်။ အချို့က တိရစ္ဆာန် ငယ်ကလေးများဖြင့် တင်စားလို့ အမှတ်အသား ပြုကြပါတယ်။ ဥပမာ ရေးရရင်-
တရုတ် - (xiao laoshu) ကြွက်ကလေး (သို့) ကြွက်သင်္ကေတ ၊
ရုရှား- (sobachaka) - ခွေးသေးသေးလေး
ပိုလန်- (atka) မျောက်၊
ဟန်ဂေရီကတော့ (kukac) တီကောင် ၊
ကိုရီးယားတွေက (daseul-gi) - ခရု ၊
ပြင်သစ်တို့ကတော့ တစ်မျိုးခေါ်တယ်။ ( escargot) ပက်ကျိ ၊ သို့မဟုတ် ( queue de singe , a dans le rond) မျောက် ၊
ဂျာမန်ကတော့ ( klammeraffe) တွဲလွဲခိုနေတဲ့ မျောက်ကလေး ၊
ဟော်လန်ကတော့ (apen-staartje) မျောက်အမြီး ဆိုပြီး အသီးသီးချစ်စနိုးနဲ့ခေါ်ကြတယ
နောက်တစ်ခု အီးမေးလ်တွေ မတွင်ကျယ် မသုံးခင်ကတည်းက။ @ သင်္ကေတကို ပစ္စည်းများရဲ့ အလေးချိန်သတ်မှတ်ရာမှာလဲ အသုံးပြုခဲ့ကြတယ်။
ဥပမာ- ငှက်ပျောသီး ၁၀ လုံးကို ဒေါ်လာ ၅ ဒေါ်လာနဲ့ဝယ်တယ်ဆိုရင် တော့ - ငှက်ပျောသီး ၁၀လုံး @ $ ၁၀ လို့ ရေးကြတယ်။
ဒါလောက်ပါဘဲ။ ကွန်ပျူတာဆိုင်ရာ ဗဟုသုတတွေ များများရကြပါစေ။
Via; Myanmar Family
#သုတဇုန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။