သိုက်တူးမလို့ အဖိုးကြီးကိုလက်ထပ်ခဲ့ပေမယ့် ဘာတစ်ပြားမှမရဘဲ အရှုံးကြီးရှုံးခဲ့ရသူ
shared by knight on 27/12/16 - shwemom.com - အဖွဲ့အစည်း
Marchel Amphoux ဆိုတာက အလွန်ရုပ်ဆိုးတဲ့ အဖိုးကြီးဖြစ်ပါတယ်။ အကြောင်းကတော့ သူရဲ့ ထိုးထိုးထောင်ထောင် သွားတွေကြောင့် သူ့ကို ယူမယ့်သူ မရှိပါဘူး။ ဒါပေမယ့် သူကလည်း ရိုးစင်းစွာနေထိုင်ရင်း တူမလေး လာလာပို့တဲ့ ထမင်းလေး ဟင်းလေးကို စားပြီး အသက်ရှင်နေသူပါ။ မိန်းမလည်း ယူဖို့ စိတ်ကူးရှိသူ မဟုတ်ပါဘူး။
ရပ်ထဲရွာထဲ သွားလေ့မရှိတဲ့ Marchel ဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုလည်း အလွန်ကို နည်းပါးပါတယ်။ ရေတောင်မှ တစ်လနှစ်ခါလောက်သာ ချိုးလေ့ရှိတဲ့ အဖိုးပေတိပေစုတ်ကြီးကို ဘယ်သူက လက်ထပ်ချင်မှာဘဲ။ ဒါပေမယ့် သူ့မှာ ဖုန်းကွယ်ထားတဲ့ အချက်လည်း ရှိနေပါသေးတယ်။
သူဟာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ် ပြီး၊
မိဘတွေချန်ထားခဲ့တဲ့ လယ်တွေနဲ့ လယ်ငှားစားနေသူ ဖြစ်ပါတယ်။ ဒါကို
တစ်ရွာတည်းနေသူတွေက သိပေမယ့် သူရဲ့ ပုံဆိုးပန်းဆိုး ညစ်တီးညစ်ပတ်
နေပုံထိုင်ပုံနဲ့မို့ မြေငှားသူတွေထဲက မုဆိုးမ
တွေကတောင်မှ လက်ထပ်ဖို့ စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ထူးဆန်းတဲ့ လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။ Sandrine Devillard ဆိုတဲ့ လည်လည်ဝယ်ဝယ် အသက်လက်လက် အမျိုးသမီးတစ်ယောက်ပါ။ Marchel ရဲ့ နောက်ကြောင်းရာဇ၀င်တွေကို ပြည့်ပြည့်စုံစုံ သိလာခဲ့ပြီးမှ သူ့ကို စတင်မြှူဆွယ်ပါတော့တယ်။ မကြာခင်မှာ ၎င်းတို့ ချစ်သူ ဖြစ်သွားကြတယ်ဆိုပါတော့။
တကယ်တမ်း လက်ထပ်ပြီးတော့ Sandrine က အဖိုးအို Marchel နဲ့ အတူမနေပါဘူး။ မြို့ထဲမှာ သူမ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်း လေးခုကြောင့် မအားဘူးလို့ အကြောင်းပြခဲ့ပါတယ်။ နောက် မကြာခင်မှာပဲ Marchel ဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့ပါတယ်။ အကြံနဲ့ Sandrine ကတော့ ခင်ပွန်းသည် နေတဲ့ဆီကို ပြန်လာပြီး မြေငှားထားတဲ့သူတွေကို ပြုံးပြုံးလေးနဲ့ ခေါ်တွေ့ခဲ့ပါတယ်။
မြေတွေပေါ်မှာ နေထိုင်စိုက်ပျိုးခြင်းတွေ ချက်ချင်းရပ်တန့်ဖို့အကြောင်း၊ ဒီမြေတွေကို သူမက ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း
ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာက Sandnrien ဘက်မှာ ရှိမနေပါဘူး။ အဖိုးကြီးက မကွယ်လွန်ခင်ကတည်းက သေတမ်းစာ ရေးသားခဲ့တာကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှေ့နေရှေ့ရပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီသေတမ်းစာဟာ တရားရုံးမှာ အကူအညီပေးခဲ့ပြီး သေသူရဲ့ဆန္ဒအရ မြေငှားရမ်းထားသူတွေဟာ လက်ရှိ နေမြဲ ငှားမြဲအတိုင်း နေစေရမည်လို့ ဖော်ပြထားသလို၊ သူ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကိုလည်း သူ့ကို အမြဲလိုလို ပြုစုစောင့်ရှောက်တဲ့ တူမလေးကို အပြီးလွဲခဲ့ကြောင်း ရေသားထားလို့ အကြံနဲ့သိုက်တူးဖို့ ချဉ်းကပ်ခဲ့တဲ့ Sandrine အတွက်တော့ မဟာအရှက်ကွဲမှုကြီး ဖြစ်ခဲ့ပါကြောင်း။ (သူမဟာ အဖိုးကြီးကို ချဉ်းကပ်စဉ်က ချစ်ကြောင်းကြိုက်ကြောင်း ယုတ္ထိရှိဖို့ MTV ဗွီဒီယိုပုံစံကိုတောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။)
နတ်စည်တော် (Shwemom)
source : viral4real.com
shared by knight on 27/12/16 - shwemom.com - အဖွဲ့အစည်း
Marchel Amphoux ဆိုတာက အလွန်ရုပ်ဆိုးတဲ့ အဖိုးကြီးဖြစ်ပါတယ်။ အကြောင်းကတော့ သူရဲ့ ထိုးထိုးထောင်ထောင် သွားတွေကြောင့် သူ့ကို ယူမယ့်သူ မရှိပါဘူး။ ဒါပေမယ့် သူကလည်း ရိုးစင်းစွာနေထိုင်ရင်း တူမလေး လာလာပို့တဲ့ ထမင်းလေး ဟင်းလေးကို စားပြီး အသက်ရှင်နေသူပါ။ မိန်းမလည်း ယူဖို့ စိတ်ကူးရှိသူ မဟုတ်ပါဘူး။
ရပ်ထဲရွာထဲ သွားလေ့မရှိတဲ့ Marchel ဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုလည်း အလွန်ကို နည်းပါးပါတယ်။ ရေတောင်မှ တစ်လနှစ်ခါလောက်သာ ချိုးလေ့ရှိတဲ့ အဖိုးပေတိပေစုတ်ကြီးကို ဘယ်သူက လက်ထပ်ချင်မှာဘဲ။ ဒါပေမယ့် သူ့မှာ ဖုန်းကွယ်ထားတဲ့ အချက်လည်း ရှိနေပါသေးတယ်။
သူဟာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်
တွေကတောင်မှ လက်ထပ်ဖို့ စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ထူးဆန်းတဲ့ လူတစ်ယောက်ပေါ်လာခဲ့ပါတယ်။ Sandrine Devillard ဆိုတဲ့ လည်လည်ဝယ်ဝယ် အသက်လက်လက် အမျိုးသမီးတစ်ယောက်ပါ။ Marchel ရဲ့ နောက်ကြောင်းရာဇ၀င်တွေကို ပြည့်ပြည့်စုံစုံ သိလာခဲ့ပြီးမှ သူ့ကို စတင်မြှူဆွယ်ပါတော့တယ်။ မကြာခင်မှာ ၎င်းတို့ ချစ်သူ ဖြစ်သွားကြတယ်ဆိုပါတော့။
တကယ်တမ်း လက်ထပ်ပြီးတော့ Sandrine က အဖိုးအို Marchel နဲ့ အတူမနေပါဘူး။ မြို့ထဲမှာ သူမ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်း လေးခုကြောင့် မအားဘူးလို့ အကြောင်းပြခဲ့ပါတယ်။ နောက် မကြာခင်မှာပဲ Marchel ဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့ပါတယ်။ အကြံနဲ့ Sandrine ကတော့ ခင်ပွန်းသည် နေတဲ့ဆီကို ပြန်လာပြီး မြေငှားထားတဲ့သူတွေကို ပြုံးပြုံးလေးနဲ့ ခေါ်တွေ့ခဲ့ပါတယ်။
မြေတွေပေါ်မှာ နေထိုင်စိုက်ပျိုးခြင်းတွေ ချက်ချင်းရပ်တန့်ဖို့အကြောင
ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာက Sandnrien ဘက်မှာ ရှိမနေပါဘူး။ အဖိုးကြီးက မကွယ်လွန်ခင်ကတည်းက သေတမ်းစာ ရေးသားခဲ့တာကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှေ့နေရှေ့ရပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီသေတမ်းစာဟာ တရားရုံးမှာ အကူအညီပေးခဲ့ပြီး သေသူရဲ့ဆန္ဒအရ မြေငှားရမ်းထားသူတွေဟာ လက်ရှိ နေမြဲ ငှားမြဲအတိုင်း နေစေရမည်လို့ ဖော်ပြထားသလို၊ သူ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကိုလည်း သူ့ကို အမြဲလိုလို ပြုစုစောင့်ရှောက်တဲ့ တူမလေးကို အပြီးလွဲခဲ့ကြောင်း ရေသားထားလို့ အကြံနဲ့သိုက်တူးဖို့ ချဉ်းကပ်ခဲ့တဲ့ Sandrine အတွက်တော့ မဟာအရှက်ကွဲမှုကြီး ဖြစ်ခဲ့ပါကြောင်း။ (သူမဟာ အဖိုးကြီးကို ချဉ်းကပ်စဉ်က ချစ်ကြောင်းကြိုက်ကြောင်း ယုတ္ထိရှိဖို့ MTV ဗွီဒီယိုပုံစံကိုတောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။)
နတ်စည်တော် (Shwemom)
source : viral4real.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။