Ye Myat Thu
ငယ်ငယ် ကျောင်းသာဘဝက ဖတ်ခဲ့ ဘူးတဲ့ အမှတ်ရနေတဲ့ စာအုပ်တစ်အုပ် ရှိတယ်။ အောင်ဝင်း(စိတ်ပညာ) ဘာသာပြန်ထားတဲ့ “ ချမ်းသာကြွယ်ဝခြင်း အကြောင်း အရင်း" လို့ မှတ်မိနေတယ်။ အဲဒီစာအုပ်မှာ သန်းကြွယ် သူဌေးဖြစ်တဲ့ သံမဏိလုပ်ငန်းပိုင်ရှင် သူဌေးကြီး အင်ဒရူး ကာနက်ဂျီက သူဘာလို့ ချမ်းသာ သလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုရာမှာ မှတ်မိသလောက် ပြန်ပြောရရင်
ကျွန်တော် သိသလောက် လူတွေက သံမဏိကို အသုံးချလာကြတယ် အရေးပါလာတယ် ဒီတွက် လူများစု သံမဏိကို အရည်အသွေးကောင်းကောင်းကို ဈေးသက်သက်သာသာ နဲ့ ရနိုင်အောင် ကြိုးစားခဲ့တယ်။ကျွန်တော်က ဒီလိုဖြစ်အောင် လုပ်ပေးတဲ့ အတွက် သုံးစွဲသူတွေက ကျွန်တော်ပစ္စည်းကို အားပေးကြရင်း လုပ်ငန်း ကြီးထွားလာပြီး ကြွယ်ဝချမ်းသာလာတယ်လို့ ဆိုတယ်။
ဆက်တွေးမိတာက ဂျိမ်းဝပ်က ရေနွေးအိုးဆူတာက နေ ရေနွေးငွေ့အင်ဂျင်ဆိုတာ
ဖြစ်လာပြီး စက်မှု့ တော်လှန်ရေးတစ်ခုဖြစ်လာရာမှာ အရင်က လက် ယက်ကန်း တွေ
လူအား တိရစ္ဆာန်အားတွေ မသုံးဘဲ အင်ဂျင်ကို သုံးဖြစ်တယ်။ မီးသေဘာၤေတြ
မီးရထားတွေ စဖြစ်လာတယ်။ အများစုဘဝတွေ အဆင်ပြေသွားပြီး အရင်က ခက်နေတာတွေ
လွယ်ကူလာတယ်။
အလားတူဘဲ ဟင်နရီဖို့ က မော်တော်ကားကို တစ်ခုချင်းလုပ်တာမှာ အချိန်ကြာတာ ကျွမ်းကျင်မှု့လိုတာ တွေက နေ လိုင်းနဲ့ ဆင်တဲ့ စနစ်ထွင်ပြီး ဖို့ ကားကို ဆင်တူအများကြီးထုတ်တော့ အပိုပစ္စည်းပြဿနာတွေ ရှင်းပြီး ထုတ်လုပ်စားရိတ်ကျလာတယ် ကုန်ထုတ်လုပ်မှု့ တစ်ခေတ်ပြောင်းခဲ့ပြီး သူလည်း ကြွယ်ဝလာခဲ့ဘူးတယ်။
ဂျပန် တိုယိုတာ အဖိုးကြီးခေတ်ရောက်တော့ ပစ္စည်းတွေ ပိုပြီး ဂိုထောင်တွေမှာ ပုံနေတဲ့ပြဿနာ နေရာပြဿနာ ကုန်ပစ္စည်းတွေ ထိမ်းသိမ်းရတဲ့ ပြဿနာတွေ ရှင်းဖို့ Just in Time ဆိုတဲ့ လိုတဲ့ အချိန် လိုသလောက် ထုတ်တဲ့ စနစ်တွေ ထွက်လာခဲ့ပြီး ဂျပန်က အမေရိကန်ကို ၁၉၇၀-၁၉၈၀၀ပြည်လွန်နှစ်တွေမှာ ကားစစ်ပွဲမှာ နိုင်အောင် တိုက်နိုင်ခဲ့တယ်။
တကယ် တော့ ကြွယ်ဝလာသူတွေဆိုတာ အလုပ်ကို ၂ဆလုပ်တဲ့ သူတွေထက် မူလက ထက် ပစ္စည်းကို ပိုစားရိတ်သက်သာပြီး ထုတ်နိုင်အောင် နဲ့ ဈေးချင်းတူရင် ပိုကောင်းအောင် ထုတ်နိုင်ကြပြီး ဈေးကွက်က လက်ခံကြိုက်နှစ်သက် အားပေးလို့ ယှဉ်ပြိုင် အနိုင်ရတဲ့ စနစ်ကို ဖန်တီးနိုင်သူတွေ ဆိုတာ တွေ့လာရတယ်။
စစ်အေးခေတ်ကြီးပြီးတော့ အင်တာနက်ဆိုတာကြီးကို အများသုံးဖို့ ဖြစ်လာတယ်။ မတိုင်ခင်ကလေးမှာ ကွန်ပျူတာကြီးတွေ ဆိုတာ ရှိပေမဲ့ အလွန်ဈေးကြီးတယ် စွမ်းအင်လိုတယ် ကိုင်တွယ်ရခက်ခဲခဲ့တယ်။ ဘီဂိတ်တို့ ခေတ်မှာ ကွန်ပျူတာ တစ်နာရီကိုငိခကို က ဒေါ်လာ ၅၀၀ ကျော် ရှိနေချိန်မှာ သူက ကွန်ပျူတာကို စားပွဲပေါ်တင်နိုင်တဲ့ အရွယ် ဖြစ်ရမယ် အိမ်တိုင်းထားနိုင်က လူတိုင်းကိုင်နိုင်ရမယ် ဈေးက ဒေါ်လာ ၅၀၀ အောက်နဲ့ ရရမယ်လို့ သူ ပြောခဲ့တယ် သူမှာ ဗစ်ရှင်း ရှိတယ် လမ်းကြောင်းသိတယ် နောက်ဆုံး တစ်ကကယ်လုပ်နိုင်ခဲ့ ရာက ဒီနေ့ဆိုရင် သူပြောတာထက် ဈေးပေါ့ သေးငယ်ပြီး ကမ္ဘာမှာ မရှိမဖြစ် နေရာတကာပါလာတယ်။
IBM ခေတ်က Software ဆိုတာ လုပ်ငန်းကြီးတွေက လိုသလို အပ်ကြရတယ် စက်ပစ္စည်း ဒိုင်ဇိုင်းက အစ ရေးတဲ့ ဆော့ဝဲအဆုံး အပ်သူက စာရိတ်ခံရတော့ အတော်စားရိတ်ကြီးတယ်။ ဒါကိုဘီဂိတ်ခေတ်မှာ OS ကို ရော PC ကို ပါ အများကြီးထုတ်သလို Software ကို အပိုင်သဘောမျိုးမဟုတ်ဘဲ ငှားတဲ့ ပုံ တီထွင်နိုင်ခဲ့တယ်။ ပြောရရင် သူ ဒီလို နဲ့ အများ သက်သာအောင် အဆင်ပြေအောင် တီထွင်ရင်း အချမ်းသာဆုံး သူဖြစ်လာတယ်။
အရင်ခေတ်က သူ ဘာလို့ ဈေးပေါမယ်ပြောတာလည်း အဲဒီအချိန်က နားမလည်းခဲ့ပေမဲ့ တစ်လောက အာဆီယမ် ဉာဏမူပိုင်ခွင့် ဥက္ကဋ္ဌ လာတုန်းက ပြောသလို ဒီလို အီလက်ထရွန်နစ်ပစ္စည်း တွေ မိုဘိုင်းဖုန်းတွေမှာ တန်ဘိုးရဲ့ ၉၈% က IP cost လို ပြောတယ် Software ရော Chip Design ကို ရေးတာရောက တကယ်တော့ အတွေးဖန်တီးမှု့ တန်ဘိုးဖြစ်ပြီး ပစ္စည်း ကုန်ကြမ်း က ဘာမှမတန်ဘူးဆိုတာ သိလာရတယ်။
ဒီလိုဘဲ အင်တာနက် ပေါ် ကြည့်စရာများလာတဲ့ ခေတ် ရှာဖွေရေး ကို ကောင်းကောင်း လုပ်ပြီး ကူနိုင်ခဲ့တဲ့ အလကား ပေရှာတဲh Google က လုပ်ငန်းကြီးဖြစ်လာတယ်။
ဈေးကြီးတဲ့ နိုင်ငံတကာ ဖုန်းဆက်သွယ်ရေးကို ပေါအောင် လွယ်အောင် လုပ်ပေးပြီး လူသားတွေကို အကျိုးပြုတဲ့ Skype က ထောင်တက်လာတယ်။
အင်တာနက်ကြီးကိုယ်တိုင်က WEB 2.0 WEB 3.0 တွှေမှာ အများက အများကို လိုချင်တာပေးနိုင်တဲ့နေရာဖြစ်လာပြီး အရေးပါလာတယ်။ အချင်းချင်းဆက်သွယ်တဲ့ Forum တွေက နေ Social Media တွေကို ဖန်တီးသုံးစွဲစေပြီး အဆင်ပြေအောင် ကူညီလုပ်ကိုင်ပေးတဲ့ မတ်ဇူဂာဘတ်u FaceBook ကို ထွင်ပြီး သူဌေးဖြစ်သွားတယ်။ သူရဲ့ စေတနာအားကလည်းမသေးဘူး မကြာသေးခင်ကဘဲ သူ့သမီးမွေးအပြီးမှာ သူပိုင်တဲ့ ရှယ်ယာ ၉၉% ကို နောင်မျိုးဆက်အတွက် သုံးမယ် ကြေငြာလိုက်တယ်။
ဘီဂိတ်ကလည်း ဂိတ်ဖောင်ဒေးရှင်းထောင်ပြီး လူသားအများစု တကယ် အကျိုး ရှိမဲ့ ထိရောက်မဲ့ နေရာတွေကို လှူတာ သုတေသနတွေ လုပ်ပြီး အခမဲ့မျှဝေတာတွေ လုပ်တာတွေ တွေ့ရတယ်။
အချမ်းသာဆုံးဌေးကြီး တစ်ဦးဖြစ်တဲ့ ဝါရင်ဘတ်ဖေးကလည်း ဘေးဂိတ်ဆီကို သူပိုင်ငွေ တစ်ဝ်လောက် ထည့်လှူတယ်။ ဇိမ်ခံပစ္စည်းတွေ နဲ့ လူကြားအထင်ကြီးအောင် ကြွားဖို့ လောဘဇောတိုက်ပြီး အဘနှဖူး သိုက်တူးရတူးရ သူတွေ နဲ့ သားရေပေါ်အိပ်သားရေနားစား သဘာဝပတ်ဝန်းကျင်ဖျက်ပြီး ချမ်းသာလိုသူတွေ နဲ့ အနှစ်သာရ ကွာတာတွေ့လိုက်ရတယ်။
တကယ်တော့ ကြွယ်ဝချမ်းသာစေချင်ရင် အများလိုတာတွေ ရအောင် လုပ်ပြီး ပေးဆပ်ရမဲ့ မူလအသိက အခုမှတွေ့ရှိ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ လှူရင်ချမ်းသာမယ် ဆိုပြီး ပြောနေကြတာဟာ တကယ်တော့ ညောင်စေတွေ ညောင်ပင်တွေ ပြောစရာမလိုဘဲ နတ်ဖြစ်ချင်လို့ သူဌေးဖြစ်ချင်လို့ လောဘ နဲ့ ပေးကမ်းနေကြတာတွေ က ဖုံးအုပ်ထားလို့ ပါ။
တကယ်က တရားတော်မှာက ရှင်းပါတယ် သူများကို ရစေချင်စိတ် အလောဘ စိတ်က ရစေတတ်တဲ့ အကျိုး ကို ပေးတာပါ။ ချမ်းသာရခြင်း အကြောင်းအရင်းကို က ပေးဆပ်ချင်စိတ်ပါ ပေးထားတဲ့ ပစ္စည်းပမာဏလို့ မထင်ပါဘူး။
ဆဋ္ဌသင်္ဂါယနာတင်တဲ့အချိန်တုန်းက မဟာစည်ဆရာတော်ကြီးကမေး တိပိဋက ဆရာတော်ကြီးကဖြေခဲ့ တဲ့ပရိပဏ္ဏာသပါဠိတော် - ဝိဘင်္ဂဝဂ် ထဲက - စူဠကမ္မဝိဘင်္ဂသုတ် မှာကြည့်ရင် သူက
အသျှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင် ရပါကုန်၏၊ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင် ရပါကုန်၏၊ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ အနာရောဂါ ကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံ မရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ စည်းစိမ်ဥစ္စာ နည်းသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ စည်းစိမ်ဥစ္စာ များသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာရှိသော လူတို့ကိုလည်းတွေ့မြင်ရပါကုန်၏၊ အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း ဟု လျှောက်ထားခဲ့ပါတယ်။
အဲဒီအဖြေကို မဟာစည် ဆရာတော်ကြီးက ဒီလို စပ်ဆိုထားတာ လေးကြားဘူးတယ်။
(၁) သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်။
(၂) ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။
(၃) ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။
(၄) မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။
(၅) မပေးလှူက၊ မွဲပြာကျ၊ လှူကပေါကြွယ်သည်။
(၆) မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။
(၇) မမေးမမြန်း၊ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။
(၈) ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။
(၉) ကောင်းဆိုး နှစ်တန်၊ ကံစီမံ၊ ခံ စံကြရသည်။
ဆိုပြီး ဟောတယ်။
သဘောက တော့ ဒီ ၉ ချက်ကို ပြန် ကြည့်ရင် သတိထားမိစေမှာက ကိုယ့်ရဲ့ စိတ်စေတနာက သူများအပေါ် ဖြစ်တဲ့ ကံ စေတနာက ကိုယ့်ရဲ့ အကျိုးပေးကို ပြန်ဖြစ်တယ်ဆိုတာပါဘဲ။ ဒါ့ကြောင့် ပေးကမ်းရာမှာ လောဘစိတ်နဲ့ မလှူကြဖို့ ဆရာတော်ကြီးတွေက အမြဲသတိပေးတိုက်တွန်းနေကြတာပေါ့။
ပြန်ချုပ်ရရင် ချမ်းသာစေချင်ရင် သူတပါးကို အများကို ချမ်းသာအောင် ပြည့်စုံအောင် စေတနာနဲ့ ကြိုးစား ဖန်တီး ရမယ်ဆိုတဲ့ အသိ ရမိတယ်။ စီးပွားရေးလုပ်ရင်လည်း အမြတ်ရဖို့ တဲ့ စားသုံးသူတွေ အဆင်ပြေစေဖို့ ကိုယ်အလုပ်သမားတွေ တိုးတက်စေဖို့ ကိုယ်ပတ်ဝန်းကျင် မပျက်စီးဘဲ ကောင်းမွန်စေဖို့ ဆိုတာတွေ ကို ကြိုးစားဖန်တီးရင် ကြွယ်ဝချမ်းသာတယ်ဆိုတာ တရားတော်အရ တင်မဟုတ်ပါဘူး စီးပွာရးပညာ MBA တန်းတွေက ဖတ်စာအုပ်တွေမှာလည်း ဒါတွေဘဲ ပြောပါတယ်။ တကယ်တော့ ဒါဟာ ဘာသာရေး အဆုံးအမတစ်ခုသာမဟုတ်ပါဘူး လောက ရဲ့ အစစ်အမှန်တရား ဓမ္မတစ်ခုပါ။ ဒါကြောင့် ဘာဖြစ်ချင်ရင် ဘာတွေကို ဘယ်လိုစိတ်ထားပြီး ဘယ်လောက်ထိကြိုးစား ရမယ်ဆိုတာ တကယ်ခံယူချက်နဲ့ နားလည်သဘောပေါက်ပြီး ကြိုးစားစေကြနိုင်စေချင်ပါတယ်။ ဓမ္မသဘောကို သိပြီင်္းရင်တော့ သူများဆီက ပေးလာမှာ ရလာမှာကို မျှော်ကိုးတာထက် ဖန်တီးယူနိုင်ကြသူတွေ ဖြစ်စေချင်ပါတယ်။ အသိအလင်းတစ်ခု အားလုံး ဉာဏ်မှာ ပေါ်နေနိုင်စေချင်ပါတယ်။ မိတ်ဆွေ အားလုံး
သုခီအတ္တာနံ ပရိဟရန္တု
မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်ကြပါစေ။
ကိုယ်ရဲ့ ကံ ဟာ ကိုယ်လုပ်ခဲ့ တာတွေ ပါဘဲ ဆိုတာ သတိ ရှိစေချင်မိပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။