Khant Naing
လရဲ့အလင်းရောင်ကို
လူတိုင်းကြိုက်တယ်
"အေးမြလို့"
သူခိုးတွေတော့မကြိုက်ဘူး
"ခိုးမရလို့"
သူခိုးဆိုတာ အမှောင်အမိုက်ကိုပဲ
လိုလားတယ်
ဒါကြောင့်....
ပြည့်ပြည့်ဝန်းဝန်း လကိုမြင်တိုင်း
စိတ်ဆိုးတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို
လူတိုင်းချစ်တယ်
"ကြင်နာတတ်လို့"
ကြံ့ဖွတ်တွေတော့မကြိုက်ဘူး
"ဂွင်ရှာမရလို့"
ကြံ့ဖွတ်ဆိုတာ
ဂွင်ဖန်ဖို့ပဲ လိုလားတယ်
ဒါကြောင့်
အဂတိ ကင်းစင်တဲ့အစိုးရကိုမြင်တိုင်း
စိတ်ဆိုးတယ် ။
ကြံ့ဖွတ်အစိုးရ ဆင်းခါနီးတုန်းက
ဘာကြောင့်နောက်ကြောင်းပြန်
အရေးမယူရ ဥပဒေပြဌာန်းခဲ့သလဲ..?
"အဓိက က နောက်ကြောင်းမလုံလို့ပေါ့"
နောက်ကြောင်းဘာကြောင့်မလုံသလဲ?
"အဓိက က နောက်ကြောင်းမကောင်းလို့ပေါ့"
နောက်ကြောင်းဘာကြောင့် မကောင်းသလဲ?
"အဓိက က နောက်ကြောင်းမှာ သူ့ထက်သူသာအောင် လက်စွမ်းပြ ခိုးခဲ့ကြလို့ပေါ့"
"ဇီးသီးဗန်းမှောက်ခဲ့လို့ပေါ့"
နောက်ကြောင်းသာလုံခဲ့ရင်
နောက်ကြောင်းကို ကာစရာအကြောင်းမရှိ
နောက်ကြောင်းကိုကာတယ်ဆိုကတည်းက နောက်ကြောင်းမလုံတာ ထင်ရှား၏
ဒါကြောင့်...
ကြံ့ဖွတ်မှန်သမျှ ပီဘိသူခိုးသာဖြစ်၏
"လ"ကို သူခိုးမုန်း၏
"ဒေါ်အောင်ဆန်းစုကြည်"ကို
ကြံ့ဖွတ်မုန်း၏
အဓိက က....
ခိုးမရလို့သာ ဖြစ်တော့၏ ။
paradise falls
လိုလားတယ်
ဒါကြောင့်....
ပြည့်ပြည့်ဝန်းဝန်း လကိုမြင်တိုင်း
စိတ်ဆိုးတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို
လူတိုင်းချစ်တယ်
"ကြင်နာတတ်လို့"
ကြံ့ဖွတ်တွေတော့မကြိုက်ဘူး
"ဂွင်ရှာမရလို့"
ကြံ့ဖွတ်ဆိုတာ
ဂွင်ဖန်ဖို့ပဲ လိုလားတယ်
ဒါကြောင့်
အဂတိ ကင်းစင်တဲ့အစိုးရကိုမြင်တိုင်း
စိတ်ဆိုးတယ် ။
ကြံ့ဖွတ်အစိုးရ ဆင်းခါနီးတုန်းက
ဘာကြောင့်နောက်ကြောင်းပြန်
အရေးမယူရ ဥပဒေပြဌာန်းခဲ့သလဲ..?
"အဓိက က နောက်ကြောင်းမလုံလို့ပေါ့"
နောက်ကြောင်းဘာကြောင့်မလုံသလဲ?
"အဓိက က နောက်ကြောင်းမကောင်းလို့ပေါ့"
နောက်ကြောင်းဘာကြောင့် မကောင်းသလဲ?
"အဓိက က နောက်ကြောင်းမှာ သူ့ထက်သူသာအောင် လက်စွမ်းပြ ခိုးခဲ့ကြလို့ပေါ့"
"ဇီးသီးဗန်းမှောက်ခဲ့လို့ပေါ့"
နောက်ကြောင်းသာလုံခဲ့ရင်
နောက်ကြောင်းကို ကာစရာအကြောင်းမရှိ
နောက်ကြောင်းကိုကာတယ်ဆိုကတည်းက နောက်ကြောင်းမလုံတာ ထင်ရှား၏
ဒါကြောင့်...
ကြံ့ဖွတ်မှန်သမျှ ပီဘိသူခိုးသာဖြစ်၏
"လ"ကို သူခိုးမုန်း၏
"ဒေါ်အောင်ဆန်းစုကြည်"ကို
ကြံ့ဖွတ်မုန်း၏
အဓိက က....
ခိုးမရလို့သာ ဖြစ်တော့၏ ။
paradise falls
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။