Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 25, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့် ခွန်း


National League for Democracy added 4 new photos to the album: မြန်မာကင်းထောက်ရာပြည့်.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့် ခွန်း
---------------------------------------------------------
ရန်ကုန် ဒီဇင်ဘာ ၂၃ ။
မြန်မာကင်းထောက်ရာပြည့်အခမ်းအနားကိုံနက် ၉ နာရီခွဲတွင် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ပြီး ဂုဏ်ပြု အမှာစကားပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိငယ်စဉ်က ကင်းထောက် ၀တ်စုံဝတ်ပြီး ကင်းထောက်အဖွဲ့တွင် အတူတူပါဝင်ခဲ့သည့် မိတ်ဆွေများ နှင့် ယခုကဲ့သို့အတူ မရပ်ခဲ့ရသည်မှာ အနှစ်ငါးဆယ်ကျော်သွားပြီ ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ကင်းထောက်များ၏ စိတ်ဓါတ်များ ရှင်သန်နေသေးသည်ကို တွေ့ရသည့် အတွက် ၀မ်းမြောက်မိပါကြောင်း။

ကင်းထောက်လူငယ်များ၏ လှူပ်ရှားမှုဆိုသည်မှာ လူငယ်များ စိတ်ဓါတ် ဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်ရေးနည်းတစ်မျိုးပင် ဖြစ်ပါကြောင်း၊ ကောင်းသည့် ကိစ္စများကို အားလုံးအတူတူဝိုင်းဝန်းဆောင်ရွက်ခြင်းသည် တစ်ဘ၀အတွက် ခိုင်မြဲသည့် မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များရှာဖွေခြင်းပင်ဖြစ်ပါကြောင်း၊ ကောင်းသည့် ကိစ္စများ ကို အတူတူ လုပ်ဆောင်ခြင်းထက် ပို၍ ခိုင်မြဲနိုင်သည့် အဆက်အသွယ်မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကင်းထောက်လူငယ်မောင်မယ်များ ယခုကဲ့သို့စုစည်းနိုင်သည့် အခြေအနေ ပြန်လည်ရောက်ရှိလာသည်ကို ၀မ်းမြောက်မိပါကြောင်း။
ကင်းထောက်တစ်ယောက်အနေဖြင့် ငယ်ငယ်ကတည်းက သင်ပေးလိုက်သည့် စံနှုန်း၊ စံထားများသည် တစ်ဘ၀စွဲလန်း သွားနိုင်ပါကြောင်း၊ ထိုစံနှုန်းစံထားများဖြင့် မိမိကိုယ်တိုင် အတွက်သာမက မိမိတို့ အသိုင်းအ၀န်းအတွက် ၊ နိုင်ငံအတွက် ၊ ကမ္ဘာ အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ကင်းထောက်လှုပ်ရှားမှုဆိုသည်မှာ တစ်ကမ္ဘာလုံးဖြင့် သက်ဆိုင်သည့် လှုပ်ရှားမှု ဖြစ်ပါကြောင်း ၊ နိုင်ငံတစ်နိုင်ငံတည်းနှင့် သက်ဆိုင်သည့် လှုပ်ရှားမှု မဟုတ်ပါကြောင်း၊ သို့သော် နိုင်ငံတစ်ခုချင်း၏ ကောင်းကျိုး ပြုမှုသည် တစ်မ္ဘာလုံးကို အကျိုးပြုနိုင်သကဲ့သို့ တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်နေသည့် ကိစ္စအရပ်ရပ်သည်လည်း နိုင်ငံတစ်ခုချင်းစီကို ထိရောက်မှုရှိပါကြောင်း။
မိမိတို့ ကင်းထောက်မောင်မယ်များသည် အနာဂတ်ကို ရှေးရှုပြီး သွားကြစေ လိုပါကြောင်း၊ မိမိတို့ ငယ်စဉ်ကတည်းက စည်းစည်းလုံးလုံးနေထိုင်ခဲ့သည့် စိတ်ဓါတ် များသည် ယခုထိတိုင်ရှင်သန်နေဆဲဖြစ်ပါကြောင်း၊ ကင်းထောက်များသည် မိမိတို့ ကျင့်ဝတ်များကို လိုက်နာကြရပြီး ဆောင်ပုဒ်မှာ အမြဲပဲအဆင်သင့်ရှိရမည် ဖြစ်ပါ ကြောင်း၊ အမြဲအဆင်သင့်ရှိရမည် ဆိုသည်မှာ ဘ၀တွင် ဘယ်လိုစိန်ခေါ်မှုများပင် ရှိစေကာမှု အဆင်သင့်ရှိနိုင်ရန်၊ ရင်ဆိုင်ရန်ပင်ဖြစ်ပါကြောင်း၊ ဘ၀တွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် နည်းလမ်းအမျိုးမျိုးရှိရာ နည်းမှန်၊ လမ်းမှန်ကိုရွေးနိုင်ရန် အဓိကကျပါ ကြောင်း။
မှန်ကန်သည့်နည်းဖြင့် ရင်ဆိုင်နိုင်ပါက မိမိတို့အကျိုးအတွက်သာမက မိမိတို့ ပတ်ဝန်းကျင် အကျိုးအတွက်လည်း ဖြစ်ပါကြောင်း၊ အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းသည် တစ်နည်းအားဖြင့် အတ္တစိတ်ကို တော်လှန်ခြင်းပင်ဖြစ်ပါကြောင်း၊ လူသားဖြစ်လာပါက အတ္တနှင့် မကင်းနိုင်ပါကြောင်း၊ သို့သော် အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ရန် လိုပါကြောင်း၊ အတ္တသည် မိမိတစ်ယောက်တည်းအတွက် တွေးခြင်းဖြစ်ပြီး မေတ္တာသည် အများအတွက် တွေးခြင်းဖြစ်ပြီး ကိုယ်လုပ်သည့် ကောင်းကျိုးကို မျှဝေလိုသည့်စိတ်ပင် ဖြစ်ပါကြောင်း။
မိမိတို့ ကင်းထောက်လူငယ်များသည် ကင်းထောက်လုပ်ငန်းများအတူ လုပ်ဆောင်ရင်း မေတ္တာပွားနိုင်ခြင်းသည် အတ္တစိတ်ကို မေတ္တာဖြင့် လွှမ်းခြုံနိုင်သည့် သဘောပင် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေ သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အားလုံးဝိုင်းဝန်းလုပ်ဆောင်မှ ငြိမ်းချမ်းရေး ရနိုင်မည်ဖြစ်ပြီး မိမိတို့ နိုင်ငံ ငြိမ်းချမ်းမှ မိမိတို့ဒေသ ငြိမ်းချမ်းမည်၊ မိမိတို့ဒေသ ငြိမ်းချမ်းမှ ကမ္ဘာကြီး ငြိမ်းချမ်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ကင်းထောက်လူငယ်များ၏ သီချင်းတွင် ကောင်းသည့် စိတ်နေစိတ်ထားများ မွေးမြူရန် တိုက်တွန်းထားသည်ကိုတွေ့ရပါကြောင်း၊ ထိုသီချင်း၏ အဓိပ္ပါယ်သည် လေးနက် ပါကြောင်း၊ ကင်းထောက်မောင်မယ်များသည် ထိုသီချင်းမှ သင်ခန်းစာများစွာ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အနှစ်တစ်ရာ တည်တံ့ခိုင်မြဲခဲ့သည်မှာ ထိုစိတ်ဓါတ်များ ကြောင့်ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ငယ်စဉ်က ကင်းထောက်များသည် အတူယှဉ်တွဲကာ တစ်ပတ်တစ်ကြိမ်၊ သို့မဟုတ် နှစ်စဉ် တောစခန်းထွက်လေ့ရှိပါကြောင်း၊ တောစခန်း ထွက်ခြင်းသည် လူငယ်များအတွက် ပျော်ရွှင်ဖွယ်ဖြစ်သကဲ့သို့ သင်ယူနိုင်သည့် အခွင့်အရေးလည်း များစွာရရှိပါကြောင်း ။
မိမိတို့ လူငယ်ကင်းထောက်များသည် စာမေးပွဲများကို တစ်ဆင့်ချင်း ဖြေဆို သွားကြ ရပါကြောင်း၊ မိမိတို့ ငယ်စဉ်က သမ္မတကင်းထောက်များဆိုသည့်အဖွဲ့ကို ဖွဲ့ခဲ့ပါကြောင်း၊ မိမိသည် ပထမဆုံးစာမေးပွဲဖြေဆိုအောင်မြင်သည့်လေးယောက်တွင် ပါဝင်ခဲ့ပါကြောင်း၊ အသက် တစ်ဆယ့်ငါးနှစ်တွင် အိန္ဒိယသို့ ပြောင်းရွှေ့ခဲ့သည့်အတွက် ကင်းထောက်လှုပ်ရှားမှုများတွင် ဆက်လက်မပါဝင်တော့သော်လည်း ကမ္ဘာတစ်ဝန်းမှ ကင်းထောက်များနှင့် အဆက်အသွယ်ပြတ်သွားသည်တော့ မဟုတ်ပါကြောင်း၊ ထိုသို့ မပြတ်သွားခြင်းသည် အခြေခံအားဖြင့် ရဲဘော်၊ ရဲဘက်စိတ်ကိုခိုင်ခံ့အောင် ထူထောင် ခဲ့သည့်အတွက် ဖြစ်ပါကြောင်း။
ကင်းထောက်လှုပ်ရှားမှုဆိုသည်မှာ လူငယ်များ၏ လှုပ်ရှားမှု ဖြစ်ပါကြောင်း၊ အရေး အကြီးဆုံး တစ်ခုက အတ္တစိတ်ကို ကျော်လွှားမှုပင်ဖြစ်ပါကြောင်း၊ အချင်းချင်းကြား မေတ္တာပွားရင်း ရဲဘော်ရဲဘက်စိတ်ကို ခိုင်ခံ့အောင် ထူထောင်ခြင်းဖြစ်ကြောင်း၊ ရဲဘော် ရဲဘက်စိတ်သည် သွေးသားရင်းကဲ့သို့ နီးကပ်စေပြီး အေးအတူပူအမျှ ၀ိုင်းဝန်းမျှဝေ ခြင်းပင်ဖြစ်ပါကြောင်း၊ ရဲဘော်ရဲဘက်စိတ်နှင့် သွေးသားရင်းပေါ် နီးစပ်သည့်စိတ်သည် အတ္တနည်းသည့်အပေါ်တွင် ကွားခြားပါကြောင်း၊ ငါတစ်ဦးတည်းဆိုသည် အတ္တမှ ငါတို့ အတူတူဆိုသည့် မှန်ကန်သည့်၊ ရဲဘော်ရဲဘက်ဆိုသည့် အဖွဲ့အစည်းစိတ်ဓါတ် ပါဝင်ပါကြောင်း၊ ကင်းထောက်မောင်မယ်များကအဖွဲ့အစည်းနှင့် လေ့ကျင့်နိုင်သည့် အခွင့်အရေးကို ရယူပြီး မိမိတို့ တစ်သက်တာအတွက် မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ အတွက် ၊ မှန်ကန်သည့် ရဲဖော်ရဲဖက်စိတ်ကို မွေးမြူကြပါရန် တိုက်တွန်းလိုပါကြောင်း။
ယခုကဲ့သို့ ရဲဘော်ရဲဘက်စိတ်များကြောင့် အခက်အခဲမျိုးစုံကို ကျော်လွှားနိုင်ခဲ့ သည့် အတွေ့အကြုံများရှိခြင်းကြောင့် တိုက်တွန်းလိုခြင်းဖြစ်ပါကြောင်း၊ တကယ့် ကောင်းမွန် သည့် ရဲဘော်ရဲဘက်များ မိတ်ဆွေများရှိပါက ဘ၀ကို မည်သည့်အခက်အခဲ ပင် ရှိရှိကျော်လွှားနိုင်သည်ကို အလေးထားစေလိုပါကြောင်း၊ ထို့ကြောင့် ကင်းထောက် လူငယ်များသည်လည်း ခေါင်းဆောင်နှင့် နောက်လိုက်မခွဲခြားဘဲ ပူးတွဲပေါင်းစည်း လုပ်ဆောင်သွားကြရန် စိတ်ဓါတ်ကိုအားပေးလိုပါကြောင်း၊ ထိုသို့ စိတ်ဓါတ်ဖြင့် သွားကြစေလိုပါကြောင်း။
မိမိတို့ လူ့အသိုက်အ၀န်းသည် စုစည်းမှု လိုအပ်ပါကြောင်း၊ မိမိတို့ ပညာရေး စနစ်ကိုလည်း စုစည်းမှုကို အားပေးသည့် စနစ်ဖြစ်ရန် ကြိုးစားနေပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်ရန်မဟုတ်ဘဲ ပံ့ပိုးပေးရန်သာဖြစ်ပါကြောင်း၊ ကောင်းမွန်သည့်ပြိုင်ဆိုင်မှုသည် လူတိုင်း လူတစ်ဦးချင်းစီ၏ အရည်အချင်းကို တိုးတက် အောင်အားပေးသည့် ပြိုင်ဆိုင်မှုမျိုးဖြစ်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကင်းထောက်လူငယ်မောင်မယ်များသည် စုစည်းပြီး ပျော်ပျော်ရွှင်ရွှင်၊ မိတ်ဖြစ်ဆွေဖြစ် တောစခန်းထွက်၊ အတူတေးသီချင်းသီဆို၊ အတူလမ်းလျောက်ခြင်းများသည် ပျော်စရာ များပင်ဖြစ်ပါကြောင်း၊ အပြိုင်အဆိုင်အနေဖြင့် မိမိတို့ အရည်အသွေးများကို ဖော်ထုတ်ရန် အခွင့်အရေးများလည်းရပါကြောင်း။
စုပေါင်းဖွဲ့စည်းဆောင်ရွက်ခြင်းသည် အောင်မြင်မှုအတွက် အကြီးဆုံး အင်အားပင် ဖြစ်ပါကြောင်း၊ ယုံကြည်မှုကိုလည်းခိုင်မာအောင် လေ့ကျင့်လိုစေလိုပါကြောင်း၊ သူများကို အောင်နိုင်ခြင်းထက် မိမိတို့ အားနည်းချက်များကိုအောင်နိုင်ရန် စိတ်ဓါတ်များ ကို မွေးမြူကြစေလိုကြောင်း၊ ကင်းထောက်မောင်မယ်များအားလုံးသည် ယနေ့ ရာပြည့် အခမ်းအနားမှစ၍ တစ်နေ့ထက်တစ်နေ့ အားသစ်များမွေးမြူကာ တစ်နှစ်ထက်တစ်နှစ် မှန်ကန်သည့် စိတ်ထားများဖြင့် မိမိတို့ နိုင်ငံသာမက တစ်ကမ္ဘာလုံးကို အကျိုးပြုနိုင်ကြစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။