Khant Naing added 4 new photos.
" ဒဏ်ရာတွေနဲ့ မြို့ကလေး (သို့ ) ပြန်လာခဲ့ပါ .. အမေ "
---------------------------------------------------------------
ကျွန်တော်တို့ မြို့ကလေးရဲ့
အိမ်အပြန်လမ်းမှာ
ပန်းတွေ မပွင့်တာ
ကြာခဲ့ပါပြီ .. အမေ ။
ဇာတိပုည ဂုဏ်မာနတွေနဲ့
ရိုးသားလှတဲ့ မြို့ကလေးဟာ
ပယောဂပူးတဲ့ လူတစ်စုကြောင့်
အရောင်မွဲ ညစ်စွန်းခဲ့ရတယ် .. အမေ ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်စွန်းကာလက
လောဘလွန် အပူလွန်ကဲစွာနဲ့
စာနာစိတ် ကင်းမဲ့သူတို့ဟာ
အမဲဖျက်ပွဲ ကျင်းပဖို့
သူတို့ ... ဒီမြို့လေးကိုလာခဲ့တယ် အမေ ။
အမေရယ် ...
အားလုံး မြူံးမိသွားခဲ့ရတာပါ ။
အကျဉ်းတန်လှတဲ့ ညနေခင်းဟာ
ငရဲပွတ်သံတွေနဲ့ ဘဝတွေပါပျက်ခဲ့တာပါ
လုပ်ရက်လေခြင်းလို့ . . .
အမေအထင်လွဲခဲ့တယ်မို့လား ။
မဟုတ်ဖူး .. အမေ
အမေထင်သလို မဟုတ်ရပါဘူး....
ရိုးသားမှုကို သူတို့
အခွင့်အရေးယူသွားတာပါ
တကယ်တော့ ကယ်ခဲ့တာပါ အမေ
ကျွန်တော်တို့မြို့လေးက ကယ်ပေးခဲ့တာပါ
ကျွန်တော်တို့မြို့လေးက အလှပျက်ခဲ့တာပါ
ပြုသူအသစ် ဖြစ်သူအဟောင်းရယ်မို့
ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူး
လုပ်ရက်တဲ့ ကံကြမ္မာကိုလည်း
ရိုးမယ်ဖွဲ့မနေတော့ပါဘူး
ဒါပေမဲ့ . . . အမေရယ်
ဒဏ်ရာတွေ ဗလဗွနဲ့ အားငယ်နေတဲ့
မြို့ကလေးကိုတော့ . . .
ချွေးသိပ်ပေးလှည့်ပါဦး ။
အစွယ်လိုသူ မိဖုရားအတွက်
အသွားစေခိုင်းသူက မင်းဧကရာဇ်ပါ
ကံဆိုးသူ ဘုရားကျွန်တော်မျိုးဘဝနဲ့
လက်ညိုးထိုး ခံခဲ့ရတာက
ကျွန်တော်တို့မြို့လေးပါ ... အမေ ။
ခံရတာများတော့လည်း
အားတွေ ဖြစ်ခဲ့ပါပြီ ... အမေ
ဆရာစံနဲ့ ဗန္ဓုလတို့ရဲ့ သွေးတွေဟာ
ရဲရဲနီကြောင်း . . .
လက်သန်းက မင်တွေနဲ့
သက်သေ ပြခဲ့ပြီးပါပြီ
ယုံကြည်ရဲ့လား ... အမေ ။
ဒါပေမဲ့ .. အမေရယ်
ပြန်သွားပြီး ကတည်းက
တစ်ခေါက်မှ ပြန်မလာခဲ့တော့
ကျွန်တော်တို့ ရင်မှာ . . .
ပန်းတွေ မပွင့်တာ ဆန်းသလား .. အမေ
အမေ နေနိုင်ရက်တယ်နော် ... ။
တခါတခါမှာ
လသာတဲ့ ညညတွေမှာပေါ့ ...
ကံဆိုးမိုးမှောင် ဖြစ်ခဲ့ရရှာတဲ့
ဝိညဉ်လေးတွေရဲ့ အသံတွေဟာ
တနေရာရာက ကြားမိနေသလိုပါပဲ
တစ်ယောက်ယောက်ကို...
မျှော်နေသလို ခံစားရတယ် .. အမေ ။
ဒဏ်ရာတွေ မဟောင်းသေးပါဘူး
မနေ့ တနေ့ကလို ခံစားနေရဆဲပါ
အားငယ်နေတဲ့ မြို့ကလေးကို
အားပေးလှည့်ပါဦး ...
အမေ ထားခဲ့တဲ့ ဝိညဉ်လေးတွေကို
ချွေးသိပ်လှည့်ပါဦး ... ။
အခါသင့်လို့ အခွင့်သာပြီး
စိတ်ပါခဲ့ရင်တော့ ....
ဒဏ်ရာတွေနဲ့ မြို့ကလေးကို
တခါလောက် ဖြစ်ဖြစ်
အမေ , ပြန်လာခဲ့ပါဦး ...
ပြန်လာခဲ့ပါဦး ... အမေရယ် ... ။ ။
credit : king Anawyahtar.
ရိုးသားလှတဲ့ မြို့ကလေးဟာ
ပယောဂပူးတဲ့ လူတစ်စုကြောင့်
အရောင်မွဲ ညစ်စွန်းခဲ့ရတယ် .. အမေ ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်စွန်းကာလက
လောဘလွန် အပူလွန်ကဲစွာနဲ့
စာနာစိတ် ကင်းမဲ့သူတို့ဟာ
အမဲဖျက်ပွဲ ကျင်းပဖို့
သူတို့ ... ဒီမြို့လေးကိုလာခဲ့တယ် အမေ ။
အမေရယ် ...
အားလုံး မြူံးမိသွားခဲ့ရတာပါ ။
အကျဉ်းတန်လှတဲ့ ညနေခင်းဟာ
ငရဲပွတ်သံတွေနဲ့ ဘဝတွေပါပျက်ခဲ့တာပါ
လုပ်ရက်လေခြင်းလို့ . . .
အမေအထင်လွဲခဲ့တယ်မို့လား ။
မဟုတ်ဖူး .. အမေ
အမေထင်သလို မဟုတ်ရပါဘူး....
ရိုးသားမှုကို သူတို့
အခွင့်အရေးယူသွားတာပါ
တကယ်တော့ ကယ်ခဲ့တာပါ အမေ
ကျွန်တော်တို့မြို့လေးက ကယ်ပေးခဲ့တာပါ
ကျွန်တော်တို့မြို့လေးက အလှပျက်ခဲ့တာပါ
ပြုသူအသစ် ဖြစ်သူအဟောင်းရယ်မို့
ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူး
လုပ်ရက်တဲ့ ကံကြမ္မာကိုလည်း
ရိုးမယ်ဖွဲ့မနေတော့ပါဘူး
ဒါပေမဲ့ . . . အမေရယ်
ဒဏ်ရာတွေ ဗလဗွနဲ့ အားငယ်နေတဲ့
မြို့ကလေးကိုတော့ . . .
ချွေးသိပ်ပေးလှည့်ပါဦး ။
အစွယ်လိုသူ မိဖုရားအတွက်
အသွားစေခိုင်းသူက မင်းဧကရာဇ်ပါ
ကံဆိုးသူ ဘုရားကျွန်တော်မျိုးဘဝနဲ့
လက်ညိုးထိုး ခံခဲ့ရတာက
ကျွန်တော်တို့မြို့လေးပါ ... အမေ ။
ခံရတာများတော့လည်း
အားတွေ ဖြစ်ခဲ့ပါပြီ ... အမေ
ဆရာစံနဲ့ ဗန္ဓုလတို့ရဲ့ သွေးတွေဟာ
ရဲရဲနီကြောင်း . . .
လက်သန်းက မင်တွေနဲ့
သက်သေ ပြခဲ့ပြီးပါပြီ
ယုံကြည်ရဲ့လား ... အမေ ။
ဒါပေမဲ့ .. အမေရယ်
ပြန်သွားပြီး ကတည်းက
တစ်ခေါက်မှ ပြန်မလာခဲ့တော့
ကျွန်တော်တို့ ရင်မှာ . . .
ပန်းတွေ မပွင့်တာ ဆန်းသလား .. အမေ
အမေ နေနိုင်ရက်တယ်နော် ... ။
တခါတခါမှာ
လသာတဲ့ ညညတွေမှာပေါ့ ...
ကံဆိုးမိုးမှောင် ဖြစ်ခဲ့ရရှာတဲ့
ဝိညဉ်လေးတွေရဲ့ အသံတွေဟာ
တနေရာရာက ကြားမိနေသလိုပါပဲ
တစ်ယောက်ယောက်ကို...
မျှော်နေသလို ခံစားရတယ် .. အမေ ။
ဒဏ်ရာတွေ မဟောင်းသေးပါဘူး
မနေ့ တနေ့ကလို ခံစားနေရဆဲပါ
အားငယ်နေတဲ့ မြို့ကလေးကို
အားပေးလှည့်ပါဦး ...
အမေ ထားခဲ့တဲ့ ဝိညဉ်လေးတွေကို
ချွေးသိပ်လှည့်ပါဦး ... ။
အခါသင့်လို့ အခွင့်သာပြီး
စိတ်ပါခဲ့ရင်တော့ ....
ဒဏ်ရာတွေနဲ့ မြို့ကလေးကို
တခါလောက် ဖြစ်ဖြစ်
အမေ , ပြန်လာခဲ့ပါဦး ...
ပြန်လာခဲ့ပါဦး ... အမေရယ် ... ။ ။
credit : king Anawyahtar.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။