#လူငယ်နှင့်ပတ်ဝန်းကျင်ကောင်း(၁)
#သရ၀ဏ်(ပြည်)
မကြာသေးမီကာလများက သတင်းစာ၊ ဂျာနယ်များတွင် စိတ်မကောင်းဖွယ် သတင်းနှစ်ပုဒ်ကို ဖတ်ရသည်။ ပထမသတင်းက လပတ်စာမေးပွဲကျသဖြင့် မိဘက ဆူသောကြောင့် ဆယ်တန်းကျောင်းသူတစ်ယောက် မိမိကိုယ်ကို သတ်သေသွားသောသတင်းဖြစ်ပြီး နောက်ထပ်သတင်းတစ်ခုမှာ ရှစ်တန်းကျသောကျောင်းသားတစ် ယောက် စာမေးပွဲကျသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသည့် သတင်းဖြစ်သည်။ ထိုသတင်းနှစ်ခုအပြင် ရှစ်တန်းကျောင်းသူလေးများ
အိမ်မှထွက်ပြေးသောသတင်း၊ တက္ကသိုလ်ကျောင်းသူတစ်ဦး မဟာဘွဲ့ဆက်တက်ရန်
အိမ်မှသဘောမတူသဖြင့် တံတားပေါ်မှ မြစ်ထဲသို့ ခုန်ချသတ်သေသော
သတင်းများကိုလည်း တုန်လှုပ်စွာ ဖတ်ရသည်။
ထိုသတင်းများကို ဖတ်ရသောအခါ လူငယ်အချို့တွင် အနာဂတ်ပျောက်ဆုံးနေသောပြဿနာ
ကြီးမားစွာ ဖြစ်ပေါ်နေကြောင်း သတိပြုမိပါသည်။ မြန်မာနိုင်ငံဝယ်
အရိုးစွဲနေသော အယူအဆများလည်းရှိရာ အထူးသဖြင့် မိဘများသည် သားသမီးများ၏
ဝါသနာနှင့် ဗီဇ၊ IQ နှင့် EQ များကို လုံးဝထည့်မတွက်ဘဲ အရာရာကို
သူများနှင့် တစ်ပြေးတည်း ဖြစ်လိုသောဆန္ဒဖြစ်သည်။ သူများသားသမီး
အဆင့်တစ်ရလျှင် ကိုယ့်သားသမီး အဆင့်နှစ်ရသည်ကို မကျေနပ်နိုင်။
သူများသားသမီး ခြောက်ဘာသာဂုဏ်ထူးထွက်လျှင် ကိုယ့်ကလေး ငါးဘာသာဂုဏ်ထူးရသည်ကို ညံ့သည်ဟုထင်သည်။ သူများကလေး ဆေးတက္ကသိုလ် တက်ခွင့်ရလျှင် ကိုယ့်သားသမီး ယဉ်ကျေးမှုတက္ကသိုလ်တက်ခွင့်ရ သည်ကို ရှက်စရာဟု ယူဆကြသည်။
သားတို့ သမီးတို့ ဘာဖြစ်ချင်သည်၊ ဘာဝါသနာပါသည်၊ ဘယ်လောက်ဉာဏ်ရည်ဉာဏ်သွေးရှိ သည်၊
ဘယ်ဘာသာရပ်တွင် အားသာချက်ရှိသည်၊ သူ့ဘ၀ရည်မှန်းချက်မှာ
ဘာဖြစ်သည်ဆိုခြင်းကို မိဘများသည် လုံးဝ (သို့မဟုတ်) အနည်းငယ်မျှ
ထည့်၍စဉ်းစားလေ့မရှိပါ။ ငယ်စဉ်တောင်ကျေးကလေးဘ၀ကပင် သားတို့ သမီးတို့
ကြီးလာလျှင် ဘာဖြစ်ချင်သနည်းဟူသော ဘ၀ရည်မှန်းချက်များကို မေးရာတွင်
သားသားကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မယ်တို့၊ သမီးကြီးလာရင်
ဆရာဝန်ကြီးလုပ်မယ်တို့၊ သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မယ်တို့ ဖြေလျှင် မိဘများက သဘောကျကြသည်။ သားကြီးလာရင် ပန်းချီဆရာကြီးလုပ်မယ်တို့၊ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ြ ဖစ်အောင်လုပ်မယ်တို့၊ သမိုင်းပညာရှင်တစ်ယောက်ဖြစ် အောင်လုပ်မယ်တို့၊ တက္ကသိုလ်ပါမောက္ခကြီးတစ်ယောက်ဖြစ်အောင်
ကြိုးစားမယ်တို့ စသည့်အဖြေများထွက်လာလျှင် မကျေမနပ် ဆူပူကြတော့ကာ
ထိုအဖြေကို ပေးသည့် ကလေးများမှာလည်း မျက်နှာကောင်းမရကြချေ။
မြန်မာနိုင်ငံတွင် ကလေးများ၏ ရည်မှန်းချက်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် ဤသုံးမျိုးသော ဘောင်ကျဉ်းကျဉ်းလေးထဲတွင် တ၀ဲလည်လည်ဖြင့် ပိတ်မိနေလေ့ရှိသည်။ ထိုအလုပ်သုံးမျိုးသည်သာ လူရာဝင်နိုင်၊ ကြီးပွားနိုင်သော အလုပ်များဖြစ်ပြီး ထိုအလုပ်သုံးမျိုးမှ သွေဖည်မိသည်နှင့် ကလေးတစ်ယောက်သည် လူမွေးလူတောင်မပြောင်နိုင်ဘဲ ခွေးဖြစ်တော့မည်သဖွယ် ၀ိုင်းဝန်းသတ်မှတ်ခံရသည်။
လူကြီးများ၏ ဝေဖန်ရှုတ်ချခြင်းကို မခံလိုသော အလိုက်ကန်းဆိုးသိသည့် ကလေးများကလည်း မိဘများထံမှ မျက်နှာကောင်းရရန် ၀ါသနာပါပါ မပါပါ သားသားကြီးလာရင်၊ မီးမီးကြီးလာရင် ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာကြီးလုပ်မယ်ဟု မျက်စိစုံမှိတ် အော်ကြသည်။ တကယ်လည်း ဆယ်တန်းအောင်သောအခါ အမှတ်ဖြင့်ဆုံးဖြတ်သောစနစ်ြ ဖစ်သောကြောင့် အမှတ်မီပါက ၀ါသနာ ပါပါ မပါပါ ဆေးတက္ကသိုလ်သို့လျှောက်ကာ ဆရာဝန်ဖြစ်ရေးလမ်းကြောင်းပေါ်သို့ လျှောက်တော့သည်။ တကယ်တမ်း မိမိသည် ဆေးကုသခြင်းအလုပ်ကို တကယ်ဝါသနာပါသလားဟု ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်သော ကလေး
မရှိသလောက်နည်းသလို ကိုယ့်သားသမီး၏ ၀ါသနာအစစ်အမှန်ကို အလေးထားသော မိဘလည်း
မရှိသလောက်နည်းသည်။ ထိုအခါ ဆေးကျောင်းဆင်း၍ ဆရာဝန်ဖြစ်လာသောအခါမှ
ဆေးကုသခြင်းကို မိမိဝါသနာမပါဘဲ အခြားဝါသနာပါရာအလုပ်များ ပေါ်လာသောကြောင့်
ဆေးမကုဘဲ သီချင်းဆိုသောဆရာဝန်များ၊ စာရေးဆရာလုပ်နေသူများ၊ အပြင်စီးပွားရေး
လုပ်နေသူများ စသည်ဖြင့် ဆေးကုသခြင်းမှတစ်ပါး အခြားကိစ္စအားလုံးလုပ်သော
ဆရာဝန်များကိုလည်း တွေ့ရတတ်ပေသည်။ အင်ဂျင်နီယာ၊ စစ်ဗိုလ်စသည့်
အလုပ်များမှာလည်း ကိုယ့်သဘောနှင့်မဟုတ်ဘဲ မိဘရွေးချယ်ပေးသောလမ်းကို
လိုက်ခဲ့သူများမှာ အချိန်တန်မှ ပြင်မရသော နောင်တကို ရတတ်ပါသည်။ ၀ါသနာနှင့်
အလုပ် မကိုက်ညီသောအဖြစ်များလည်း ရှိလာတတ်သည်။
အမှန်တကယ်တော့ မိဘတော်တော်များများသည် သူတို့ ငယ်စဉ်က မဖြစ်ခဲ့သော အိပ်မက်များကို မိမိသားသမီးလက်ထက်ကျမှ အမှန်တကယ်ဖြစ်ပေါ်အောင် ကလေးများကို ပုံသွင်းလေ့ရှိသည်။ တစ်နည်းအားဖြင့် မိမိ၏ရှုံးနိမ့်မှုများကို သားသမီး၏ အောင်မြင်မှုဖြင့် အာသာဖြေချင်ကြသည်။ ဆရာဝန်ဖြစ်ဖို့ အရည်အချင်း မပြည့်မီခဲ့သော မိဘသည် သားသမီးဆေးတက္ကသိုလ်မ၀င်လျှင်
ကမ္ဘာကြီးပျက်မတတ် ရူးသွပ်ပြလေ့ရှိသည်။ ဆယ်တန်းမအောင်ခဲ့သော မိဘသည် သားသမီး
ဆယ်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးဖြင့် မအောင်လျှင်
ညံ့ဖျင်းသောသူတစ်ယောက်ဟု သတ်မှတ်ကာ ဆူပူငေါက်ငမ်းကြသည်။ တစ်ခုမေ့နေသည်မှာ
ထိုနေရာအဆင့်သို့ သူတို့ရော စွမ်းဆောင်နိုင်ခဲ့သလားဆိုတာ ဖြစ်သည်။
တကယ်တော့ လောကကြီးတွင် သူ့နေရာနှင့်သူ လူတိုင်း အရေးကြီးတာပဲဖြစ်သည်။ အလုပ်တစ်ခုက အခြားအလုပ်တစ်ခုထက် နေရာတိုင်းကြီးကျယ်မြင့်မြတ်နေတာတော့ မဟုတ်ချေ။ ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်သ ည် တိုင်းပြည်အတွက် အရေးပါသလို လွှတ်တော်အမတ်တစ်ယောက်သည်လည်း တိုင်းပြည်တည်ဆောက်ရေးကိစ္စတွင်
အရေးပါပါသည်။ အင်ဂျင်နီယာတစ်ယောက်သည် လောကကြီးကို အကျိုးပြုသလို
ကျောင်းဆရာတစ်ယောက်သည်လည်း လောကကို အလှဆင်နိုင်ပါသည်။ စစ်ဗိုလ်တစ်ယောက်သည်
တိုင်းပြည်ကို ကာကွယ်နိုင်သလို သမိုင်းသုတေသနပညာရှင်တစ်ယော က်သည်လည်း မိမိနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ကာကွယ်နိုင်သည်သာဖြစ်သည်။
လူတစ်ယောက်သည် ဘာအလုပ်အကိုင် လုပ်သည်ဆိုတာထက် လူ့လောကကောင်းကျိုးအတွက် သူဘယ်လောက်အလုပ်လုပ်ခဲ့သလဲဆိုတာ
ပို၍အရေးကြီးပါသည်။ ထို့ကြောင့် အရေးကြီးသည်မှာ လူငယ်တို့အတွက်
လွတ်လပ်ပျော်ရွှင်စွာ ကြီးပြင်းနိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို
လူကြီးမိဘများက ဖန်တီးပေးနိုင်ရန်ပင် ဖြစ်သည်။ ၀ါသနာပါရာအလုပ်ကို
ပျော်ရွှင်စွာလုပ်နိုင်သော ဘ၀သည် အားရကျေနပ်ဖွယ်ရာဘ၀တစ်ခုပင် ဖြစ်သည်။ မိမိထင်သလို ဖြစ်မလာသော သားသမီးများကို မိဘများသည် ဆူပူကြိမ်းမောင်းပြစ်တင်ခြင်း၊ ဖိအားပေးဆူပူခြင်းထက် ခွင့်လွှတ်စိတ်ဖြင့် ဖေးမကြရမည် ဖြစ်သည်။
#သရ၀ဏ်(ပြည်)
Eternal Light Magazine
December 2016
#သရ၀ဏ်(ပြည်)
မကြာသေးမီကာလများက သတင်းစာ၊ ဂျာနယ်များတွင် စိတ်မကောင်းဖွယ် သတင်းနှစ်ပုဒ်ကို ဖတ်ရသည်။ ပထမသတင်းက လပတ်စာမေးပွဲကျသဖြင့် မိဘက ဆူသောကြောင့် ဆယ်တန်းကျောင်းသူတစ်ယောက် မိမိကိုယ်ကို သတ်သေသွားသောသတင်းဖြစ်ပြီး နောက်ထပ်သတင်းတစ်ခုမှာ ရှစ်တန်းကျသောကျောင်းသားတစ်
ထိုသတင်းများကို ဖတ်ရသောအခါ လူငယ်အချို့တွင် အနာဂတ်ပျောက်ဆုံးနေသောပြဿနာ
သားတို့ သမီးတို့ ဘာဖြစ်ချင်သည်၊ ဘာဝါသနာပါသည်၊ ဘယ်လောက်ဉာဏ်ရည်ဉာဏ်သွေးရှိ
မြန်မာနိုင်ငံတွင် ကလေးများ၏ ရည်မှန်းချက်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် ဤသုံးမျိုးသော ဘောင်ကျဉ်းကျဉ်းလေးထဲတွင် တ၀ဲလည်လည်ဖြင့် ပိတ်မိနေလေ့ရှိသည်။ ထိုအလုပ်သုံးမျိုးသည်သာ လူရာဝင်နိုင်၊ ကြီးပွားနိုင်သော အလုပ်များဖြစ်ပြီး ထိုအလုပ်သုံးမျိုးမှ သွေဖည်မိသည်နှင့် ကလေးတစ်ယောက်သည် လူမွေးလူတောင်မပြောင်နိုင်ဘ
လူကြီးများ၏ ဝေဖန်ရှုတ်ချခြင်းကို မခံလိုသော အလိုက်ကန်းဆိုးသိသည့် ကလေးများကလည်း မိဘများထံမှ မျက်နှာကောင်းရရန် ၀ါသနာပါပါ မပါပါ သားသားကြီးလာရင်၊ မီးမီးကြီးလာရင် ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာကြီးလုပ်မယ်ဟု မျက်စိစုံမှိတ် အော်ကြသည်။ တကယ်လည်း ဆယ်တန်းအောင်သောအခါ အမှတ်ဖြင့်ဆုံးဖြတ်သောစနစ်ြ
အမှန်တကယ်တော့ မိဘတော်တော်များများသည် သူတို့ ငယ်စဉ်က မဖြစ်ခဲ့သော အိပ်မက်များကို မိမိသားသမီးလက်ထက်ကျမှ အမှန်တကယ်ဖြစ်ပေါ်အောင် ကလေးများကို ပုံသွင်းလေ့ရှိသည်။ တစ်နည်းအားဖြင့် မိမိ၏ရှုံးနိမ့်မှုများကို သားသမီး၏ အောင်မြင်မှုဖြင့် အာသာဖြေချင်ကြသည်။ ဆရာဝန်ဖြစ်ဖို့ အရည်အချင်း မပြည့်မီခဲ့သော မိဘသည် သားသမီးဆေးတက္ကသိုလ်မ၀င်လျှင
တကယ်တော့ လောကကြီးတွင် သူ့နေရာနှင့်သူ လူတိုင်း အရေးကြီးတာပဲဖြစ်သည်။ အလုပ်တစ်ခုက အခြားအလုပ်တစ်ခုထက် နေရာတိုင်းကြီးကျယ်မြင့်မြတ
လူတစ်ယောက်သည် ဘာအလုပ်အကိုင် လုပ်သည်ဆိုတာထက် လူ့လောကကောင်းကျိုးအတွက် သူဘယ်လောက်အလုပ်လုပ်ခဲ့သလဲဆ
#သရ၀ဏ်(ပြည်)
Eternal Light Magazine
December 2016
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။