မေးခွန်းများ
=========
မင်းမှာ....
ကိုယ့်တေးသွားနဲ့ကိုယ်
ကိုယ်ပိုင်ခံစားချက် ကိုယ့်အနုပညာနဲ့..။
ကိုယ့်စကားလုံး ၊ ကိုယ်ပိုင် အဖွဲ့အနွဲ့နဲ့ ကိုယ့်ပိုင်ကဗျာတို့ကို ရေးခွင့်ရှိတယ်။
သို့သော်...နီယွန် လမ်းမီးအောက်မှာ မလှပတဲ့ ကဗျာတွေ ဘယ်နှစ်ပုဒ်တောင်များ ဖန်ဆင်းပြီလဲ...
ကိုယ့်အတွေးအခေါ် ကိုယ်ပိုင်ယုံကြည်ချက်တို့နဲ့...
ကိုယ့်ဇာတ်လမ်း ကိုယ်ညွှန်းလို့
ကိုယ့်လက် ကိုယ်ဆေးခဲ့ကြတာပဲ...
ဒါပေမဲ့... တခြားသူတွေ နေ့လည်ထမင်းဝနေကြတဲ့အချိန်မှာ
မနက်စာစားခွင့် မရှိသေးတာဘာကြောင့်လဲ။
ရာသီထွက်ပန်းကို ကိုင်၊ နေ့စဉ်ထုတ်သတင်းစာ ကို လွယ်
ဘ၀နဲ့ စီးချင်းထိုးတော့ အသက် တစ်ဆယ့် နှစ်...
ကိုယ်တိုင်လိုက်ရောင်းတဲ့ သတင်းစာတို့ကို မဖတ်တတ်တာ
ကိုယ့်အပြစ်ပဲလား...။
အဖေနှင့် အမေပေးလိုက်တဲ့ ဇီဝ
ဝင်လေ ထွက်လေ ရှူသေးသ၍ ရုန်းကန်ရမယ်ဆိုတာ
မြေကြီး လက်ညှိုးမလွဲ...။
ရတက်မအေးနိုင်တဲ့ လက်ရှိဘ၀မှာ
ဘုရားသခင်ထက် ၀မ်းရေး ပိုအရေးကြီးခဲ့တယ်..။
ဘုရားဝတ်မပြု ၊ ကျောင်းနား ကန်နား မရောက်နိုင်တာ
အပြစ် မမည်ထိုက်။
ကောင်းမှု မပြု ၊ ဘုရားမသိတော့ အပယ်လားမယ်ဆိုတာ
အမှန်ပဲလား။
ရိုးရိုးသားသားဖြေပါ။
တစ်ခါတရံ...မှန်တာတွေ မှားသွားတတ်တယ်။
မှားတာတွေ မှန်နေတတ်တယ်။
ရာတန်ပေးဆိုးထားတဲ့ ဆံပင်တွေက
သူ့ကို ခေတ် နောက်လိုက်နေစေသလား...
ဆွဲခေါ်သွားသလား..
ရိုးရာဂီတကိုလဲ မင်၊ခေတ်ပေါ် လျှပ်စစ်တေးကိုလဲ ကြို က်
ဖောက်ထားတဲ့ နားနှစ်ဘက်က ရိုးရာယဉ်ကျေးမှုလား...။
မေးခွန်းတွေများစွာဟာ ပြန်မဖြေကြားသေး...။
ရာတန်တွေကို အိပ်ကပ်ထဲ ထည့်ထားတဲ့ လက်က
ဆံပင်ကို တစ်ချက်သပ်ပြီး အနာဂတ်ကို မျှော်မျှော်ကြည့်တတ်ရဲ့..။
ဒီတိုင်းပြည် ဘယ်မင်းစိုးစိုး...
ဒီနေ့အဖို့..
ဆံပယ်ကုံး ရောင်းမကောင်းရင် ထမင်းငတ်ပြီမို့....
မနက်အထွက်နှေးတဲ့ နေမင်းကိုကျော်...
အထစောတဲ့ငှက် အစာ ပိုရသလို
စောစီးစွာ ကိုယ့်ဘုရားပဲ ကိုယ် ကိုးကွယ်တယ်...။
စောင့်နေဆဲ...
အခုထိ မေးခွန်းများစွာဟာ ပြန်မဖြေကြားသေး။ ။
==========================
Pic credit: from Tumblr
မာန်(ချိုးလူ)
=========
မင်းမှာ....
ကိုယ့်တေးသွားနဲ့ကိုယ်
ကိုယ်ပိုင်ခံစားချက် ကိုယ့်အနုပညာနဲ့..။
ကိုယ့်စကားလုံး ၊ ကိုယ်ပိုင် အဖွဲ့အနွဲ့နဲ့ ကိုယ့်ပိုင်ကဗျာတို့ကို ရေးခွင့်ရှိတယ်။
သို့သော်...နီယွန် လမ်းမီးအောက်မှာ မလှပတဲ့ ကဗျာတွေ ဘယ်နှစ်ပုဒ်တောင်များ ဖန်ဆင်းပြီလဲ...
ကိုယ့်အတွေးအခေါ် ကိုယ်ပိုင်ယုံကြည်ချက်တို့န
ကိုယ့်ဇာတ်လမ်း ကိုယ်ညွှန်းလို့
ကိုယ့်လက် ကိုယ်ဆေးခဲ့ကြတာပဲ...
ဒါပေမဲ့... တခြားသူတွေ နေ့လည်ထမင်းဝနေကြတဲ့အချိန်မ
မနက်စာစားခွင့် မရှိသေးတာဘာကြောင့်လဲ။
ရာသီထွက်ပန်းကို ကိုင်၊ နေ့စဉ်ထုတ်သတင်းစာ ကို လွယ်
ဘ၀နဲ့ စီးချင်းထိုးတော့ အသက် တစ်ဆယ့် နှစ်...
ကိုယ်တိုင်လိုက်ရောင်းတဲ့ သတင်းစာတို့ကို မဖတ်တတ်တာ
ကိုယ့်အပြစ်ပဲလား...။
အဖေနှင့် အမေပေးလိုက်တဲ့ ဇီဝ
ဝင်လေ ထွက်လေ ရှူသေးသ၍ ရုန်းကန်ရမယ်ဆိုတာ
မြေကြီး လက်ညှိုးမလွဲ...။
ရတက်မအေးနိုင်တဲ့ လက်ရှိဘ၀မှာ
ဘုရားသခင်ထက် ၀မ်းရေး ပိုအရေးကြီးခဲ့တယ်..။
ဘုရားဝတ်မပြု ၊ ကျောင်းနား ကန်နား မရောက်နိုင်တာ
အပြစ် မမည်ထိုက်။
ကောင်းမှု မပြု ၊ ဘုရားမသိတော့ အပယ်လားမယ်ဆိုတာ
အမှန်ပဲလား။
ရိုးရိုးသားသားဖြေပါ။
တစ်ခါတရံ...မှန်တာတွေ မှားသွားတတ်တယ်။
မှားတာတွေ မှန်နေတတ်တယ်။
ရာတန်ပေးဆိုးထားတဲ့ ဆံပင်တွေက
သူ့ကို ခေတ် နောက်လိုက်နေစေသလား...
ဆွဲခေါ်သွားသလား..
ရိုးရာဂီတကိုလဲ မင်၊ခေတ်ပေါ် လျှပ်စစ်တေးကိုလဲ ကြို က်
ဖောက်ထားတဲ့ နားနှစ်ဘက်က ရိုးရာယဉ်ကျေးမှုလား...။
မေးခွန်းတွေများစွာဟာ ပြန်မဖြေကြားသေး...။
ရာတန်တွေကို အိပ်ကပ်ထဲ ထည့်ထားတဲ့ လက်က
ဆံပင်ကို တစ်ချက်သပ်ပြီး အနာဂတ်ကို မျှော်မျှော်ကြည့်တတ်ရဲ့..။
ဒီတိုင်းပြည် ဘယ်မင်းစိုးစိုး...
ဒီနေ့အဖို့..
ဆံပယ်ကုံး ရောင်းမကောင်းရင် ထမင်းငတ်ပြီမို့....
မနက်အထွက်နှေးတဲ့ နေမင်းကိုကျော်...
အထစောတဲ့ငှက် အစာ ပိုရသလို
စောစီးစွာ ကိုယ့်ဘုရားပဲ ကိုယ် ကိုးကွယ်တယ်...။
စောင့်နေဆဲ...
အခုထိ မေးခွန်းများစွာဟာ ပြန်မဖြေကြားသေး။ ။
==========================
Pic credit: from Tumblr
မာန်(ချိုးလူ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။