Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 24, 2016

လိပ်ဖြစ်တာ ဝမ်းမနည်းနဲ့

လိပ်ဖြစ်တာ ဝမ်းမနည်းနဲ့
--------------------

ယုန်နဲ့ လိပ် အပြေးပြိုင်ပွဲ ထဲက ကြွားဝါတတ်တဲ့ ယုန်ကလေး အကြောင်း ကြားဖူးကြမှာပါ။ ယုန်ဆိုတာ အပြေးမြန်တယ်။ လိပ် ဆိုတာ အသွားနှေးတယ်။ ဒီတော့ ပုံပြောသူဟာ အပြေးပြိုင်ပွဲမှာ လိပ်ရှုံး လိမ့်မယ် လို့ ယေဘူယျ အမြင်ရှိတာကို ရိုက်ချိုးပြီး လိပ်ကို အနိုင်ပေးလိုက်တယ်။

ဒီမှာ သင်ခန်းစာက ယုန်ဟာ မြန်ပေမယ့်လည်း အပျင်းကြီးတဲ့ အတွက် လိပ်ကို ရှုံးရပါတယ် ဆိုတာကို ကမ္ဘာကျော် အီစွတ်ပုံပြင် လေးက ကျွန်တော်တို့ကို သင်ခန်းစာ ပေးခဲ့တယ်။

ဒါပေမယ့်... တကယ့်တကယ်တမ်းသာ ယုန်နဲ့လိပ်ဟာ အပြင်လောက မှာ အပြေးပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူနိုင်လိမ့်မလဲ။ လိပ်ဟာ တကယ်ပဲ ယုန်ကို နိုင်ပါ့မလား။

ယုန်ဆိုတာ တွင်းအောင်း သတ္တဝါမျိုး ဖြစ်ပြီးတော့ တွင်းနဲ့ အနီး တဝိုက် မှာသာ ရှင်သန် ကျက်စား လေ့ ရှိကြပါတယ်။ သူတို့ကို မြင်လိုက်တိုင်း အစာနဲ့ပါးစပ်နဲ့ မပြတ် အမြဲ တစ်ခုခုကို ကိုက်နေတာကို တွေ့ရ မှာ ဖြစ်ပြီးတော့ ဒီလိုအပ်ချက်ဟာ ဆာလောင်မှုကို ဖြည့်တင်း ဖို့ထက် သဘာဝရဲ့ တွန်းအားလို့ ဆိုရ မယ် ထင်ပါတယ်။

ဘာလို့လဲ ဆိုတော့ ယုန်တွေသာ တကယ်တမ်း တစ်စုံတစ်ခုကို မကိုက်ပဲ တစ်နေကုန် နေခဲ့မယ် ဆိုရင် သူ့ရဲ့ အပေါ်သွားတွေဟာ အောက်သွားဖုံးကို ဖောက်၊ အောက်သွားတွေဟာ အပေါ်သွားဖုံးကို ဖောက် လို့ သေပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကြောင့် ယုန်တွေ ဟာ အမြဲတစေ တစ်စုံတစ်ရာကို ကိုက် ရင်းနဲ့ သွားတွေကို တုံးအောင် သွေး နေရပါတယ်လို့ ဆိုပါတယ်။

ယုန်တွေဟာ အမြန်ဆုံး ပြေးမယ် ဆိုရင် တစ်နာရီကို ၁၈ မိုင်ကနေ မိုင် ၂၀ ကြား ပြေးနိုင်တယ်လို့ လေ့လာမှတ်သားခဲ့ဖူးပါတယ်။ အမြန်ဆုံး ဆိုတဲ့ Jackrabbit ယုန်မျိုးစိတ်ဟာ ဆိုရင် တစ်နာရီကို ၆၄ ကီလို မီတာ အထိ ပြေးနိုင်ကြောင်း National Geographic က မှတ်တမ်း တင်ထားတာ ဖတ်လိုက် ရပါတယ်။

လိပ်ဆိုတာ ကတော့ နယ်မြေပြောင်းရွှေ့တတ်ကြတဲ့ မျိုးစိတ် ဖြစ်ပြီး တစ်လကို ဆယ်ကီလိုမီတာ မျှသာ သွားလာလေ့ ရှိကြပါတယ်။ ဒီတော့ တစ်နှစ်ကို ကီလိုမီတာ ၁၂၀ နီးပါး လိပ်တစ်ကောင်ဟာ ခရီးသွားနိုင်တယ်လို့ အကြမ်းဖျဉ်း မှတ်ယူလို့ရပါတယ်။

ဒီတော့ ကျွန်တော်တို့ စိတ်ကူးထဲမှာ ခဏလောက် ယုန်နဲ့ လိပ်တို့ကို အပြေးပြိုင်ခိုင်း ကြည့်ကြ ရအောင်။ ယုန်လည်း အပျင်းမကြီးဘူး။ လိပ်လည်း အဲ့ဒီပုံ အတိုင်း သွားမယ်။ ဒါဆို ဘာတွေ ဖြစ်ကုန် ကြမလဲ။

အကယ်၍ တာတို ကွင်းပတ် အပြေး ပြိုင်ပွဲသာ ဆိုခဲ့ရင် ယုန်တစ်ကောင်ရဲ့ တစ်နာရီ ကို ၆၄ ကီလိုမီတာ ပြေးနှုန်းဟာ လိပ်တစ်ကောင်ကို အသာလေး အနိုင်ယူသွားကောင်း ယူသွားပါလိမ့်မယ်။

ဒါပေမယ့် တစ်သက်စာ အပြေးပြိုင်ပွဲမှာဆိုရင်တော့ ရလဒ်ဟာ စိတ်ဝင်စားဖို့ ကောင်းနေလိမ့်မယ် ထင်တယ်။ လိပ်မျိုးတွေဟာ တစ်နေရာကနေ နောက်တစ်နေရာကို အချိန်တိုင်း ခရီးထွက်နေချိန်မှာ ယုန်တွေကတော့ တွင်းပတ်လည် ၄၀ ကီလိုမီတာပတ်လည် ထက် ပိုဝေးဝေးကို မသွားရဲကြပါဘူး။ ပြီးတော့ လိပ်တစ်ကောင်သက်တမ်းဟာ ပျမ်းမျှ ၁၅၀ ခန့် အသက်ရှည်ပေမယ့် ယုန်တစ်ကောင် ကတော့ အလွန်ဆုံး ကြာကြာနေရရင် ၇ နှစ်မျှသာ အသက်ရှည်တဲ့ မျိုးစိတ် ဖြစ်ပါတယ်။

ဒါ့ကြောင့် တစ်သက်စာ အပြေးပြိုင်ပွဲမှာ ယုန်တစ်ကောင်ဟာ ကီလိုမီတာ ၄၀ မျှပဲ ခရီးရောက် နိုင် ပေမယ့် လိပ်တွေဟာ တစ်သက်တာ ကာလ (နှစ် ၁၀၀) မှာ ကီလိုမီတာ ၁၂,၀၀၀ ခန့် ကမ္ဘာအနှံ့ ခရီးထွက်ပြီး နေပြီ ဖြစ်ပါတယ်။

နောက်တစ်ခါ ယုန်နဲ့လိပ်ပြိုင်ပွဲ အပြီးမှာ ဒုတိယ အကြိမ် စိန်ခေါ်ခံရတဲ့ ကျွဲနဲ့လိပ် အပြေးပြိုင်ပွဲလေး အကြောင်းရော ကြားဖူးကြလား။ ပုံပြင်ကလေးက ဒီလိုဗျ။

ကမ္ဘာကျော် ယုန်နဲ့လိပ် အပြေးပြိုင်ပွဲ အပြီးမှာ အနိုင်ရရှိသူ လိပ်ကလေး ကို ကျွဲကြီးက လာစိန်ခေါ် တယ်။ ဒါနဲ့ လိပ်ကလေး သကလည်း သဘောတူလိုက်တယ်။

သတ်မှတ်တဲ့ နေ့မှာ ပြိုင်ကြတော့ တာလွှတ်လိုက်တာနဲ့ ကျွဲကြီးဟာ လုံးဝမရပ်မနား ကစုန်ပေါက်ပြီး ပြေးသွားတယ်။

ဒီအချိန်မှာတော့ လိပ်ကလေးက တရွေ့ရွေ့နဲ့ ပန်းတိုင်ဆီကို လှမ်းနေ ခဲ့တယ်။

နောက်ဆုံး လိပ်ကလေးပန်းဝင်သွားတဲ့ အချိန်မှာ ကျွဲကြီးဟာ ပန်းတိုင် ကနေ တာလွှတ်တဲ့နေရာဆီထိ ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် သွားပြီး နေပြီ။

ဒီတော့ ဘယ်သူနိုင်တယ် ဘယ်သူ ရှုံးတယ် ဆိုတာကို ကြေငြာမယ့် အချိန် ရောက်တော့ ဘယ်သူ့ကို အနိုင်ပေးရမလဲ လို့ အားလုံးရဲ့ အမြင် နဲ့ သဘောထားကို မေးသတဲ့။ ဒီအခါမှာ မွှားကောင်လေးတွေ ပိုးကောင်လေးတွေက စကားထ ပြော တယ်။

"ကျွဲကြီး ဟာ အရင်ပန်းဝင်တာတော့ မှန်ပါတယ်။ သို့သော် ပြိုင်ပွဲဝင် သွားတဲ့ တလျှောက်မှာ ရှိတဲ့ ကျုပ်တို့ အိုးအိမ်တွေ နေရာတွေကို ပစ်စလတ်ခတ် ရစရာ မရှိအောင် အင်နဲ့ အားနဲ့ နင်းချေ သွားခဲ့ ပါတယ် ဒိုင်လူကြီးများ ခင်ဗျား။ ခေါက်တုံ့ပြန် အစွမ်းပြ ပြေးနေမှုကြောင့်လည်း အကောင်ငယ်လေးများ သေကြေ ပျက်ဆီးခဲ့ရပါတယ်။"

"လိပ်ကလေးကတော့ သူ ဖြတ်သွားရာ လမ်းတလျှောက်မှာ အေးဆေး တည်ငြိမ်စွာ သွားခဲ့တဲ့ အတွက် ပတ်ဝန်းကျင်မှာ ရှိတဲ့ မဖျက်ထိုက် မနင်းအပ်တဲ့ အိုးအိမ်တို့ကို သူ့အနေနဲ့တွေ့ရှိလို့ ကြည့်ရှုရှောင်ရှား ကာ ယှဉ်ပြိုင်ခဲ့သူ ဖြစ်သော်လည်း ပန်းဝင်မှုမှာ နောက်ကျခဲ့ပါတယ်။"

"ပြိုင်ပွဲမှာ အရင်ရောက်သူကို ဦးစားပေး ရွေးချယ်မယ် ဆိုရင် ကျုပ်တို့ ဘာမှ မပြောလိုပါ။ သို့သော် တောနေ သတ္တဝါ အားလုံး အတွက် အကောင်းဆုံး အောင်နိုင်သူ ဆိုရင်တော့ လိပ်ကလေး ကို အနိုင်ပေးဖို့ အဆိုတင်သွင်း လိုပါတယ်။"

ဒီလို မွှားကောင်လေးရဲ့ စကားအဆုံးမှာတော့ တောနေသတ္တဝါ အားလုံးက ကျေနပ်သဘောတူတဲ့ အတွက်ကြောင့် နောက်ဆုံးမှာ လိပ်ကလေးကပဲ ဒုတိယ အကြိမ် အနေနဲ့ ထပ်မံ ဗိုလ်စွဲခဲ့ ပြန်ပါတယ်။

ဒါ့ကြောင့် လိပ်ဖြစ်တိုင်း ဝမ်းမနည်း အားမလျှော့ပါနဲ့။ ကွင်းပတ်ပြီးတော့ မြန်နေတဲ့ ယုန်ထက် အပြင် ထွက်ပြီးတော့ နှေးနေတဲ့လိပ်က အစစအရာရာ သာပါတယ်။ ဒီလိုပဲ ပစ်စလတ်ခတ် ပြေးတဲ့ ကျွဲထက်လည်း မထိမခိုက်နဲ့ အညင်သာဆုံးသွားတဲ့ လိပ်ကလေးက အောင်နိုင်သူပါပဲ။

ကိုးကား အချက်အလက်များ -
https://www.reference.com/pets-animals/fast-can-rabbit-run-5d03918aee48e6b5#
http://animals.nationalgeographic.com/animals/mammals/jackrabbit/
http://rabbit.org/faq-chewing/
http://www.bbc.com/earth/story/20150921-can-a-tortoise-beat-a-hare

- မှတ်စုကြမ်း #kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။