Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 25, 2016

မောင်လေးရဲ့ခရစ္စမတ်

မောင်လေးရဲ့ခရစ္စမတ်
-----------------------
တကယ်လို့ နောက်ကြောင်းပြန်လှည့်လို့ရရင် ပုံပြင်ဆိုတာ စိတ်ကူးသက်သက်ပါ။ ဒါပေမယ့် သူ့ရဲ့လှပမှုကတော့ တကယ်ပါဆိုတာ မောင်လေးကို ကျွန်မပြောပြချင်မိတယ်။
.
(၁)
“ခရစ္စမတ်”ဆိုတာကို ကျွန်မ အသက် ၁၁နှစ် ၁၂ နှစ်အရွယ်ရောက်မှ ပထမဦးဆုံး သိလိုက်ရတယ်။ အင်္ဂလိပ်ဖတ်စာအုပ်ထဲကနေ သိခဲ့တာဖြစ်တယ်။ အဲဒီအရွယ်က ခရစ္စမတ်ဘိုးဘိုး တကယ်ရှိတယ်ဆိုတာကို မယုံတတ်တော့တဲ့အရွယ်ဆိုပေမယ့် ဒါဟာ ထူးခြားဆန်းကြယ်တဲ့ပွဲတော်တစ်ခုလို့တော့ ထင်ခဲ့တယ်။ နှင်းကျတဲ့ရာသီမှာ ခရစ္စမတ်ဘိုးဘိုးက အိတ်ကြီးတစ်အိတ်ကိုလွယ်၊ ဒရယ်တွေဆွဲတဲ့ စွတ်ဖားလှည်းကိုစီးပြီး ဟိုးအဝေးလျှို့ဝှက်ဆန်းကြယ်တဲ့ မြောက်အရပ်ကနေ လူတွေရဲ့မီးခိုးခေါင်တိုင်ပေါ် ရောက်လာခဲ့တယ်။ စွမ်းအင်တွေ ခေတ်မီနည်းပညာတွေ မဖွံ့ဖြိုးတဲ့ခေတ်မှာ ဒီလိုအဖြစ်အပျက်က ကျွန်မနှလုံးသားထဲမှာ ဖော်မပြတတ်တဲ့စိတ်ကူးယဉ်ခံစားမှုတစ်မျိုး အစပျိုးပေးခဲ့တယ်။
.
ဒီလိုပုံစံမျိုးနဲ့ အသက်ငယ်ရွယ်သေးတဲ့မောင်လေးကို ခရစ္စမတ်ပွဲတစ်ခုကျင်းပပေးဖို့ ကျွန်မစိတ်ကူးရလိုက်တယ်။
.
ခရစ္စမတ်မတိုင်ခင်ညနေခင်းတစ်ခုမှာ မောင်လေးကို ခရစ္စမတ်ဘိုးဘိုးရာဇဝင်အကြောင်း ကျွန်မပြောပြလိုက်တယ်။ အထူးသဖြင့် ကလေးတွေကို ခရစ္စမတ်ဘိုးဘိုး လက်ဆောင်ပေးတဲ့အကြောင်းကို ပြောဖြစ်တယ်။ မောင်လေးကိုလည်း ကုတင်ခေါင်းရင်းမှာ ခြေအိတ်ရှည်တစ်ခုထားထားရင် မနက်နိုးလာတဲ့အချိန် ခြေအိတ်ထဲမှာ ခရစ္စမတ်ဘိုးဘိုးပေးတဲ့ လက်ဆောင်ကိုရနိုင်ကြောင်း ပြောပြလိုက်တယ်။
.
ကျွန်မပြောတဲ့ရာဇဝင်ကို မောင်လေး အကြွင်းမဲ့ယုံကြည်ပြီး သူ့ခြေအိတ်တွေထဲကနေ အရှည်ဆုံးခြေအိတ်ကို ရှာလိုက်တယ်။ ပြီးတော့ သူနဲ့ဖေဖေမေမေတို့အတူအိပ်တဲ့ကုတင်ခေါင်းရင်းမှာ သေချာချိတ်ထားလိုက်တယ်။ ကျွန်မလည်း ကျွန်မပြောခဲ့သလို ပီပြင်အောင် ခြေအိတ်တစ်ခုရှာပြီး ကိုယ့်ကုတင်ခေါင်းရင်းမှာ ဟန်ဆောင်ပန်ဆောင်ချိတ်ဆွဲလိုက်တယ်။ မောင်လေး အိပ်ရာစောစောဝင်သွားတာနဲ့ ကျွန်မက အိမ်အောက်ထပ်မှာရှိတဲ့ စာကြည့်စားပွဲရှေ့အမြန်သွားပြီး အသင့်ပြင်ထားတဲ့ ခရစ္စမတ်ကတ်ကို ထုတ်လိုက်တယ်။ ပြီးတော့ ကိုယ်တိုင်ဖန်တီးတဲ့ အင်္ဂလိပ်စာလုံးလှတွေနဲ့ ပို့စကတ်တစ်ခုလုပ်လိုက်တယ်။ သဘောက ဒီနေရာကို ခရစ္စမတ်ဘိုးဘိုးရောက်လာခဲ့ပြီး လိမ်မာတဲ့ကလေးကို လက်ဆောင်လာပေးသွားတယ်ပေါ့။
.
ပို့စကတ်လုပ်ပြီးသွားတဲ့အခါ ကျွန်မရဲ့မုန့်ပုံးထဲဝှက်ထားတဲ့ ချောကလက်တစ်ခု၊ ချိုချဉ်တစ်ဆုပ်ကိုထုတ်ပြီး ကုတင်ဘေးက အံဆွဲတစ်ခုထဲ အဆင်သင့်ထည့်ထားလိုက်တယ်။ ဖေဖေမေမေတို့မြင်ရင် ကျွန်မလျှောက်လုပ်နေတယ်ဆိုပြီး ဆူမှာစိုးလို့ ဒီလက်ဆောင်တွေကို မောင်လေးရဲ့ခြေအိတ်ထဲ ကျွန်မသွားမထည့်ရဲခဲ့သေးဘူး
.
(၂)
နောက်တစ်နေ့မနက် ဖေဖေမေမေတို့ မနက်စောစောထပြီး အိမ်အောက်ထပ်မှာ အလုပ်ရှုပ်နေချိန် မောင်လေးက အိပ်မောကျနေတုန်းပါပဲ။ အဲဒီအချိန်ကျမှ ကုတင်ပေါ်က ကျွန်မတိတ်တဆိတ်ဆင်းပြီး မောင်လေးခြေအိတ်ထဲ ချိုချဉ်တွေထည့်လိုက်တယ်။ ပြီးမှ မောင်လေးကိုနှိုးလိုက်တယ်။
.
မောင်လေးက အိပ်မှုန်စုန်မွားနဲ့ ကျွန်မကိုကြည့်တယ်။ ခြေအိတ်ကိစ္စကို သူသတိမရတော့မှန်း သိသာတယ်။ သူ့ကို ကျွန်မအသိပေးမှ ခေါင်းရင်းကခြေအိတ်ကို သူသွားကြည့်တယ်။ ကျွန်မလည်း ဟန်ဆောင်ပန်ဆောင် ကိုယ့်ကုတင်ဆီပြန်ပြီး ချိတ်ထားတဲ့ခြေအိတ်ကို စစ်တယ်။ တအောင့်နေတော့ မောင်လေးရဲ့အော်သံကို နောက်ကျောကနေ ကျွန်မကြားလိုက်တယ်။
.
“မမ.. မမ.. ခြေအိတ်ထဲမှာ လက်ဆောင်ရှိတယ်”
.
“ဟုတ်လား…” အံ့သြဟန်နဲ့ ကျွန်မလှည့်ကြည့်ပြီး သူ့ဆီလျှောက်သွားလိုက်တယ်။
.
မောင်လေးဟာ စိတ်လှုပ်ရှားစွာနဲ့ ခြေအိတ်ထဲကနေ ချိုချဉ်တွေကို ထုတ်လိုက်တယ်။ ပြီးတော့ ဟိုပို့စကတ်ပါထုတ်လိုက်တယ်။ ပို့စကတ်ပေါ်မှာ ဘာတွေရေးထားမှန်း သူမဖတ်တတ်သေးဘူး။ ကျွန်မက ယူပြီး ဒါဟာ နိုင်ငံခြားစာဖြစ်ကြောင်း၊ ကျွန်မလည်း သိပ်မဖတ်တတ်ကြောင်း ပြောလိုက်တယ်။ အဲဒီနောက် အင်္ဂလိပ်အဘိဓာန်စာအုပ်ယူလာပြီး ဟန်ဆောင်ပန်ဆောင်နဲ့ စာလုံးစစ်လိုက်ဖတ်လိုက် လုပ်ခဲ့တယ်။ ဖတ်ပြီးတဲ့နောက် မောင်လေးကို ကျွန်မရဲ့ခြေအိတ်ပြပြီး “ကြည့်စမ်း.. မောင်လေး.. စရစ္စမတ်ဘိုးဘိုးက မောင်လေးကိုပဲ လက်ဆောင်ပေးတယ်”လို့ စိတ်ပျက်လက်ပျက် ပြောလိုက်တယ်။
.
မောင်လေးအရမ်းဝမ်းသာသွားတယ်။ ချက်ချင်းပဲ အောက်ထပ်ဆင်းပြီး ဖေဖေမေမေတို့ကို ခရစ္စမတ်လက်ဆောင်ပြလိုက်တယ်။ ဖေဖေမေမေတို့က အလုပ်ရှုပ်နေတာမို့ ပြီးပြီးရော အေး… အေးပဲ လုပ်လိုက်ကြတယ်။ မနက်စာစားပြီးတဲ့နောက် မောင်လေးနဲ့ ကျွန်မတို့ ကျောင်းသွားကြတယ်။ ရွာရဲ့မူလတန်းကျောင်းမှာ မောင်လေးမူကြိုတက်နေပါပြီ။
.
(၃)
ညနေကျောင်းဆင်း အိမ်ပြန်ချိန် မနက်ကအဖြစ်ကို ကျွန်မမေ့နေခဲ့ပါပြီ။ မောင်လေးက ကျွန်မဆီအပြေးလာပြီး မကျေမနပ်ရင်ဖွင့်ပါတယ်။ သူ့အတန်းထဲက အတန်းဖော်တချို့နဲ့ ခရစ္စမတ်ဘိုးဘိုးအကြောင်း သူအငြင်းပွားခဲ့တယ်လို့ဆိုတယ်။
.
ကျွန်မသိလိုက်ရတာက…. အတန်းထဲရောက်တာနဲ့ မောင်လေးက သူ့သူငယ်ချင်းတွေကို ညက “ခရစ္စမတ်ဘိုးဘိုး” သူ့ကုတင်ခေါင်းရင်းရောက်လာခဲ့ပြီး သူ့ကို လက်ဆောင်ပေးခဲ့ကြောင်း အလျင်စလိုပြောပြတယ်။ ပြီးတော့ သက်သေအဖြစ် ပို့စကတ်ကို သူထုတ်ပြတယ်။ ဒါပေမယ့် ကလေးတွေက မယုံကြဘူး။ သူတစ်ခွန်း ငါတစ်ခွန်းနဲ့ ငြင်းနေခဲ့ကြတယ်။ ဒီကိစ္စကို ကလေးတချို့က ဆရာမဆီတိုင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ မောင်လေးကိုလည်း “လူလိမ်”လို့ အရင် တံဆိပ်ကပ်လိုက်ကြတယ်။ ဆရာမက မောင်လေးကို နားနေခန်းထဲခေါ်ပြီး မေးတော့တယ်။ မောင်လေးကလည်း မတုန်မလှုပ် ဆရာမကို ပို့စကတ်ထုတ်ပြပြီး အကြောင်းစုံပြောပြလိုက်တယ်။
.
နားနေခန်းထဲမှာရှိတဲ့ ဆရာမလေးယောက်က တစ်ယောက်တစ်လှည့်ပို့စကတ်ကို ယူကြည့်ကြတယ်။ မောင်လေးကိုတော့ သူတို့ အပြစ်မဆိုကြပါဘူး။ ဒါပေမယ့် “ခရစ္စမတ်ဘိုးဘိုးဆိုတာ တကယ်မရှိပါဘူး။ ဒါ သားအစ်မရေးတဲ့ ပို့စကတ်ပဲဖြစ်ရမယ်။ သားကိုနောက်လိုက်တာနေမှာ” လို့တော့ ပြောလိုက်တယ်။
.
(၄)
အိမ်ပြန်ရောက်တာနဲ့ မောင်လေးကစိတ်တိုတိုနဲ့ ကျွန်မကို “မမ… သူတို့က ခရစ္စမတ်ဘိုးဘိုးဆိုတာကို မသိကြဘူး။ ဆရာမလည်း မယုံဘူး။ ဒါဟာ မမရေးတာဖြစ်ပြီး မောင်လေးကို လိမ်တာလို့တောင်ပြောကြတယ်”
.
မောင်လေးမျက်နှာက မကျေမနပ်နဲ့.. သူ့ကို မယုံရကောင်းလားဆိုပြီး မကျေနပ်သလို… ငါ့အစ်မကို မင်းတို့ဒီလိုပြောရသလားဆိုပြီး မကျေနပ်တာလည်းဖြစ်တယ်။ အစကနေအဆုံးထိ ကိုယ့်အစ်မကို သူသံသယမဝင်ခဲ့ဘူး။ မယုံကြည်သူတွေကို ကိုယ့်အစ်မဘက်ကနေပါပြီး ရန်စောင်းနေခဲ့တယ်။
.
ဒါပေမယ့် တစ်ဘက်ကလည်း သူစိတ်ချရလောက်အောင် ကျွန်မဆီကနေ ဒီကိစ္စကို အတည်ပြုပြောကြားမယ့်စကားတစ်ခုခုကို မျှော်လင့်ချက်အပြည့်နဲ့ သူစောင့်နေခဲ့တယ်။
.
ကျွန်မတွေဝေသွားမိတယ်။ မောင်လေးရဲ့ဆရာမတွေက ကျွန်မကိုသင်ခဲ့ဖူးတဲ့ ဆရာမတွေပါပဲ။ သူတို့ရဲ့အကြည့်ထဲမှာ ကျွန်မက ကျောင်းသားကောင်းတစ်ယောက်ပါ။ မောင်လေးကြောင့် ဒီအကြောင်းကို သူတို့သိသွားပြီဆိုတော့ ကျွန်မကို သူတို့ဘယ်လိုထင်ကြတော့မလဲ။ ပြီးတော့ ကျွန်မတို့က တစ်ရွာတည်းနေသူတွေပါ။ လမ်းမှာတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ။ မောင်လေးကို ကျွန်မလိမ်လိုက်တာတော့ တကယ်ပါ။ ကျွန်မအကြာကြီးတွေးတောပြီး နောက်ဆုံးမှာ အသံတိုးတိုးနဲ့ မောင်လေးကို ပြောပြလိုက်တယ်။
.
“ပို့စကတ်က မမရေးထားတာ… လက်ဆောင်ကိုလည်း မမပဲထည့်ထားတာ”
.
“ဟင်… မမလည်း နိုင်ငံခြားစာကို မဖတ်တတ်ဘူး မဟုတ်လား”
.
မောင်လေးအံ့သြသွားတယ်။
.
“မမ…. တမင်လုပ်လိုက်တာ”
.
ပို့စကတ်လုပ်၊ ချိုချဉ်ထည့်တဲ့ဖြစ်စဉ်တွေအားလုံး မောင်လေးကို ကျွန်မပြောပြလိုက်တယ်။ ကိုယ်တိုင်ကလည်း ပြောချင်စိတ်မရှိတဲ့အတွက်ကြောင့်လား မသိ ကျွန်မရဲ့ရှင်းပြမှုတွေက စိတ်ဝင်စားဖို့မကောင်းသလို ရှေ့တစ်ရက်က မောင်လေးကို ခရစ္စမတ်ဘိုးဘိုးပုံပြင်ပြောပြတုန်းကလောက် စိတ်အားထက်သန်ဖြစ်မနေခဲ့ဘူး
.
မောင်လေးမျက်နှာပေါ်က အလင်းရိပ်တွေ တဖြည်းဖြည်းမှောင်ကျလာခဲ့တယ်။ လူတကာနဲ့သူ အတိုက်အခိုက်လုပ်ခဲ့တဲ့ အစ်မဖြစ်သူပြောပြတဲ့ ခရစ္စမတ်ဘိုးဘိုးအကြောင်းဟာ တကယ်တော့စိတ်ကူးယဉ်သက်သက်ဆိုတာကို သူတွေးမိခဲ့ပုံမရဘူး။ သူ့ပုံစံက စိတ်ပျက်ဝမ်းနည်းလာပြီး “မမ ဘာဖြစ်လို့ မောင်လေးကို လိမ်တာလဲ” ဆိုတဲ့စကားတစ်ခွန်းကိုပဲပြောပြီး အပြင်ကို သူထွက်သွားခဲ့တယ်။
.
တအောင့်နေတော့ သူနဲ့ တခြားကလေးတွေ ပျော်ပျော်ပါးပါး ဆော့ကစားနေတာကို ကျွန်မမြင်လိုက်တယ်။ စိတ်ညစ်စရာနဲ့ သူ့ကိုအံ့သြပျော်ရွှင်မှုတွေ တဒင်္ဂပေးခဲ့တဲ့ ခရစ္စမတ်ဘိုးဘိုးရဲ့“လှည့်စားမှု”တွေကို သူလုံးလုံး စွန့်ပစ်မေ့လိုက်ပါပြီ။
.
(၅)
နှစ်တော်တော်ကြာပြီးနောက် ဒီအကြောင်းနဲ့ပတ်သက်ပြီး မောင်လေးကို ကျွန်မပြန်ပြောဖြစ်ခဲ့တယ်။ သူ ဘာကိုမှ အမှတ်မရတော့ဘဲ “အဲဒီတုန်းက အသက်ငယ်သေးတော့ မမရဲ့လှည့်စားမှုကို မောင်လေးခံခဲ့ရတာပေါ့” လို့ပဲ ရယ်ပြီးပြောတယ်။
.
ဒါပေမယ့် မောင်လေးကို ကျွန်မအားနာခဲ့မိပါတယ်။ အဲဒီတုန်းက သူဟာ ငယ်ရွယ်တဲ့ကလေးငယ်လေးတစ်ယောက်ပါ။ သူ့ကို ကျွန်မပြောပြခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ကို ကိုးကွယ်မှုကိုယုံကြည်သက်ဝင်သူတို့စောင့်ထိန်းယုံကြည်သလိုမျိုး သူထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ သူရဲ့ထိန်းသိမ်းမှုကို ကျွန်မက အလွယ်တကူ တွန်းဖြိုခဲ့မိတယ်။ အချိန် တရွေ့ရွေ့ကုန်ဆုံးနေခဲ့ပါတယ်။ တကယ်လို့ နောက်ကြောင်းပြန်လှည့်လို့ရရင် မောင်လေးရဲ့ခရစ္စမတ်အတွက် ပိုပြည့်စုံမယ့်ဖြေရှင်းချက်ကို ကျွန်မရှာတွေ့ခဲ့နိုင်မလား…. ကျွန်မ မသိခဲ့ပါဘူး။ ဒါမှမဟုတ် ပုံပြင်က စိတ်ကူးယဉ်သက်သက်ပါ ... ပုံပြင်ရဲ့လှပမှုကတော့ တကယ်ပါဆိုတာ မောင်လေးကို ကျွန်မ ပြောပြဖြစ်မှာပါ။
.
ဒီလို လှပတဲ့ခံစားမှုက ကလေးအရွယ်မှာ အချိန်ကြာကြာလေး ရှိနေသင့်ခဲ့ပါတယ်လေ…
.
---------
မူရင်းလင့် --- http://www.85nian.net/chengzhang/58670.html
.
#NineNineSaNay (The Chic မဂ္ဂဇင်း ဒီဇင်ဘာ ၂ဝ၁၆)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။