'' ဟဲ့ပေါ်ဦး ''
'' ဘုရား ''
'' ချစ်လို့ တောင်းပန်တယ် ဆိုတော့ ငါကိုယ်တော် မြတ် ကျေနပ်ရမှာလား ဟဲ့။ ''
'' FB ပေါ်မှာ စွပ်စွဲလို့ အားမရလို့ သတင်းစာထဲထည့် ။ အာဆီယံ နိုင်ငံတွေ အထင်လွဲအောင် ဘာသာပြန် နဲ့ စင်ကာပူ သတင်းစာ ထဲ က နှိပ်ပြီးတော့မှ ချစ်လို့ တောင်းပန်တယ် ဆိုတော့ စဉ်းစားစရာ တော့ ဖြစ်နေပြီ မင်းကြီး ''
'' ရှိစေတော့ ရှိစေတော့ ဒါနဲ့ ခွင့်လွှတ်သင့် လား ပေါ်ဦး ရဲ့ ''
'' အင်း……………တောင်းပန်တယ် ဆိုကတည်းက မင်းကြီး ရဲ့ ဂုဏ်သိက္ခာ က ပြည်သူတွေ အမြင် လိပ်ပြာသန့်သွားပါပြီ ဘုရား ။ သို့ပေမဲ့လည်း ဒီတစ်ခါ ခွင့်လွှတ်လိုက်ရင် ဖြင့် နောက်ထပ် နာမည်ကျော် မီဒီယာတွေက မင်းကြီးကို ရေးချင်းတိုင်းရေးပြီး ချစ်လို့ခေါင်းစဉ်တပ်လို့ ထပ်တောင်းပန်နေပါဦးမယ် ဘုရား ''
'' အေး ပေါ်ဦး မောင်မင်း လျောက်တင်တာလည်း မှန်ပေစွ ဒါဖြင့် ဘာလုပ်သင့်လဲဆိုတာ အကြံပေးစမ်းပါဦးဟဲ့ ''
'' မင်းကြီး တစ်ခါ ခွင့်လွှတ်မှန်းသိရင် နောက်တစ်ခါ ရဲတင်လာပါလိမ့်မယ် ဘုရား ။ ဒီတော့ သောက် ကျင့်ပါလို့ ခွင့်မလွှတ် ပါနဲ့ ဘုရား ''
'' တိန် ''
----------
မင်းရသ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။