Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 18, 2016

ဦးသန့် (၁၉၀၉ဇန်နဝါရီလ၂၂~~၁၉၇၄နိုဝင်ဘာလ၂၅)

 
 
ဦးသန့်
(၁၉၀၉ဇန်နဝါရီလ၂၂~~၁၉၇၄နိုဝင်ဘာလ၂၅)

ဦးသန့်ကိုဖခင်ဦးဖိုးနှစ်နှင့်မိခင်ဒေါ်နန်းသောင်တို့က၁၉၀၉ဇန်ဝါရီလ၂၂ ရက်နေ့တွင်ဧရာဝတီတိုင်းပန်းတ နော်မြို့မှာမွေးဖွားခဲ့သည်။ပန်းတ နော်ဇာတိဖြစ်သည့်အတွက်နောင်အခါတွင်ဦးသန့်ကို"ပန်းတနော်ဦးသန့်"လို့ခေါ်ခဲ့ကြသည်။ဦးသန့်မိဘများသည်မြေပိုင်ရှင်၊ဆန်ကုန်သည်များဖြစ်ကြပြီးဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့တွင်သူရိယသတင်းစာကိုတည်ထောင်ခဲ့သည်။မြန်မာနိုင်ငံသုတေသနအသင်းကိုတည်ထောင်ရာတွင်လည်းအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ သည်။

ဖခင်ကွယ်လွန်သောအခါဦးသန့်သည်အသက်(၁၄)နှစ်သာရှိသေးသည်။အမွေဆက်ဆံမှုအမှုအရှုပ်အရှင်းများကြောင့်မိခင်ဒေါ်နန်း သောင်နှင့်ကလေး၎ယောက်မှာ စီးပွားရေးအကြပ်အတည်းပေါင်း များစွာနှင့်ရင်ဆိုင်ခဲ့ရသည်။ ဦးသန့်သည်ငယ်စဉ်အခါက ပန်းတနော်အထက်တန်းကျောင်းတွင်ပညာသင်ကြားခဲ့ပြီး၊ရန်ကုန် တက္ကသိုလ်တွင်သမိုင်းဘာသာရပ်ကိုဆက်လက်သင်ကြားခဲ့သည်။

ယင်းနောက်ပန်းတနော်အမျိုးသားကျောင်းတွင်ကျောင်းဆရာအဖြစ်စတင်ခဲ့သည်အသက်၂၅နှစ်တွင် ၎င်းကျောင်းတွင်ကျောင်းအုပ်ဖြစ်လာခဲ့သည်။အဲဒီအချိန်တွင်မအူပင် မြို့မှာနေထိုင်ပြီးပညာအုပ်ဖြစ်သည့်(မြန်မာနိုင်ဝန်ကြီးချုပ်ဟောင်း)ဦးနုနှင့်ခင်မင်ရင်နှီးခဲ့သည်။ဦးသန့်သည်အင်္ဂလိပ်မြန်မာနှစ်ဘာသာနှင့်ထုတ်ဝေသည့် "ဂန္တလောက"မဂ္ဂဇင်းဘာသာပြန်ြိပိုင်ပွဲတွင်၎ကြိမ်တိုင်တိုင်ပထမဆုရရှိခဲ့သည်။ ဦးသန့်၏ ပထမဦးဆုံးစာမူမှာအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်စာမူဖြစ်ပြီးအသက်၁၅နှစ်တွင်ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရသည်။မြို ပြပုံပြင်များ၊နိုင်ငံပေါင်းချုပ်အသင်း ကြီးကျောင်းသုံးစာအုပ်၊ဗမာသစ် နှင့်ပညာသစ်၊ပြည်တော်သာခရီး(၃ အုပ်တွဲ)စသည့်စာအုပ်များအပါ အဝင်ပညာရေး၊လူမှုရေးဆိုင်ရာဆောင်ပါးများကိုသီလဝ၊မောင်သန့်၊ဦးသန့်စသည့်ကလောင်ခွဲများနှင့် ရေးသားခဲ့သည်။စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်များကိုရေးသားသောအခါသူ၏အယူအဆများကို ပွင့်ပွင့်လင်းလင်းရေးသားခဲ့သလိုသူ၏အတွေးအခေါ်များကလည်း ခေတ်မီသည်ကိုတွေ့ရသည်။

ပြည့်သူဝန်ထမ်းဘဝ

လွတ်လပ်ရေးရခါစမြန်မာနိုင်ငံတွင်ဦးနုဝန်ကြီးချုပ်ဖြစ်လာသောအခါဦးသန့်ကိုရန်ကုန်ခေါ်ခဲ့ပြီး၁၉၄၈ခုနှစ်တွင်အသံလွှင့်ဌာနညွှန်ကြားရေးမှုးအဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရ သည်။၎င်းနောက်၁၉၅၃ခုနှစ်တွင် မြန်မာနိုင်ငံသတင်းနှင့်ပြန်ကြားရေးဌာနအတွင်းဝန်းဖြစ်လာခဲ့သည်။ ၁၉၅၁မှ၁၉၅၇ခုနှစ်အထိဝန်ကြီး ချုပ်၏အတွင်းရေးမှုးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဦးနုအတွက်မိန့်ခွန်းရေးသားခြင်း၊နိုင်ငံခြားခရီးစဉ်များစီစဉ်ပေးခြင်း၊နိုင်ငံခြားဧည့်သည်တော်များကိုလက်ခံတွေ့ဆုံခြင်းစသည့်ကိစ္စများကိုဆောင်ရွက်ပေးရင်ဦးနု၏ယုံကြည်မှုကိုရရှိခဲ့သည်။ နိုင်ငံတကာConfercenceအများအပြားကိုတက်ရောက်ခဲ့ပြီး၁၉၅၅ခုနှစ်ကအင်ဒိုနီးရှာနိုင်ငံဘန်ဒေါင်းမြို့တွင်ကျင်းပသည့်"ဘက်မလိုက် လှုပ်ရှားမှု"ကိုမွေးဖွားပေးခဲ့ပြီးပထမအကြိမ်အာရှ-အာဖရိကနိုင်ငံများဆိုင်ရာညီလာခံတွင်အတွင်းရေးမှုးအဖြစ်ဆောင်ရွက်ခဲ့သည်။ အမြဲတမ်းဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီးမှန်တယ်ထင်ရင်အလျှော့မပေးတတ်တဲ့ဦးသန့်နှင့်တိုင်းပြည်ခေါင်းဆောင်ဦးနုတို့မသင့်မမြတ် ဖြစ်လာသည်ကစပြီး၁၉၅၇ခုနှစ်တွင်ဦးသန့်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ပြီး New York ကိုစေလွှတ်ခဲ့သည်။

၁၉၅၇ခုနှစ်မှ၁၉၆၁အထိဦးသန့်သည်မြန်မာနိုင်ငံရဲ့အမြဲတမ်းကိုယ်စာလှယ်အဖြစ်သာမကတချိန်တည်းမှာပင်ယာယီ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်အဖြစ်တာဝန်ကိုပါပူတွဲထမ်းဆောင်ခဲ့သည်။၁၉၆၀တွင်ဦးသန့်ကို"ပြည်ထောင်စုစည်သူသင်္ဂဟပြန်တမ်း"အရ"မဟာသူရစည်ဘွဲ"နှင့်ဗိုလ်ရာထူးကိုပေးအပ်ခဲ့သည်။ ဦးသန့်သည်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရာထူးကိုအာရှနိုင်ငံများထဲတွင်ပထမဦးဆုံးရရှိခဲ့သူဖြစ်သည်။၁၉၆၁ခုနှစ်နိုဝင်ဘာလ၃ရက်မှစ၍အထွေထွေအတွင်းမှုးချုပ်ဒက်ဟမ်းမားရှိုးလ်ဒ်(Dag Hammarkjold)ရဲ့မကုန်ဆုံးသေးတဲ့သက်တမ်းကိုထောက်ခံချက်နှင့် ယာယီအထွေထွေအတွင်းရေးမှုး ချုပ်အဖြစ်ခန့်အပ်ခံခဲ့ရသည်။ ၁၉၆၂ခုနှစ်ဒီဇင်ဘာလ၃၀ရက်နေ့အထွေထွေအတွင်းရေးမှုးချုပ်အဖြစ်၁၉၆၆ခုနှစ်နိုဝင်ဘာလ၃ရက်နေ့သက်တမ်းအထိခန့်အပ်ခြင်းခံခဲ့ရသည်။

သူ၏ပထမသက်တမ်းအတွင်းဦးသန့်သည် ကျူးဘားဒုံးပျံပြဿနာ(Cuban Missile Crisis)ကိုဖြေရှင်းရာတွင်စေ့စပ်ပေး ပြီးကွန်ဂိုပြည်တွင်းစစ်ကိုပြီးဆုံးအောင်ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သည်။ယင်းအတွက်ကြောင့် ကမ္ဘ္ဘ္ဘာကအသိအမှတ်ပြုခံခဲ့ရသည်။ ၁၉၆၆ခုနှစ်ဒီဇင်ဘာလနှစ်ရက်နေ့တွင်လုံခြံရေးကောင်စီ၏တညီတညွန်တည်းထောက်ခံမှုနှင့်ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဒုတိယသက်တမ်းအဖြစ်အငြိမ်းစားယူမည့်၁၉၇၀ဒီဇင်ဘာလ၃၀ရက်နေ့အထိခန့်အပ်ခြင်းခံခဲ့ရသည်။ဒုတိယသက်တမ်းတွင်ဦးသန့်သည်အလုပ်များ စွာကိုပြုလုပ်ခဲ့သည်။

အထူးသဖြင့်ကုလသမဂ္ဂအဖွဲ့အစည်းကိုအာရှနှင့်အာဖရိကနိုင်ငံတော်တော်များများဝင်ရောက်လာနိုင်ရေးကိစ္စ၊ တောင်အာဖရိကအသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးကိစ္စ၊၁၉၆၂ခုနှစ်တွင်ယီမင်အရေးနှင့်၁၉၆၇မှာအာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊၁၉၆၈ခုနှစ်တွင်ဘာရိန်းအရေး၊ပရာပ်နွဦေးတော်လှန်ရေး(Prague Spring)နှင့်ချက်ကိုစလိုဗက်ကီးယားကိုဆိုဗီယက်ကျူးကျော်အရေးအခင်း၊ဗီယက်နမ်းစစ်ပွဲ၁၉၇၁ဘင်္ဂလာဒေ့ရှ်ကိုလွတ်လပ်ရေးရှိစေမည့်အိန္ဒယ-ပါကစ္စတန်စစ်ပွဲစသည်တို့ကိုအေး ငြိမ်းအောင်ဖြေရှင်းပေးနိုက်ခဲ့သည်။၁၉၆၂အမေရိကန်ဆိုဗီယက်စစ်အေးတိုက်ပွဲအချိန်ကသမ္မတနှစ်ဦးကြားဦးသန့်က"တတိယဘာသာစကားအသစ်"ကိုအသုံးချ"တွေ့ဆုံအဖြေရှာရေး"ကိုအခြေခံပြီးစေ့စပ်ဆောင်ရွက်ပေးခဲ့သည့်အတွက်ဆိုဗီယက်တို့ကဒုံကျည်စခန်းကိုရုပ်သိမ်းသွားပြီးအမေရိကန်တို့ကကျူးဘားကိုပိတ်ဆို့မှုများကိုရုပ်သိမ်းပေးခဲ့သည်။

၎င်းအရေးအခင်းအားလုံးတွင်ငြိမ်းချမ်းရေးကိုထိပါးစေနိုင်သည့်အပြင်စစ်ဖြစ်ကြတော့မည့်အရိပ်အယောင်လက္ခဏာဖြစ်ပြီးဦးသန့်၏လိမ်မာပါးနပ်စွာကြားဝင်စေ့စပ်ပေးမှုများကြောင့်စစ်ကိုရှောင်လွဲခဲ့ခြင်းဖြစ်သည်။အောက်စဖိုဒ်တက္ကသိုလ်က၂၀ရာစုအထင်ကရပုဂ္ဂိုလ်များအကြောင်းစုစည်းထုတ်ဝေထားသည့် Who's Who in the 20th Century စာအုပ်တွင်ဦးသန့်၏အကြောင်းပါဝင်ပြီးနိုင်ငံတကာအရေးအခင်းများကိုမတုန်မလှုပ်စေဘဲတည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်ခဲ့သူဟုအတ္ထုပတ္တိအကျဉ်း၏အစတွင်ရေးသားထားသည်။ ဦးသန့်သည်UFOယာဉ်ပျံကိစ္စနှင့်ပတ်သက်၍စိတ်ဝင်စားလေ့လာခဲ့သည်။၁၉၆၇တွင်အမေရိကန်လူမျိုးရူပဗေဒပညာရှင်ဒေါက်တာJame E.Mc Donald ကိုUFOနှင့်ပတ်သက်ပြီးကုလသမဂ္ဂတွင်စကားပြောနိုင်စီစဉ်ပေးခဲ့သည်။

၁၉၇၁ခုနှစ်ဇန်နဝါရီလ၂၃ရက်နေ့တွင်ဦးသန့်သည်သူသည်ဘယ်အကြောင်းပြချက်နဲ့မျှတတိယသက်တမ်းအထွေထွေအတွင်းရေးမှုးချုပ်အဖြစ်ဆက်လက်လုပ်ကိုင်နိုင်တော့မည်မဟုတ်ဟုပြတ်ပြတ်သားသားပြောဆိုခဲ့သည်။လုံခြုံရေးကောင်စီကလည်းဦးသန့်နေရာဆက်ခံမည့်သူကိုသီတင်းပတ်ပေါင်းများစွာအပူတပြင်းရှာဖွေခဲ့ကြသည်။နောက်ဆုံးတွင်ကွတ်ရ်တ်ဝါးလ်ဒ်ဟိုင်းမ်(Kurt Waldhein)ကိုရွေးချယ်လိုက်သည်။ဦးသန့်ကသူနောက်ဆုံးတာဝန်သက်တမ်းမကုန်ဆုံးမိ၁၀ရက်အလိုမှာပဲKurtကိုတာဝန်လွဲပေးခဲ့သည်။ဦးသန့်အငြိမ်းစားယူသွားသည်နှင့်တစ်ပြိုင်နက်New York Timeသတင်းစာ၏၁၉၇၁ဒီဇင်ဘာလ၂၇ရက်နေ့ထုတ်သတင်းစာ၏အယ်ဒီတာအာဘော်မှာလည်းThe Liberation of U Thant ဆိုသည်ခေါင်းစဉ်နှင်တခမ်းတနားဂုဏ်ပြုဖော်ပြခဲ့သည်။

တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းဦးသန့်သည်Palisadeနှင့်Douglas Avenuses လမ်းကြား၊၂၃၂လမ်းအနီးမှာရှိ သည့်၎.၇၈ဧကလောက်ကျယ်ဝန်းသောRiverdale,Bronnခြံတွင်နေထိုင်ခဲ့သည်။ ၁၉၇၄ခုနှစ်နိုဝင်ဘာလ၂၅ရက်နေ့တွင်ဦးသန့်သည်အဆုတ်ကင်ဆာ ရောဂါနှင့်New Yorkမှာပင်ကွယ်လွန်ခဲ့သည်။ ဦးသန့်သည်ဒေါ်သိန်းတင်နှင့်ထိမ်း မြားလက်ထပ်ခဲ့ပြီးသမီးတစ်ဦး(သားဖြစ်သူမှာဦးသန့်တာဝန်ထမ်းဆောင်နေစဉ်သေဆုံးသွားကြောင်းအချို့မှတ်တမ်းများဖော်ပြသည်) မြေး၎ဦးနှင့်မြစ်၃ဦးထွန်းကားခဲ့ သည်။ဦးသန့်၏တစ်ဦးတည်းသောမြေးယောကျာ်ဖြစ်သည့်ဦးသန်းမြင့်သည့်သမိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီးကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာဌာနတွင်ဝါရင့်ဝန်ထမ်းတစ်ဦးဖြစ် သည်။The River of Lost Foot Steps စာအုပ်ကိုလည်းဦးသန်းမြင့်ကရေးသားထုတ်ဝေခဲ့သည်။
Credit-Tin Maung Hlaing
Credit~~ဦးသန့်အတ္ထုပတ္တိ The Express Times

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။