by မှူး သစ် on Sunday, October 9, 2011 at 9:46am ·
အဟောင်းကြီး ပြန် tag တား)
"ပန်းသီးတစ်လုံးအကြောင်း......."
မွေးခန်းထည်းတွင်..အမျိုးသမီးတစ်ယောက် နာကျင်စွာအော်ဟစ်နေသည်။
အခန်း အပြင် ကယောက်ကျား ဖြစ်သူသည် ခေါက်တုံ့ ခေါက်ပြန်လမ်း လျှောက်ရင်း
"တောက်"တွေ တခေါက်ခေါက် "ခေါက်"နေသည်။
အနည်းငယ်တော့ ထူးဆန်းနေသည်။ မိန်းမကလေးမွေးတာနဲ့ ဒီလူက ဘာဖြစ်လို့ ဒီလောက်တောင် "တောက်"တွေခေါက်နေရတာလည်း သူသိချင်သွားသည်။
မနေနိုင်မထိုင်နိုင် ယောက်ကျားဖြစ်သူကို သူမေးကြည့်မိလိုက်သည်။
"နေစမ်းပါဦးဗျ ခင်များက ဘာဖြစ်လို့ "တောက်"တွေ ဒီလောက်တောင်ခေါက်နေရတာလည်း"
ထိုလူက သူ့ကို မကျေမနပ်သည့်ပုံစံဖြင့်ကြည့်လိုက်ပြီး"ခင်များမကြား ဘူးလားဗျ အထည်းမှာ ကျန်တော့ မိန်းမ နာလွန်လို့ အော်နေတာ"
"အင်းလေ မိန်းမပဲဗျ ကလေးမွေးရင် နာတော့အော်မှာပေါ့ဗျ"
"အဲ့ဒါပေါ့ဗျာ ကျန်တော်ပြောတာ အဲ့ဒါကြောင့် ဧ၀ ဆိုတဲ့မိန်းမကို စိတ်တိုနေတာ သူကြောင့် ကျန်တော့ မိန်းမ ခုလို နာပြီးအော်နေရတာ သူကြောင့် သူမနေနိုင်လို့ ဖြစ်ရတာ"
ထိုလူဧ။်စကားကြောင့် သူရောင်ဝါးဝါး ဖြစ်သွားသည်။
”နေပါဦးဗျခင်များမိန်းမ ဗိုက်နာတာ နဲ့ ဘာကိစ္စ ဧ၀ ကိုစိတ်တိုနေရတာလည်း”ထိုလူကဘယ်ချိန်ထည်းကမှ ရင်ဖွင့်ချင်တယ်မသိ သူ့အမေးကို စိတ်လိုလက်ရဖြေသည်။
”ခင်များလည်းသိမှာပေါ့ ဗျာ ကမ္ဘာဦးအစတုန်းက ပန်းသီးအကြောင်းကို ဘုရားသ္ခင်က မစားနဲ့လို့ ပြောထားတဲ့ ပန်းသီးကို ဧ၀က မနေနိုင်မထိုင်နိုင် သွားစားမိလိုက်တော့ ဘုရာသ္ခင်အပြစ်ပေးတာခံရ တာလေ အဲ့ဒါပေါ့ဗျ သူလျှောက်လုပ်တဲ့ အပြစ်က ခုကျန်တော်မိန်းမပါ ခံနေရတယ် ဘယ်တရားမလည်းဗျာ ဘုရားသခင်ကလည်း မဟုတ်သေးပါဘူး အဖိုးလူသတ်တာကို မြေးကို ပါ ထောင်ထည်းဝင်နေခိုင်သလိုဖြစ်နေပြီ ဧ၀ ပန်းသီးစားတာနဲ့ ကျန်တော့မိန်းမ ဗိုက် သေအောင်နာနေရတာ တရားသလားခင်များစဉ်းစားကြည့်စမ်းပါ ”
”အဲ....”သူပြောတော့ ဟုတ်သလိုလို စဉ်းစားရခက်သွားသည်။
သူအတွေးကလည်း သူ့ဟာနှင့်သူမှန်နေသည်။သူလည်းချက်ချင်းဆိုသလို တွးမိတာလည်း တစ်ခုပြောလိုက်မိသည်။
”တကယ် ဆို ခင်များ အာဒံ ကိုတော့ ကျေးဇူးတင်သင့်တယ်ဗျ”သူ့ပြောစကားကြောင့် ထိုလူအနည်းငယ် ကြောင်သွားသည်။”
ဘာဖြစ်လို့လည်းဗျ
””အာဒံက ပန်းသီးကိုနောက်မှ စားလို့ပေါ့ဗျ တကယ်လို့ အာဒံသာက ပန်းသီးကို ဧ၀အရင် စားမိလိုက်ရင် အခုမွေးခန်းထည်း ရောက်နေတာ ခင်များမိန်းမ မဟုတ်ပဲ ခင်များဖြစ်နေမှာ ခင်များ အာဒံကို ကျေဇူးတင်နေရမှာ”သူစကားကြောင့် ထိုလူသူ့ကိုဘာပြန်ပြောရမှန်းမသိဖြစ်သွားပုံရသည်။
သူ စိတ်ပေါက်ပေါက် ဖြင့် ပြောလိုက်မိပြီးမှ သူကိုယ်တိုင် ပြန်တွေးမိပြီး ကျက်သီးတဖြန်းဖြန်းထသလိုခံစားလိုက်ရသည်။
မှူးသစ်
စာကြွင်း။ ။ စိတ်ကူးပေါက်ရာလျှောက်ရေးခြင်းဖြစ်သည်။
ချိုးရေ
ReplyDeleteပြုံးရယ်မိပါတယ်
အားပေးသွားပါတယ်ခင်ဗျ