Windows 8 သို့ ပြောင်းလဲသင့်တဲ့ အကြောင်းပြချက် ၄ ချက်
မကြာခင် အချိန်မှာ Windows 8 ဟာ တွင်ကျယ်လာတော့မှာပါ။ လက်ရှိ သုံးနေတဲ့ Windows ကို စွန့်လွှတ်ပြီး Windows 8 သုံးမယ်စဉ်းစားရင် Windows 8 ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် ၄ ချက်ကို ထည့်သွင်းနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။
Sync နဲ့ ဖြေရှင်းမဲ့ ကိစ္စရပ်များ
Microsoft ဟာ Windows 8 ကို cloud storage ကို စဉ်းစားပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Windows 8 ကို အသုံးပြုတဲ့အခါ Microsoft account ကိုသာ log in ဝင်ထားမယ် ဆိုရင် ကိုယ်သုံးနေကျ app တွေ ၊ preference တွေ အားလုံးကို cloud မှာ sync လုပ်ပြီး သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာကိုပဲ ရောက်ရောက် အခြား Windows 8 စက်တစ်လုံးမှာ ကိုယ့် account ကို log in ဝင်ပြီး သုံးလိုက်ရုံနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်စက် ကို အသုံးပြုရသလိုပဲ app တွေ preference တွေက အဆင်သင့် ရှိနေမှာပါ။
Refresh နဲ့ Reset
ကျွန်တော်တို့ နိုင်ငံရဲ့ ကွန်ပျူတာ အသုံးပြုမှုဟာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် အချိန် သိပ်မပေးပဲ Windows ကိုပဲ အသစ် ပြန်တင်လိုက်ကြတာ များတယ်လို့ ယူဆပါတယ်။ အခု ဒီလုပ်ဆောင်ချက် ၂ ခုက ဒီလို ကိစ္စရပ်တွေ အတွက် အဆင်ပြေ စေနိုင်ပါတယ်။ Refresh က personal file တွေ configuration setting တွေကို မပြောင်းလဲပေမဲ့ ထည့်သွင်း ထားတဲ့ app တွေကိုဖျက်ပြီး Windows ကို ပြန်တင်မှာဖြစ်ပါတယ်။ app တွေကိုတော့ folder နဲ့ သီးသန့်ထားပေးမှာဖြစ်တာကြောင့် ပြန်လိုအပ် လာရင် အလွယ်တကူ ပြန် install လုပ်နိုင်မှာ ဖြစ်ပါတယ်။ Reset ကတော့ စက်ကို စက်ရုံကလာတဲ့ အနေအထားဖြစ်အောင် ပြုလုပ်ပေးမှာပါ။ ကိုယ့်ရဲ့ ကွန်ပျူတာကို ရောင်းချ ချင်ရင်ပဲဖြစ်ဖြစ် ၊ လှုဒါန်းချင်ရင်ပဲ ဖြစ်ဖြစ် အသုံးတည့်မဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
သိမ်းဆည်းနိုင်အား
Windows 8 ရဲ့ အားသာချက် တစ်ခုကတော့ hard drive တွေ အားလုံးပေါင်းစည်းပြီး drive letter တစ်ခု တည်းနဲ့ ထားပေးနိုင်တာပါ။ ဒါကြောင့် အကယ်၍ နေရာ မလောက်ငှ တော့ဘူး ဆိုရင် USB hard drive လို drive တစ်ခုကို ချိတ်ဆက်ပေးလိုက်ရုံနဲ့ hard drive အသစ် အနေနဲ့ မဖော်ပြပဲ နဂို ရှိရင်းစွဲ drive မှာ သိုလောင်နိုင်စွမ်းအား (capacity) တိုးမြင့်ပေးနိုင်ပါတယ်။
USB hard drive ကို ဖြုတ်ပစ်လိုက်တာကြောင့် file ပြဿနာ တက်တာမျိုး ၊ data တွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ရှတာမျိုး တွေကို ကာကွယ်ဖို့အတွက် software based RAID စနစ် ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် hardware ပျက်စီးသွားတယ် ဆိုခဲ့ရင်တောင် data တွေကို ပြန်လည် ရယူ နိုင်ပါတယ်။
File History
Windows 8 မှာ ဖိုင်တွေ ဖျက်ပစ်တာ ၊ ပြောင်းလဲ ပြီးမှ ဖိုင် အဟောင်းကို ပြန်လိုချင်တာ စတဲ့ အခက်အခဲတွေ အတွက် File History ပါဝင်လာပါတယ်။ ကိုယ့်ရဲ့ ဖိုင်တွေ နဲ့ ပတ်သက်ပြီး Windows က မှတ်သားထားမှာ ဖြစ်သလို ပြောင်းလဲမှု မှတ်တမ်းကိုပါ ပူးတွဲ ထားရှိမှာပါ။ ဒါကြောင့် ဖိုင် တစ်ခုကို အရင် နေရာ ပြန်ရောက်ချင်ရင် အလွယ်တကူ restore ပြန်လုပ်နိုင်မယ်လို့ သိရပါတယ်။
Credit to: www.tu-lay.net
Thanks To: ကိုလတ်(ကျွဲဆင်း)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Window 8 လိုချင်တဲ့ သူငယ်ချင်းတွေကတော့ Window 8 AIO 16 IN 1 (64 + 32 Bit) ကို အောက်မှာ ဒေါင်းယူနိုင်ကြပါတယ်.... 500MB စီ ခွဲတင်ထားတာလေးကို ဒေါင်းရတာ အဆင်ပြေတဲ့ Link လေးတွေ့လို့ ပြန် Share ပေးလိုက်တာပါ... အဆင်ပြေကြပါစေ...။
Version's Included in this ISO are:
Windows 8 x86
Windows 8 N x86
Windows 8 Pro x86
Windows 8 Pro VL x86
Windows 8 Pro N x86
Windows 8 Pro with Media Center x86
Windows 8 Enterprise x86
Windows 8 Enterprise N x86
Windows 8 x64
Windows 8 N x64
Windows 8 Pro x64
Windows 8 Pro VL x64
Windows 8 Pro N x64
Windows 8 Pro with Media Center x64
Windows 8 Enterprise x64
Windows 8 Enterprise N x64
No product key is needed.
How To Use:
Use PowerISO to Burn it on a DVD5 or use USB
Install Windows 8
Done
Enjoy!!
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။