Aung Than Nyunt Aungnilai and You'realways Onmymind were tagged in Ifeel Cool's photo. — with Khit Lu Ngal and 35 others.
~ မာနစိတ် လေး ကင်းစေလို ~
မာနစိတ်သည် အတ္တစိတ်ကဲ့ သို့ မရှိမကောင်း ရှိမကောင်း သော စိတ်ပင်ဖြစ်ပေသည်။ လောကုတ္တရာသဘောအရ မာနစိတ်သည် မကောင်းသောစိတ်ပင်ဖြစ်သည်။ သို့သော...်လည်း လူမှုရေးလောကတွင် အတော်အသင့် ပိုင်းခြားခြင်းဖြင့် အသုံးဝင်အောင် အသုံးချနိုင်သော စိတ်မျိုးလည်းဖြစ်ပေသည်။
မာနစိတ်နှင့်ပတ်သက်လာလျှင် လူတို့ကအလွန်အကျွံအသုံးပြုတတ်သလို လွဲမှားစွာလည်း မာနပြိုင်ထားတတ် ကြသည်။ မာနမတက်သင့်သည့်နေရာတွင် မာနတက်ခြင်း ၊ လက်မထောင်ခြင်းတို့ကြောင့် အခွင့်အရေးမဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကာလူမုန်းခံရတတ်ပေသည်။ မည်သည့်အခြေအနေတွင်ရှိသူပင်ဖြစ် စေ ၊”ငါနှင့်ငါသာ နှိုင်းစရာ” ဟူ၍ မာနတက်နိုင်ကြသူချည်း။ခြင်္သေ့မင်းသာမဟုတ် ၊ ဖားသူငယ်လည်း မာနတက်နိုင်ပေသည်။ထို့ကြောင့်မာ နသည်လူတန်းစားတစ်ရပ်ရပ်အတွက်သာမ ဟုတ်ဘဲ လူသားအားလုံးတွင်ရှိနိုင်ပေသည်။ သို့ရာတွင်အများအားဖြင့်မာနတက်နိုင်သောအရှိန်အ၀ါ နောက်ခံကြီး
မားလေလေမာနအင်အားကောင်းလေလေ ဖြစ်တတ်ဧ။်။
မာနတက်သောအခါမိမိကိုယ် ၊မိမိအလုပ်၊မိမိခံယူချက်ကို ဟုတ်လှပီဟူ၍ အကြွင်းမဲ့ အလုံးစုံအကောင်းမြင်ပီး အခြားသူတစ်ပါးပတ်ဝန်းကျင် ကို စောင်းငဲ့ကြည့်ရှု တတ်နိုင်းစွမ်း မရှိတော့။ မိမိအမှားအယွင်း ၊ချို့တဲ့ချက် ၊ ချွတ်ယွင်းချက် တို့ကိုလည်း မမြင်နိုင်တော့ပေ။
အခြားသူဧ။်အမှားအပြစ်ကိုမှန်ဘီလူးနှင့်ကြည့်တတ်သလောက် မိမိအမှားအပြစ်အတွက်ကို စကေးချုံ့၍ကြည့်လာတတ်ဧ။်။ မာနစိတ်ကြောင့်လူအချင်းချင်းလည်း အဆင့်အတန်းခွဲခြား လာတတ်ပေသည်။ မိမိကိုယ် ကိုရွှေလင်ပန်းနှင့် အချင်းဆေးသည်ဟုအထင်ရောက်ကာ ဘ၀ပင်မေ့တတ်သည်။ မိမိအောက် ဂုဏ်သိမ်ရာထူးနိမ့်ကျသူ ကိုခေါ်ငင် ဆက်ဆံခြင်း ကြောင့်မိမိဧ။် အတိတ်ကာလ ကို အထင်အမြင်သေးကောင်းသေးသွားနိုင် သည်ဟု ယူဆသူလည်းထုနဲ့ထေး ။ သူတစ်ပါးကို ကျေးဇူးပြုခြင်းသည် မိမိအစွမ်းကို အဆင့်အတန်းနှိမ့်ရာ ရောက်သည်ဟူ၍ပင် မြင်လာတတ်ဧ။် ။
မိမိကိုကျေးဇူးပြုသူများကိုလည်း မိမိကို အောက်ချပံ့ပိုးသော မိမိအောက်နိမ့်ကျသူများသာဖြစ်သည်ဟု သဘောထားတတ်သေးသည်။ ထိုမာန တရားများသည် အရေးကြုံလာသောအခါ မှားယွင်းကြောင်း သိရှိလာတတ်ရပေသည်။
မာနကိုလွန်းမင်းစွာ မထားအပ်သည် မှန်သော်လည်း မိမိဧ။် ကိုယ့်ကျင့်သိက္ခာ ၊နိုင်ငံသားကောင်းပီသမှု ၊သစ္စာရှိမှု ၊သဘောထားကြီးမှု စသောအရည်အချင်းကောင်းများကို လျော့ပေါ့မပေးမိအောင် မာနထားသင့်သည်ကိုကား ထားရပေလိမ့်မည်။ အဆင်းရဲသာခံမည် သိက္ခာကျမခံဟူသော မာနမျိုးကားရှိသင့်ပေသည်။ဤသည်မှာ တက်ကြွထောင်လွှားမှုမျိုးမဟုတ်ဘဲ ၊ အညံ့မခံလိုခြင်း မိမိဧ။်အရည်သွေး ဇာတိမာန်အတွက်ဂုဏ်ယူခြင်းမျိုးပ င်ဖြစ်ပေသည် ။
အချုပ်အားဖြင့်ဆိုရလျှင် လွဲမှားသော မာနကြောင့် မိမိအခွင့်အလမ်း ပိတ်ခြင်း ၊အကြည်ညိုမဲ့ခံရခြင်း မရှိအောင် သတိပြု၍ မွန်မြတ်လှသော မာနစိတ်မျိုးဖြင့် မိမိကိုယ်ကိုထိန်းသိမ်းနိုင်အော င် ကြိုးစားရပေမည်။
ကိုးကား - လှသမိန် (စိတ်ပျိုးထောင်နည်း)
မာနစိတ်သည် အတ္တစိတ်ကဲ့ သို့ မရှိမကောင်း ရှိမကောင်း သော စိတ်ပင်ဖြစ်ပေသည်။ လောကုတ္တရာသဘောအရ မာနစိတ်သည် မကောင်းသောစိတ်ပင်ဖြစ်သည်။ သို့သော...်လည်း လူမှုရေးလောကတွင် အတော်အသင့် ပိုင်းခြားခြင်းဖြင့် အသုံးဝင်အောင် အသုံးချနိုင်သော စိတ်မျိုးလည်းဖြစ်ပေသည်။
မာနစိတ်နှင့်ပတ်သက်လာလျှင် လူတို့ကအလွန်အကျွံအသုံးပြုတတ်သလ
မားလေလေမာနအင်အားကောင်းလေလေ ဖြစ်တတ်ဧ။်။
မာနတက်သောအခါမိမိကိုယ် ၊မိမိအလုပ်၊မိမိခံယူချက်ကို ဟုတ်လှပီဟူ၍ အကြွင်းမဲ့ အလုံးစုံအကောင်းမြင်ပီး အခြားသူတစ်ပါးပတ်ဝန်းကျင် ကို စောင်းငဲ့ကြည့်ရှု တတ်နိုင်းစွမ်း မရှိတော့။ မိမိအမှားအယွင်း ၊ချို့တဲ့ချက် ၊ ချွတ်ယွင်းချက် တို့ကိုလည်း မမြင်နိုင်တော့ပေ။
အခြားသူဧ။်အမှားအပြစ်ကိုမှန်ဘီလ
မိမိကိုကျေးဇူးပြုသူများကိုလည်း
မာနကိုလွန်းမင်းစွာ မထားအပ်သည် မှန်သော်လည်း မိမိဧ။် ကိုယ့်ကျင့်သိက္ခာ ၊နိုင်ငံသားကောင်းပီသမှု ၊သစ္စာရှိမှု ၊သဘောထားကြီးမှု စသောအရည်အချင်းကောင်းများကို လျော့ပေါ့မပေးမိအောင် မာနထားသင့်သည်ကိုကား ထားရပေလိမ့်မည်။ အဆင်းရဲသာခံမည် သိက္ခာကျမခံဟူသော မာနမျိုးကားရှိသင့်ပေသည်။ဤသည်မှ
အချုပ်အားဖြင့်ဆိုရလျှင် လွဲမှားသော မာနကြောင့် မိမိအခွင့်အလမ်း ပိတ်ခြင်း ၊အကြည်ညိုမဲ့ခံရခြင်း မရှိအောင် သတိပြု၍ မွန်မြတ်လှသော မာနစိတ်မျိုးဖြင့် မိမိကိုယ်ကိုထိန်းသိမ်းနိုင်အော
ကိုးကား - လှသမိန် (စိတ်ပျိုးထောင်နည်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။