Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 27, 2013

မမေ့နိုင်စရာ ဖေဖော်ဝါရီ

မမေ့နိုင်စရာ ဖေဖော်ဝါရီ

ယခုဆိုလျှင် ဇန်န၀ါရီလတောင် ကုန်လုလို့ ဖေဖော်ဝါရီလထဲသို့ ချဉ်းနင်းဝင်ရောက်တော့မည်။ ဆောင်းကုန်လို့ နွေလည်းပေါက်လာတော့မည်ဖြစ်ပါသည်။ ဖေဖော်ဝါရီဆိုလျှင် မြန်မာနိုင်ငံသားအားလုံးအတွက် နေ့ထူးနေ့မြတ်ကြီး နှစ်ခုရှိပါသည်။ တစ်ခုက ယခုကဲသို့သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်ထွန်းသန္ဓေတည်ရာ ပြည်ထောင်စုနေ့ဖြစ်ပြီး နောက်ထပ်နေ့မြတ်တစ်ခုကတော့ ပြည်ထောင်စု၏ ဖခင် တပ်မတော်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ပဲဖြစ်ပါသည်။


ဒါပေမယ့် မြန်မာနိုင်ငံမှာ အလွန်ဝမ်းနည်းဖွယ်ရာ အကြောင်းရင်းတစ်ခုရှိပါသည်။ တခြားမဟုတ် ဗိုလ်ချုပ်မွေးနေ့ထက် ပြည်ထောင်စုနေ့ထက် မိမိနှင့်လားလားမျှ မသက်ဆိုင်သော ဥရောပယဉ်ကျေးမှု ချစ်သူများနေ့ ဗယ်လင်တိုင်းဒေးကို မျှော်လင့်နေကြခြင်းပင်။ ဟယ် ဗယ်လင်တိုင်းဒေး ရောက်တော့မှာပဲ ချောကလက်စားရမလား ဘာမလားနှင့် စိတ်ကူးယဉ်နေသော လူငယ်များ ထုနှင့်ဒေးပါ။ ဟုတ်ကဲ့ ကျွန်တော့်ကိုမေးနိုင်ပါသည်။ ချောကလက်ကြိုက်လား ကြိုက်ပါသည်။ စားချင်ပါသလား စားချင်ပါသည်။ ဒါပေမယ့် ဗယ်လင်တိုင်းဒေးမှာတော့ မဟုတ်ပါ။ တပ်မတော် လေ သူရဲတစ်ဦး ရရှိသည့် ချောကလက် ရာရှင်ကိုတော့ ကြိုက်နှစ်သက်ပါသည်။ ငယ်စဉ်ကတည်းက လေသူရဲဆို ချောကလက်စားရတယ်ကွလို့ ဟစ်ကြွေးပြီး လေသူရဲဖြစ်ချင်ခဲ့ပါသည်။ အမိနိုင်ငံတော်ကို ကာကွယ်ချင်ခဲ့ပါသည်။

ကျွန်တော့်ဘ၀မှာ ယနေ့ထက်တိုင် ဗယ်လင်တိုင်းဒေး တစ်ခါမျှ သတိမရဘူးပါ။ ပွဲလည်းမလုပ်ဘူးပါ။ ကျွန်တော့်ချစ်သူကလည်း ကျွန်တော့်အကြောင်းကို သိသည်နှင့် သူကိုယ်တိုင်လည်း ကျွန်တော်နှင့်ထပ်တူ စိတ်ပါဝင်စားမှုမရှိသဖြင့် တစ်ခါမျှ ဗယ်လင်တိုင်းဒေးဆိုတာကို အရေးတယူမရှိနေပါ။ ကျွန်တော်ပြောပြချင်ပါသည်။ ကျွန်တော် သူတစ်ပါးယဉ်ကျေးမှုကို မကန့်ကွက်ပါ မရှုံ့ချပါ။ ငြိမ်းချမ်းသော ချစ်သူများနေ့ ကျင်းပတာ ဘာမကောင်းလည်းဟု မေးမြန်းပါက ပြန်လည်ဖြေပါမည်။ မကောင်းတာမရှိပါ။ ဒါပေမယ့် မသင့်တော်တာတော့ရှိပါသည်။

မိမိနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပါသည်။ ယခုမှ ဒီမိုကရေစီစနစ်ကို အစပျိုးကာ တိုင်းပြည်ကို ပိုမိုတိုးတက်အောင် တည်ဆောက်နေဆဲကာလလည်း ဖြစ်ပါသည်။ ယခုအချိန်တွင် နိုင်ငံသူ နိုင်ငံသားများသည် မိမိဘ၀ကို နိုင်ငံတော် တိုးတက်ရေးအတွက် များစွာ ခွန်အားစိုက်ထုတ်ကာ ကြိုးပမ်းရမည့် ကာလပင်ဖြစ်ပါသည်။ တိုင်းပြည်သည် အမှန်တကယ်တော့ လူငယ်များ၏ လက်ထဲတွင်ရှိပါသည်။ လူငယ်များလက်ထဲမှာမှ ရေပေါ်ဆီ စိတ်ဓါတ်ရှိသော လူငယ်များလက်ထဲသို့ ကျရောက်သွားခဲ့လျှင် မတွေးဝံ့စရာဖြစ်ပါသည်။ အမျိုးသမီးများသည် မိခင်လောင်းများဖြစ်ပါသည်။ မိခင်လောင်းများသည် မိမိကိုယ်တိုင် မထိန်းကျောင်းနိုင်လျှင် မိမိသားသမီးကို မည်သို့ ဆိုဆုံးမ သွန်သင်မည်ကို တွေးမိရန်လိုအပ်ပါသည်။ မိမိသားသမီးကိုမဆိုထားနှင့် မိမိကိုယ်တိုင်တောင် ထိန်းသိမ်းနိုင်စွမ်းမရှိသော အမျိုးသမီးများ များပြားလာလျှင် တိုင်းပြည်၏ အနာဂတ်မှာ မတွေးဝံ့စရာဖြစ်လာနိုင်ပါသည်။ သို့ပါသောကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံများ ပျော်ပါးခြင်းထက် အနည်းငယ်လျော့ပြီး ကြိုးစားမှုကို ရှေ့တန်းတင်ကာ ကုန်ဆုံးသော အားအင်အတွက် စိတ်စွမ်းအားများ ပြန်လည်ဖြည့်တင်းယုံသာ အပျော်အပါးကို ပြုလုပ်သင့်ပါသည်။ မိမိကိုယ်တိုင်လည်း မထိခိုက် သူတပါးလည်း မနစ်နာသော ပျော်ရွှင်မှုမျိုးကိုသာ ပြုလုပ်သင့်သည်ဟု ယုံကြည်ပါသည်။

သို့သော်။ ယခုအခါတွင် လူငယ်အများစုနှင့် ဘနဖူး သိုက်တူးသော စီးပွားရေးသမား အများစုသည် မိမိကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ပြီး သင့်၏ မသင့်၏ မစဉ်းစားသော ပျော်ရွှင်မှုများစွာကို ကျင်းပကြသည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရပါသည်။ ယမန်နှစ်က သီချင်းဆိုပွဲလာရောက်ကြည့်ရှုသူ လူငယ်စုံတွဲများကို အခန်းမဲဖောက်ပေးမယ်ဟု ကြေငြာခဲ့သည်အထိ တဖြည်းဖြည်း ပြင်းထန်လာပါသည်။ လူငယ်များကိုလည်း အသေအချာစဉ်းစားစေချင်ပါသည်။ မိမိအပျော်မှာ မိမိဒုက္ခနှင့် မိမိ မိဘ မိသားစု ရှေ့ရေးကို ထိခိုက်နိုင်လား စဉ်းစားသင့်ပါသည်။ ငွေရှိသော စီးပွားရေးသမားများသည် မိမိငွေရရေးကိုသာ ရှေ့တင်မှုများပါသည်။ သူတို့ဘ၀သည် ငွေရှိသောကြောင့် အန္တရာယ်မရှိပါ။ ဆင်းရဲမသွားပါ။ ပိုလို့တောင်ချမ်းသာလာပါလိမ့်မည်။ ဆင်ပိန်တော့ ကျွဲဆိုတဲ့ စကားပုံတောင် ရှိပါသည်။ ယခုတော့ သာမန်မြန်မာပြည်သူများအနေဖြင့် မိမိလုပ်အားခ ငွေဖြင့် ရောင့်ရဲနေရသည့်ကာလ၌ လုပ်သင့်မလုပ်သင့်ကို ချင့်ချိန်သင့်ပါသည်။ မိမိသိက္ခာကိုလည်း ထည့်တွက်ရပါမည်။ မိမိ ချစ်သူ၏ ရှေ့ရေးကိုလည်း စဉ်းစားပေးရပါလိမ့်မည်။

နောက်တစ်ခုက အခုဆိုရင် social media ဖြစ်သော facebook သည် လွန်စွာခေတ်စားလာပါသည်။ ထိုသို့ခေတ်စားလားသော facebook တွင် February လအတွင်း ပေါ်ပေါက်လာသော status အများစုမှာ ဗယ်လင်တိုင်းဒေးနှင့် ပတ်သက်မှုက အတော်ပင် များပြားပါသည်။ ကြည့်မကောင်းအောင်ပင် ဖြစ်ပါသည်။ ဒီနှစ် ငါဘယ်လို ကြိုးစားမလဲ ခု တိုင်းပြည်အခြေအနေဘယ်လိုလဲ နိုင်ငံခြား ရင်နှီးမြုတ်နှံမှုလာရင် ငါဘယ်လို လုပ်မလဲ ခုဆို ငါ တကယ် လုပ်ငန်းတတ်ကျွမ်းပြီလား တစ်နှစ်ကုန်လို့ ငါ့အသက်ကြီးလာပြီး ဘ၀တည်မြဲဖို့ ဘယ်လိုလုပ်မလဲ စသည်ဖြင့် တွေးတောမည့်အစား ဒီနှစ်တော့ ချောကလက် စားရပါ့မလား မသိဘူး၊ ငါ့ အချစ်လေး သူများနောက် ပါသွားလို့ပေါ့ကွာ။ ဒီနှစ် ဘယ်ဟိုတယ်ကို ခုကတည်းက ဘိုကင်တင်ထားမလဲ၊ ဘယ်ရှိုးသွားကြည့်ရမလဲ၊ အင်း အများကြီးပဲ ဘယ်သူ့ကို ချောကလက် အရင် ကျွေးရမလဲ စသဖြင့် စဉ်းစားနေသော status အများအပြားကို ဖတ်မိပါသည်။ မင်းမဖတ် မနေနဲ့ပေါ့ဟု ပြောလျှင်ပြောပါ ဒါလွတ်လပ်ခွင့်လို့လဲ ဟစ်ကြွေးလျှင်ကြွေးပါ ကျွန်တော် တစ်ခုတော့ ပြန်မေးပါမည် သင် မည်သို့ သင့်ဘ၀ကို တည်ဆောက်ခဲ့ပြီးပြီလဲ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ တိုင်းပြည်ရှေ့ရေးကို ဘယ်လိုစဉ်းစားထားလည်း သင့် ၀င်ငွေကကော မိသားစုအတွက် လောက်ငပြီလား သင့်ဘ၀ကကော ဖဲမွေ့ရာပေါ်မှာလဲလျောင်းနေပြီလား၊ သင့် စိတ်ဓါတ်က တကယ်ပဲ တိုင်းပြည်ကို ချစ်လို့လား၊ မေးမြန်းလိုပါသည်။

တကယ်တန်း မြန်မာပြည်သူတစ်ယောက်အနေဖြင့် စဉ်စားသင့်သည်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ဘ၀နှင့်ရင်းပြီး တည်ဆောက်ခဲ့သော ပြည်ထောင်စုကြီး ညီညွတ်အောင် ခေတ်မီဖွံ့ဖြိုးအောင် ကမ္ဘာ့အလယ်မှာ ၀ံ့ကြွားအောင်ပြုလုပ်ရန်သာဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ ဆိုသည့် ငယ်စဉ်က သင်ခဲ့ရသော ကဗျာလေးမှာ အလဟသမဖြစ်စေလိုပါ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တိုင်းပြည်ပိုမို စည်းလုံးစေဖို့ပါ။ အခုအချိန်မှာ မြန်မာပြည်မြောက်ပိုင်းဟာလည်း မငြိမ်းချမ်းသေးပါ။ ရခိုင်ပြည်နယ်မှာလည်း ခပ်လှုပ်လှုပ်ပါ။ FDI ဆိုတာလည်း ဘယ်နေမှန်းမသိသေးပါ။ ဘဏ်စနစ်တွေလည်း ဖွံ့ဖြိုးရန်လိုပါသေးသည်။ ကျွမ်းကျင်ဝန်ထမ်းတွေလည်း မွေးထုတ်ရပေဦးမည်။ လူနေမှုစနစ်နှင့် တစ်ဦးချင်း စည်းကမ်းလည်း မြင့်တင်ရန်လိုအပ်နေသေးသည်။ နိုင်ငံ့ရှေ့ရေးကိုလည်း အစီအစဉ်ဆွဲရဦးမည်။ ပြောရရင်တော့ ကျွန်တော်တို့ နိုင်ငံတော်မှာ လိုအပ်နေတာတွေ အများကြီးပါ။ ခုလို ကူးပြောင်းကာလမှာ ပြည်သူလူထု ကိုယ်၌ကလည်း ပိုမိုကြိုးစားပြင်ဆင်ရင် နိုင်ငံတော်ကြီးကို ထိန်းကျောင်းပေးစေချင်ပါသည်။ ကျွန်တော် ယခင်ကပြောခဲ့သလို ရော့အပ်ချလောင်းမဖြစ်လာပါ။ တောင်ကိုးရီးယား တိုးတက်ပါတယ်။ သူတို့ ခုပြနေတဲ့ ရုပ်ရှင်တွေလို နင့်လင်ငါယူ ငါ့လင်နင်ယူ ကြောင့်တော့ မဟုတ်ပါ စာဖတ်ပါတယ်။ ကြိုးစားပါတယ်။ အမျိုးသားရေးစိတ်ဓါတ်ပြင်းပါတယ်။ ဂျပန်ဟာ အနုမြူဒဏ်ကို ခံခဲ့ရတဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးနိုင်ငံပါ။ တိုးတက်ပါတယ် ဖွံ့ဖြိုးပါတယ်။ အဲဒါတွေဟာ ဗယ်လင်တိုင်းဒေးနှင့် အပျော်တွေကြောင့်တော့ မဟုတ်ပါ။ ကြိုးစားလိုစိတ် တာဝန်ယူလိုစိတ်နှင့် ပြင်းထန်သော အမျိုးသားရေး စိတ်ဓါတ်များကြောင့်ပင်ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုးအခြေအနေတွေမှာ တကယ်တန်း လိုအပ်နေ့တဲ့ ဖေဖော်ဝါရီလရဲ့ နေ့ ၂ ရက်ကတော့ ၁၂ နှင့် ၁၃ သာဖြစ်ပါကြောင်းပြောကြားရင် နိဂုံးချုပ်အပ်ပါသည်။

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။