You'realways Onmymind
အချစ်ဆိုတာ ဘာလဲလို့ မသိကြလို့ မေးတာလား။ ပိုပြီး သိချင်လို့မေး တာလား။ ကိုယ်သိတဲ့ အချစ်နဲ့ အခြားသူသိတဲ့ အချစ် ဘာကွာခြားလဲ သိချင်လို့ မေးတာလား။ မေးခွန်းမေးတဲ့ သူရဲ့  ဆိုလိုရင်းကိုမသိပေမယ့်
အချစ်ဆိုတာ ပြောပြတာထက် ကိုယ်တိုင်ကြုံဖူးမှ သိနိုင်တဲ့အရာဖြစ်လို့ ကိုယ်တိုင် ချစ်ကြည့်လိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပဲ
... Unique ဖြစ်တာမို့လို့ ကိုယ်တိုင် ခံစားကြုံတွေ့ ကြည့်လိုက်ပါ။
ကိုယ်ကြုံတွေ့ နေရတဲ့ အချစ်၊ ကိုယ်မြင်တွေ့နေရတဲ့ အားကျစရာ အချစ်၊
ကိုယ်မြင်တွေ့ နေရတဲ့ ရင်နာစရာ အချစ်၊ ကိုယ်ဖြစ်ချင်တဲ့ နှစ်လိုဖွယ်ရာ အချစ်၊ စတဲ့စတဲ့ အချစ် ပုံစံပေါင်းများစွာတွေ့မြင်ကြံ
အချစ်ဆိုတာ အထူးသဖြင့် ကိုယ့်အတွက် ဖြစ်တည်ခဲ့တဲ့ အချစ်၊ ကိုယ့်အ တွက် ဖြစ်တည်လာမယ့် အချစ်၊ ကိုယ့်အတွက် ဖြစ်တည်နေတဲ့ အချစ်၊
ဒါတွေက ကိုယ့်အတွက်ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင် ပဲတစ်ဦးတည်းပိုင် အချစ်ပါပဲ။
ချစ်ကြည့်လိုက်ပါ။ ပူလောင်တတ်တဲ့ အချစ်၊ အေးမြတတ်တဲ့ အချစ်၊
ငိုကြွေးရတဲ့ အချစ်၊ ပျော်ရွှင်ရတဲ့ အချစ်၊ ၀မ်းနည်းရတဲ့အချစ်၊ ၀မ်းသာရတဲ့ အချစ်၊ တစ်ကိုယ်ကောင်းဆန်တဲ့အချစ်၊ မျှဝေတတ်တဲ့ အချစ်၊ သစ္စာမဲ့တဲ့ အချစ်၊ သစ္စာရှိတဲ့ အချစ်၊ စတဲ့စတဲ့ အချစ် လောကဓံ တွေများစွာကြုံတွေ့ ခံစားရနိုင်ပေမယ့်……….
အချစ်ဆိုတာ ချစ်တတ်သူများအတွက်ပဲ ဖြစ်တာကြောင့် ချစ်တတ်တဲ့ သူတွေပဲ သိနိုင်တဲ့ အလွန်ပဲလေးနက်သိမ်မွေ့ ပြီး သက်မှတ်ချက်တွေနဲ့ ကန့်သတ်လို့မရတဲ့အဆုံးအစမရှိတ
ရေးသားသူ။ ။ ကောင်းမြတ်ထွန်းSee More
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။