Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Thursday, January 31, 2013
အိမ်ရှင်မတို့သိထားသင့်တဲ့ နွားနို့အကြောင်း
ရုပ် ဆိုး shared FOOD Magazine's photo.
အိမ်ရှင်မတို့သိထားသင့်တဲ့ နွားနို့အကြောင်း
*****************************
• ဒေါက်တာလှကြည်
 အိမ်မွေးတိရစ္ဆာန်တွေရဲ့နို့ကို အာ
ဟာရဓာတ်တွေကြွယ်ဝတဲ့အစားအ
သောက်အဖြစ် လူတွေသောက်သုံးခဲ့ကြ
တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ 
 ဒီဆောင်းပါးမှာ မြန်မာတွေ အများ
ဆုံးသောက်သုံးကြတဲ့နွားနို့အကြောင်း
ကို အဓိက ထားပြီးတင်ပြပါမယ်။ အခြား 
တိရစ္ဆာန်နို့တွေကိုတော့လိုအပ်သလို 
နွားနို့နှင့် နှိုင်းယှဉ် တင်ပြသွားပါမယ်။
 နွားနို့ဟာ အသက်တစ်နှစ်ကျော်
ပြီးတဲ့ ကလေးသူငယ်တွေကအစ လူကြီး၊
လူငယ်၊ လူရွယ်၊ လူလတ် အရွယ် အား
လုံးရဲ့ အာဟာရနှင့်ကျန်းမာရေးကို အ
ကျိုးပြုတဲ့အတွက် အိမ်တိုင်းရဲ့ မီးဖိုဆောင် 
(ရေခဲသေတ္တာ) ထဲမှာ အမြဲရှိနေသင့်တဲ့
အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ 
တိရစ္ဆာန်နို့အမျိုးမျိုးမှာပါဝင်တဲ့  ပင်မ အာ
ဟာရ (Macro-nutrient)  သုံးမျိုးဖြစ်တဲ့
ပရိုတင်း (Protein)၊ အဆီ(Fat)  နှင့် 
လက်တို့စ် သကြား (Lactose) တွေရဲ့ 
ပမာဏတွေကို အောက်မှာ င့် ဖော်ပြထားပါတယ်။
*** တိရစ္ဆာန်နို့အမျိုးမျိုး ၁၀၀-မီလီလီတာတွင် 
ပါဝင်သော ပင်မ အာဟာရဓာတ်များ ***
ကျွဲနို့  
****
ပရိုတင်း - ၃ . ၆ (ဂရမ်)
အဆီ - ၇ . ၄(ဂရမ်)
သကြား - ၅ . ၅(ဂရမ်)
နွားနို့
****
ပရိုတင်း - ၃ . ၄  (ဂရမ်)
အဆီ  - ၃ . ၇ (ဂရမ်)
သကြား - ၄ . ၈ (ဂရမ်)
ဆိတ်နို့
***** 
ပရိုတင်း -၂ . ၉   (ဂရမ်)
အဆီ  - ၄ . ၅ (ဂရမ်)
သကြား - ၄ . ၁(ဂရမ်)
မြင်းနို့
*****
ပရိုတင်း - ၂ . ၅   (ဂရမ်)
အဆီ  - ၁ . ၉ (ဂရမ်)
သကြား - ၆ . ၂ (ဂရမ်)
သိုးနို့ 
*****
ပရိုတင်း - ၅. ၅   (ဂရမ်)
အဆီ  - ၁ . ၉ (ဂရမ်)
သကြား - ၄ . ၈(ဂရမ်)
နို့ထဲက ပရိုတင်းများ
***************
 မြန်မာတွေသောက်သုံးလေ့ရှိတဲ့
ကျွဲနို့၊  နွားနို့၊  ဆိတ်နို့ ဆိုတဲ့  နို့သုံးမျိုးအနက် 
ပရိုတင်းပါဝင်မှုအနေနဲ့ဆိုရင် ကျွဲနို့၁၀၀-
မီလီလီတာမှာ ၃ . ၆- ဂရမ်နှင့် နွားနို့မှာ
၃ . ၄-ဂရမ်ဖြစ်တဲ့အတွက်   သိပ်မကွာလှ
ပါဘူး။ ဆိတ်နို့ ၁၀၀-မီလီလီတာမှာ
တော့ ပရိုတင်း ၂ . ၉-ဂရမ်သာ ပါတဲ့
အတွက် သိသိသာသာ နည်းပါတယ်။
 မြင်းနို့မှာလည်း ပရိုတင်းပါဝင်မှု(၂ . ၅-
ဂရမ်) ဟာ နည်းတယ်လို့ ဆိုနိုင်ပြီး သိုးနို့
မှာပါတဲ့ ပရိုတင်း (၅. ၅-ဂရမ်) က တော့
သိသိသာသာ များနေပါတယ်။
 တိရစ္ဆာန်နို့တွေမှာပါဝင်တဲ့ပရိုတင်း
တွေဟာအရည်အသွေးအလွန်ကောင်း
ပါတယ်။  မရှိမဖြစ် အမိုင်နို အက်စစ် 
(Essential Amino Acid)  တွေ အစုံအလင်
ပါဝင်ပါတယ်။ ခန္ဓာကိုယ် တည်ဆောက်
ပြုပြင်ရေး လုပ်ငန်းတွေမှာ အလွန်အသုံး
ကျပါတယ်။ ဒါကြောင့်  အသက်တစ်နှစ်
ကျော်ပြီးတဲ့ကလေးတွေနှင့် လူငယ်တွေ 
နို့ကို မှန်မှန်သောက်သုံးမယ်ဆိုရင် ပရို
တင်းတွေက အရိုးနှင့်ကြွက်သားများတည်
ဆောက်မှုကို အားပေးတဲ့အတွက် ထွား
ကျိုင်းသန်မာစေပါတယ်။ လူကြီးတွေမှာ
လည်း နို့သောက်ခြင်းအားဖြင့် အသက်
ကြီးခြင်းနဲ့တွဲနေတဲ့ ကြွက်သားများကြုံ
လှီလာခြင်း၊ အရိုးများကြံ့ခိုင်မှု လျော့
နည်းလာခြင်းတို့ကိုနှေးကွေးစေနိုင်ပါတယ်။ 
နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း 
(Cow’s Milk Protein Allergy)
************************
 လူရဲ့ခန္ဓာကိုယ်ဟာ မိမိမှာမရှိတဲ့
ပရိုတင်းအမျိုးအစားတွေ ခန္ဓာကိုယ်ထဲ
ကိုတစ်နည်းနည်းနှင့် ၀င်လာရင်လက်မခံ
ပါဘူး။ သူစိမ်း၊ ရန်သူသဖွယ် တုံ့ပြန်ပြီး 
ခန္ဓာကိုယ်ထဲကနေထုတ်ပစ်ဖို့ နည်းမျိုးစုံ
နဲ့ ကြိုးစားတတ်ပါတယ်။ (လူတစ်ယောက်
ရဲ့ခန္ဓာကိုယ်ထဲကို မတူတဲ့သွေးအုပ်စုမှ 
သွေးတစ်မျိုးမျိုး သွင်းပေးမိရင် အသက် 
အန္တရာယ်ဖြစ်တာဟာ ဒီသဘောပဲ ဖြစ်ပါ
တယ်)။  ပရိုတင်းဆိုတာ အမိုင်နိုအက်စစ် 
(Amino Acids)  တွေ အမြောက်အမြား 
တွဲစပ်ထားခြင်း ဖြစ်ပါတယ်။ အစားအစာ
ထဲက ပရိုတင်းတွေမှာ အမိုင်နိုအက်စစ်
တွေတွဲစပ်ထားတဲ့အစီအစဉ်နဲ့ ခန္ဓာကိုယ်
ထဲမှာ ထုတ်လုပ်တဲ့ ပရိုတင်းတွေမှာ အ
မိုင်နိုအက်စစ်တွေ တွဲစပ်ထားတဲ့ အစီ 
အစဉ်ဟာ မတူကြပါဘူး။  ကွာခြားပါ
တယ်။ ဒီကွာခြားချက်ကို မှတ်မိနေတဲ့
အတွက် ခန္ဓာကိုယ်ဟာ အစားအစာတွေ
ထဲကပရိုတင်းတွေကို သူစိမ်းလိုသိနိုင်
ခြင်း ဖြစ်ပါတယ်။ သူစိမ်းပရိုတင်းတွေ 
ဝင်လာတာကိုခုခံတိုက်ခိုက်ခြင်းဟာ
 ဓာတ်မတည့်ခြင်း (Allergy) တစ်မျိုးဖြစ်ပါတယ်။ 
 ကလေးတွေမှာ နွားနို့ပရိုတင်းနှင့် 
ဓာတ်မတည့်သူတွေရှိပါတယ်။လူကြီး
တစ်ယောက် နွားနို့သောက်တယ်ဆိုရင် 
နွားနို့ထဲကပရိုတင်းတွေဟာ လူကြီးတစ်
ယောက်ရဲ့အူထဲကို  တိုက်ရိုက်စုပ်ယူခြင်း
မခံရ (၀င်မသွားနိုင်) ပါဘူး။ ပရိုတင်းတွေ
ဟာအူထဲမှာ ပထမအဆင့်အနေနဲ့ ပက်(ပ်)
တိုက်(Peptide)  ဆိုတဲ့ ဓာတ်ပေါင်းတွေ 
အဖြစ်  ပြိုကွဲသွားပါတယ်။ ပက်(ပ်)တိုက်  
(Peptide)  တွေဟာ အမိုင်နိုအက်စစ်တွေ
အဖြစ် ထပ်မံ ပြိုကွဲရပြန်ပါတယ်။ အမိုင်နို
အက်စစ်တွေသာအူထဲကိုစုပ်ယူခံရ (၀င်သွား)ပါတယ်။  
ခန္ဓာကိုယ်ထဲ ရောက်
လာတဲ့ အမိုင်နိုအက်စစ်တွေကို မိမိကိုယ်
ပိုင်အစီအစဉ်အတိုင်း ပရိုတင်းအသစ်
တွေ ပြန်လည်တည်ဆောက်ယူပါတယ်။ 
ရက်သား၊ လသား ကလေးတွေမှာတော့
သူတို့ရဲ့အူနံရံဟာ လူကြီးတွေရဲ့အူနံရံလို 
မခိုင်ခန့်ပါဘူး။ ဒါကြောင့် နွားနို့ထဲက
ပရိုတင်းတွေဟာ မပြိုကွဲဘဲ ကလေးရဲ့အူ
ထဲကို  တိုက်ရိုက်စုပ်ယူခံရပြီး ၀င်သွားနိုင်
ပါတယ်။ ၀င်လာတဲ့ပရိုတင်းတွေထဲက 
အမိုင်နိုအက်စစ်တွေတွဲထားပုံ အစီအ
စဉ်ကိုကြည့်ပြီး သူစိမ်းမှန်းသိတဲ့အတွက် 
ကလေးရဲ့ခန္ဓာကိုယ်က လက်မခံချင်တဲ့
သဘောနဲ့ နည်းအမျိုးမျိုးသုံးပြီး တုံ့ပြန်
ကြပါတယ်။ အဲသလို ခုခံတုံ့ပြန်မှု(Immune Response)  ကြောင့် ဓာတုပစ္စည်းအမျိုးမျိုးထွက်လာပြီး
ပွခြင်း၊ ဗိုက်နာခြင်း၊ ယားယံခြင်း၊ အဖု 
အပိမ့်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ ရင်
ကျပ်ခြင်း စတဲ့ဝေဒနာတွေ ခံစားရတာ ဖြစ်ပါတယ်။ လသားအရွယ်ကလေးတွေ
ကို မိခင်နို့သာ တိုက်ကျွေးခြင်း၊ မွေးစမှ ၆-လထိ ကလေးတွေကို မိခင်နို့တစ်မျိုး
တည်း တိုက်ကျွေးခြင်း၊ အသက် တစ်နှစ်
ကျော်မှသာ နွားနို့စတဲ့ တိရစ္ဆာန်နို့တွေ 
တိုက်ကျွေးခြင်းဖြင့် ကလေးတွေမှာ နို့ပရို
တင်းနဲ့ ဓာတ်မတည့်ခြင်းကို ရှောင်နိုင် ကာကွယ်နိုင်ပါတယ်။ 
နို့ထဲက အဆီများ
*************
 ကျွဲနို့၊ နွားနို့၊ ဆိတ်နို့ ဆိုတဲ့ နို့
၃ မျိုးအနက် ကျွဲနို့ ၁၀၀ မီလီလီတာမှာ  
အဆီ ၇ . ၄ -ဂရမ် ပါတဲ့ အတွက် အများ
ဆုံးဖြစ်ပြီး၊ နွားနို့မှာ  အဆီ ၃ .  ၇-ဂရမ်သာ 
ပါတဲ့အတွက် အနည်းဆုံးဖြစ်ပါတယ်။ 
ဆိတ်နို့မှာ  အဆီ ၄ . ၅-ဂရမ် ပါတဲ့အတွက် 
နွားနို့ထက်များပေမယ့် ကျွဲနို့ကိုတော့မမှီ
ပါဘူး။   အဆီဓာတ်ဟာ ပရိုတင်း၊ ကာဗို
ဟိုက်ဒရိတ် (သကြား၊ ကစီ) တို့ထက် 
အင်အား (ကယ်လိုရီ) ပိုပြီး ထုတ်လုပ်ပေး
နိုင်တဲ့အတွက် နို့တစ်မျိုးရဲ့ ကယ်လိုရီ
ကြွယ်ဝမှုဟာ ပါဝင်တဲ့အဆီ အနည်းအ
များပေါ်မှာ မူတည်ပါတယ်။ အဆီပါဝင်မှု 
အချိုးအစားများလေ အင်အား (ကယ်လို
ရီ) ကြွယ်ဝလေ ဖြစ်ပါတယ်။ တကယ်
တော့ အခြားအစားအစာတွေနဲ့ ယှဉ်
လိုက်ရင်နွားနို့ဟာ ကယ်လိုရီကြွယ်ဝလွန်း
တဲ့အစားအသောက်(Calorie-dense 
Food) မျိုးမဟုတ်ပါဘူး။ နွားနို့ ၁၀၀-မီလီ
လီတာ (၁၁၀-ဂရမ်လောက်) သောက်
ရင် အင်အား ၆၆-ကီလို ကယ်လိုရီသာ 
ရနိုင်ပါတယ်။ ထမင်း ၁၀၀-ဂရမ် စား
မယ်ဆိုရင်  အင်အား ၁၅၅ ကီလိုကယ်လိုရီ 
ရနိုင်ပါတယ်။ နွားနို့မှာ ရေက ၈၅% ကနေ 
၉၀% လောက်ထိ ပါနေတာပါ။ ရေရောရင် 
ရောသလိုဒီ့ထက်ရေများနိုင်ပါသေး
တယ်။
 နို့မှာပါတဲ့အဆီတွေနဲ့ပတ်သက်ပြီး 
သတိထားရမယ့်အချက်တစ်ချက်က 
ပါဝင်နေတဲ့ အဆီတွေဟာ ပြည့်ဝဆီတွေ 
ဖြစ်နေခြင်းပါပဲ။ ပြည့်ဝတဲ့ ဖက်တီးအက်
စစ်(Saturated Fatty Acid) တွေက 
မပြည့်ဝတဲ့ ဖက်တီးအက်စစ် 
(Unsaturated Fatty Acid)  တွေထက် အချိုး
အဆအားဖြင့် ပိုများနေတယ်လို့ပြောတာ
ပါ။ ပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေဟာ 
သွေးအတွင်း ခိုလက်စထရော(Cholesterol)ပမာဏကို
 မြင့်တက်စေနိုင်ပါ
တယ်။ သွေးထဲမှာ ခိုလက်စထရော များ
ခြင်းဟာ နှလုံးသွေးကြောရောဂါတွေ ဖြစ်
နိုင်တဲ့အလားအလာကို များစေပါတယ်။ 
ဒါကြောင့် သွေးအတွင်း ခိုလက်စထရော 
မြင့်တက်လာမှာကြောက်တဲ့ အသက်
ကြီးသူတွေအတွက် အဆီလျှော့ထားတဲ့
နို့ (Reduced-Fat Milk)အဆီနည်းတဲ့ နို့
(Low-Fat Milk)  နှင့် အဆီလွတ်နို့ (Skim Milk)တို့ကို
 နိုင်ငံ အများအပြားမှာ ထုတ်
လုပ်ရောင်းချပေးနေပါတယ်။ 
 မလိုင်အပြည့်နွားနို့(Whole Milk)
၁၀၀-မီလီလီတာမှာ အဆီ ၃ . ၇-ဂရမ်
လောက် ပါဝင်ပါတယ်။ အဆီလျှော့နို့ 
(Reduced-FatMilk) ၁၀၀-မီလီလီ
တာမှာ အဆီ ၂-ဂရမ် လောက်သာပါပြီး၊ 
အဆီနည်းနို့ (Low-Fat Milk) ၁၀၀-မီ
လီလီတာမှာ အဆီ ၁-ဂရမ်လောက် သာ 
ပါဝင်ပါတယ်။ အဆီလွတ်နို့ (Skim Milk) 
မှာတော့ အဆီတွေ အကုန်လုံး (နီးပါး) 
ထုတ်ထားပါတယ်။အဆီလျှော့နို့တွေ၊
အဆီနည်းနို့တွေ အလွယ်တကူဝယ်လို့
မရနိုင်တဲ့နေရာတွေမှာ နို့ကိုကျိုပြီး မလိုင်
တွေ ဖယ်ထုတ်လိုက်ခြင်းအားဖြင့် နို့ထဲ
က အဆီပမာဏကို အလွယ် တကူလျှော့
နိုင်ပါတယ်။ မလိုင်ကို ဖယ်ထုတ်လိုက်
ခြင်းအားဖြင့် အဆီတွေ လျော့သွားပေ
မယ့် ပရိုတင်း၊ ကယ်လစီယမ်စတဲ့ အ
ရေးကြီးတဲ့ အာဟာရဓာတ်တွေ လျော့
မသွားပါဘူး။ 
 နွားနို့ထဲက အဆီတွေနဲ့ပတ်သက်
ပြီး သိထားသင့်တဲ့အချက်တစ်ခုရှိပါသေး
တယ်။Trans Fatty Acids လို့ ခေါ်တဲ့
အသွင်ပြောင်း ဖက်တီးအက်စစ်တွေအ
ကြောင်း ဖြစ်ပါတယ်။ အသွင်ပြောင်း
ဖက်တီးအက်စစ်တွေဟာစားမြုံ့ပြန်
တတ်တဲ့နွား အစရှိတဲ့တိရစ္ဆာန်တွေရဲ့ နို့
မှာသဘာဝအတိုင်းပါဝင်နေပါတယ်။ 
သဘာဝ အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ (Natural Trans Fatty Acids)
လို့ ပြောနိုင်ပါတယ်။ 
 မာဂျရင်း (Margarine)၊ ကွတ်ကီ (ဘီစကစ်) စတဲ့ အစားအစာ တွေ ပြုလုပ်
တဲ့အခါ လူတွေရဲ့ တမင်ပြုလုပ်မှုကြောင့် 
ဖြစ်ပေါ်လာတဲ့ အသွင်ပြောင်း ဖက်တီး
အက်စစ်တွေလည်း ရှိပါတယ်။  လူလုပ် 
အသွင်ပြောင်း ဖက်တီးအက်စစ်တွေ
(Synthetic Trans Fatty Acids) လို့
ပြောနိုင်ပါတယ်။ အသွင်ပြောင်း ဖက်တီး
အက်စစ်တွေက သွေးထဲမှာ ကျန်းမာရေး
အတွက် မကောင်းတဲ့ LDLခိုလက်စထ
ရောပမာဏကို မြင့်တက်စေနိုင်ပြီး ကျန်းမာ
ရေးအတွက်အကျိုးပြုတဲ့ HDL ခိုလက်
စထရော ပမာဏကို နိမ့်ကျစေနိုင်တဲ့အ
တွက်  နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု 
အလား အလာကို များစေနိုင်ပါတယ်။ 
 နွားနို့ထဲမှာ သဘာဝအတိုင်းရှိနေ
တဲ့အသွင်ပြောင်း ဖက်တီးအက်စစ် တွေ
က စားသုံးသူတွေရဲ့ကျန်းမာရေးအပေါ်
သက်ရောက်မှုရှိပုံနှင့် မာဂျရင်းစတဲ့ အ
စားအစာတွေမှာ လူတို့ရဲ့ပယောဂကြောင့်
ဖြစ်လာတဲ့ အသွင်ပြောင်း ဖက်တီးအက်
စစ်တွေက စားသုံးသူတွေရဲ့ ကျန်းမာရေး 
အပေါ် သက်ရောက်မှုရှိပုံတို့ရဲ့ ခြားနား
ချက်ကို တိတိကျကျမသိရသေးပါဘူး။ 
ဒါပေမယ့် အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ ပါနေလို့ဆိုတဲ့အကြောင်းပြချက်
နဲ့ နို့မသောက်ဘဲ မနေသင့်ပါဘူး။ နို့
မသောက်ရင် နို့မှာပါတဲ့ အဖိုးတန်အာ
ဟာရတွေ မရနိုင်တော့ဘူးဆိုတဲ့ဆုံးရှုံး
မှုကပိုပြီးများလို့ဖြစ်ပါတယ်။ နွားနို့သောက်
တဲ့အခါ အဆီလွတ် ဒါမှမဟုတ် အဆီ
လျှော့ထားတဲ့နို့မျိုးကို ရွေးပြီးသောက်
မယ်ဆိုရင် အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ နည်းမှာ ဖြစ်ပါတယ်။ 
နို့ထဲက သကြား
***********
 ကာဗိုဟိုက်ဒရိတ်(Carbohydrate)
 အာဟာရဟာ ဆန်၊ ဂျုံစတဲ့
ကောက်နှံတွေ၊ ပိန်းဥ ကန်စွန်းဥ စတဲ့
သစ်ဥ၊ သစ်ဖုတွေထဲမှာ ကစီ (Starch) 
အဖြစ် အများဆုံးပါဝင်နေပြီး၊ သစ်သီး
တွေထဲမှာ ဖရပ်တို့စ် သကြား(Fructose) အဖြစ်၊ နို့ထဲမှာ လက်တို့စ် (Lactose) သကြားအဖြစ် ပါဝင်နေပါတယ်။  ကျွဲနို့၊
နွားနို့၊ ဆိတ်နို့ ဆိုတဲ့ နို့သုံးမျိုးအနက် နွား
နို့ ၁၀၀ မီလီလီတာမှာ  လက်တို့စ် သကြား
၅ . ၅ -ဂရမ် ပါတဲ့အတွက် အများဆုံး ဖြစ်
ပြီး၊ ကျွဲနို့မှာ ၄ .  ၈-ဂရမ် ပါဝင်ပါတယ်။   
ဆိတ်နို့မှာ  ၄ . ၁-ဂရမ် ပါတဲ့အတွက် အ
နည်းဆုံး ဖြစ်ပါတယ်။   
နို့မှာပါတဲ့ လက်တို့စ်သကြားကို အစာခြေနိုင်စွမ်းမရှိခြင်း
(Lactose Intolerance)
************************************
 နို့မှာပါတဲ့ လက်တို့စ်(Lactose)  သကြားကို 
အစာမချေနိုင်တဲ့အခြေအ
နေကို Lactose Intolerance လို့ ခေါ်ပါ
တယ်။ နို့သောက်လိုက်တဲ့အခါ အူထဲမှာ
ရှိတဲ့ လက်တေ့စ် (Lactase) ခေါ်  အစာ 
ခြေ အင်ဇိုင်းကြောင့် နို့ထဲက လက်တို့စ်
သကြားတွေဟာ ဂလူးကို့စ် (Glucose)  နှင့် 
ဂလက်တို့စ်  (Galactose) ဆိုတဲ့
သကြားနှစ်မျိုးအဖြစ် ပြိုကွဲသွားပါတယ်။ 
 လူရဲ့အူဟာ ဂလူးကို့စ် (Glucose)   နှင့် 
ဂလက်တို့စ်(Galactose) သကြား
တွေကိုသာ စုပ်ယူပြီး သွေးထဲကို ရောက်
အောင် ပို့ပေးနိုင်ပါတယ်။ လက်တို့စ်
(Lactose)ကို စုပ်မယူနိုင်ပါဘူး။ 
 Lactas  eအင်ဇိုင်းကို အူရဲ့နံရံအမြှေး
က ထုတ်လုပ်ပါတယ်။ အချို့သောသူ
တွေဟာ မွေးကတည်းက   လက်တေ့(စ်) 
အင်ဇိုင်း မထုတ်လုပ်နိုင်တဲ့အတွက်  နို့ထဲ
က လက်တို့(စ်) (Lactose) သကြားကို
ဂလူးကို့(စ်) နှင့် ဂလက်တို့စ်(Galactose) ဖြစ်အောင် 
မဖြိုခွဲနိုင်ပါဘူး။ သွေး
ထဲကိုလည်း စုပ်မယူနိုင်ပါဘူး။ သွေးထဲ
ကို စုပ်ယူမခံရတဲ့ လက်တို့(စ်) သကြား
တွေဟာ အူထဲမှာ  အချဉ်ပေါက်(Fermentation) ဖြစ်ပါတယ်။ 
ဒါကြောင့်  သူ
တို့ဟာ နို့သောက်ပြီးရင် ၀မ်းပျက်ခြင်း၊ 
ဗိုက်နာခြင်း၊ ဗိုက်ပွခြင်း စတဲ့ ဝေဒနာတွေ 
ခံစားရတတ်ပါတယ်။ မြန်မာတွေထဲမှာ 
နို့မှာပါတဲ့ လက်တို့စ်သကြားကို အစာ
မခြေနိုင်တဲ့အတွက် နွားနို့သောက်ပြီး 
ဝမ်းပျက်သူ၊ ဗိုက်အောင့်သူ၊ လေပွသူ
တွေ ရှိပါတယ်။ ဒီအတွက်ကြောင့် နို့
သောက်တဲ့ အလေ့အထ လုံးဝ မလုပ်ဘဲ 
နေစရာ မလိုပါဘူး၊ နို့တစ်ခွက်လုံးကို 
တစ်ကြိမ်တည်းနဲ့ အကုန်မသောက်ဘဲ 
နှစ်ကြိမ်၊ သုံးကြိမ် ခွဲပြီးသောက်မယ်ဆို
ရင် အဆင်ပြေနိုင်ပါတယ်။   
 အချို့သောကလေးတွေဟာ မွေးလာ
တုန်းက လက်တေ့(စ်)အင်ဇိုင်း  ထုတ်လုပ်
နိုင်ပေမယ့်အကြောင်း တစ်ခုခုကြောင့် 
(ဥပမာ-၀မ်းပျက်၊ ၀မ်းလျှောစတဲ့ ရောဂါ
တစ်ခုခုကို ပြင်းပြင်းထန်ထန်ခံစားရတဲ့
အခါ)  အူရဲ့ အမြှေးပျက်ပြီး  လက်တေ့(စ်)
အင်ဇိုင်း  မထုတ်လုပ်နိုင်တော့တဲ့ အခြေ
အနေကို ခေတ္တ ကြုံတွေ့ရတတ်ပါတယ်။ 
အဲသလို ကလေးတွေကို မိခင်နို့ (သို့)
နို့မှုန့်တိုက်နေရင် ၀မ်းမရပ်ဘဲ ဆက်ပြီး 
သွားနေတတ်ပါတယ်။  မိခင်နို့၊ နို့မှုန့်ကို 
ခဏ(တစ်ရက်၊နှစ်ရက်)ရပ်ပြီး လက်တို့စ်
သကြားမပါတဲ့ နို့တစ်မျိုးမျိုး (ဥပမာ-
ပဲနို့) တိုက်မှ ၀မ်းရပ်သွားတတ်ပါတယ်။ 
ဝမ်းရပ်သွားတဲ့အခါ မိခင်နို့ ပြန်တိုက်နိုင်
ပါတယ်။ တိုက်လည်း တိုက်သင့်ပါတယ်။
နို့ထဲက ကယ်လစီယမ် (Calcium) 
************************ 
 ကယ်လစီယမ်ခေါ်ထုံးဓာတ်ဟာ 
အရိုးတွေကျန်းမာကြံ့ခိုင်ရေးအတွက် အ
ရေးကြီးတယ်ဆိုတာ လူတိုင်းလိုလို သိ
ကြပါတယ်။ ကယ်လစီယမ်ရနိုင်တဲ့ အ
စားအစာတွေထဲမှာ နို့ဟာ အကောင်းဖြစ်
ပါတယ်။ နွားနို့ တစ်ခွက် (အဆီပါပါ၊ မပါ
ပါ)သောက်လျှင် ကယ်လစီယမ်၃၀၀မီလီ
ဂရမ်လောက် ရနိုင်ပါတယ်။   အစားအစာ 
တွေမှာပါတဲ့ ကယ်လစီယမ်အားလုံးကို
အူထဲမှာစုပ်ယူနိုင်တာ မဟုတ်ပါဘူး။ 
တစ်စိတ်တစ်ဒေသသာ စုပ်နိုင်ပါတယ်။ 
နို့နှင့်နို့ထွက်အစာတွေမှာ ကယ်လစီယမ် 
<ကယ်ဝတဲ့အပြင် နို့ထဲက ကယ်လစီယမ်
ကို အူထဲမှာ စုပ်ယူရတာလည်း လွယ်ပါ
တယ်။ ဟင်းရွက်တွေ၊ ကောက်ပဲသီးနှံ
တွေမှာပါတဲ့ ကယ်လစီယမ်ကိုတော့ စုပ်
ယူရတာ မလွယ်ပါဘူး။  နို့မှာပါတဲ့လက်
တို့စ်(Lactose) သကြားက ကယ်လစီ
ယမ်စုပ်ယူမှုကို ကောင်းစေပါတယ်။ နို့မှာ 
ပါတဲ့ ပရိုတင်းကလည်း အရိုးတွေ တည်
ဆောက်မှုလုပ်ငန်းမှာ လိုအပ်တဲ့အာဟာ
ရ ဖြစ်ပါတယ်။  တကယ်တော့ နို့ (သို့)
နို့ထွက်အစာတစ်မျိုးမျိုးမစားသုံးဘဲ တစ်နေ့တာလိုအပ်တဲ့ ကယ်လစီယမ် 
အလုံအလောက် ရဖို့ဆိုတာ မလွယ်ပါဘူး
လို့ အချို့သောအာဟာရပညာရှင်တွေက 
ယုံကြည်ကြပါတယ်။ 
နို့ထဲက ဗီတာမင်အေ(Vitamin A) 
************************
 နို့မှာ   ဗီတာမင်အေလည်း ကြွယ်ဝ
စွာ ပါဝင်ပါတယ်။ နို့ကရတဲ့ ဗီတာမင်အေ
ဟာ ခန္ဓာကိုယ်ထဲမှာ အဆင်သင့်အသုံး
ပြုနိုင်တဲ့ဗီတာမင်အေ အမျိုးအစားဖြစ်ပါ
တယ်။ အသီးအရွက်တွေကရတဲ့ ဗီတာ
မင်အေ လောင်းလျာ ဘေတာကယ်ရို
တင်း (Beta-Carotene) တွေကိုတော့
ခန္ဓာကိုယ်ထဲမှာအသုံးပြုဖို့ ဗီတာမင်အေ 
အဖြစ် ဓာတ်ပြောင်းပေးရပါတယ်။   ဗီတာ
မင်အေဟာ ကလေးတွေရဲ့ အရိုးများ ကြီးထွားရင့်ကျက်မှု၊ ကိုယ်ခံစွမ်းအား
ကောင်းပြီး ရောဂါကာကွယ်နိုင်စွမ်းရှိမှု
တို့အတွက် အလွန်အရေးကြီးပါတယ်။   
နို့ထွက် အစားအစာများ 
****************
 နို့ထွက်အစားအစာတွေဟာ နို့လိုပဲ 
အကျိုးပြုပါတယ်။ ဒိန်ချဉ်ဟာ အာဟာ
ရ ကြွယ်ဝတဲ့အပြင်အူနှင့် အစာလမ်း
ကြောင်းကို ကျန်းမာစေတဲ့ Probiotic
 အာနိသင် လည်းရှိပါတယ်။ ဒိန်ခဲနှင့် ဒိန်
ချဉ်ဟာ နို့လိုပဲ ကယ်လစီယမ် ကြွယ်ဝပါ
တယ်။ ဒါကြောင့် အဆီလျှော့နို့နှင့်ပြု
လုပ်တဲ့ ဒိန်ခဲနှင့်ဒိန်ချဉ်တို့ကို စားသုံးဖို့
အမေရိကန်နိုင်ငံသားတွေကို သူတို့ဆီ
က ပညာရှင်တွေက တိုက်တွန်းထားပါ
တယ်။ ထောပတ်နှင့်မလိုင်မှာ ကယ်လစီ
ယမ် မ<ကယ်ဝပါဘူး။ ဒါ့အပြင် ပြည့်ဝတဲ့
ဖက်တီးအက်စစ်တွေများပြီး သွေးထဲမှာ 
ခိုလက်စထရော တက်စေနိုင်တာမို့ ဆင်
ခြင်ရမည့်အစာတွေဖြစ်ပါတယ်။
 အမေရိကန်ပြည်ထောင်စုမှာ 
လူကြီး၊ လူငယ်အားလုံးဟာ နို့နှင့် နို့
ထွက်အစာတွေကို စားသင့်တဲ့ပမာဏ 
ပြည့်မှီအောင်မစားကြပါဘူးတဲ့။ အစား
အသောက်ရောင်းတဲ့ဆိုင်တိုင်း၊ကုန်စုံ
ဆိုင်တိုင်းလိုလိုမှာ နို့တွေကို အလျှံပယ် 
ရောင်းနေတဲ့နိုင်ငံမှာပင် နို့သောက်သုံးမှု
နည်းနေသေးတယ်ဆိုတော့ကျွန်တော်
တို့ နိုင်ငံသားတွေရဲ့  နို့နှင့်နို့ထွက်အစာ
တွေစားသုံးမှု ဘယ်လောက်နည်းနေ
တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ 
 အသက်အရွယ်အလိုက် တစ်နေ့
တာကာလအတွင်း သောက်သုံးသင့်တဲ့
နို့ပမာဏဟာ အရွယ်ရောက်ပြီးသူ တစ်
ယောက်အတွက် ၃ခွက်၊ ၉နှစ်မှ ၁၈နှစ်ထိ 
လူငယ်တစ်ယောက်အတွက် ၂ခွက်နှင့် 
တစ်ဝက်၊  ၂နှစ်မှ ၃နှစ်ထိ ကလေးတစ်
ယောက်အတွက် ၂ခွက် ဖြစ်ပါတယ်။ 
ခွက်ဆိုရာမှာ ၂၄၀ မီလီလီတာ (တစ် 
လီတာဆံ့ သောက်ရေသန့် ပုလင်းကြီးရဲ့ 
၎ပုံ ၁ပုံခန့်) ကို ဆိုလိုပါတယ်။
 မြန်မာတွေမှာ နို့သောက်တဲ့အကျင့်
သိပ်မရှိပါဘူး။ နို့ဆိုရင် ကော်ဖီ ဒါမှမဟုတ် 
လက်ဖက်ရည်ဖျော်သောက်တဲ့အခါ ထည့်
ကြတာကများပါတယ်။ မြို့ပေါ်ဒေသတွေ
မှာသာမက  နို့စစ်စစ် အလွယ်တကူရနိုင်
တဲ့ ကျေးလက်ဒေသတွေမှာလည်း နေ့
စဉ်မှန်မှန် နို့သောက်တဲ့အကျင့် မရှိကြ
သေးပါဘူး။ တကယ်တော့ မြို့ကြီးတွေ
က စူပါမားကက်တွေမှာ ဘူးတွေနဲ့ထည့်
ထားတဲ့နို့ကို  ၀ယ်လို့ရနေပါပြီ။ ကလေး
တွေ၊ ပျိုဖော်ဝင် အရွယ်တွေ၊ အရွယ်
ရောက်ပြီးသူအမျိုးသမီးတွေ နေ့စဉ်မှန်
မှန် နို့သောက်တဲ့အကျင့်လုပ်ဖို့လိုနေပါပြီ။
• ဒေါက်တာလှကြည်
 • ဒေါက်တာလှကြည်
အိမ်မွေးတိရစ္ဆာန်တွေရဲ့နို့ကို အာ
... ဟာရဓာတ်တွေကြွယ်ဝတဲ့အစားအ
သောက်အဖြစ် လူတွေသောက်သုံးခဲ့ကြ
တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ
ဒီဆောင်းပါးမှာ မြန်မာတွေ အများ
ဆုံးသောက်သုံးကြတဲ့နွားနို့အကြောင်း
ကို အဓိက ထားပြီးတင်ပြပါမယ်။ အခြား
တိရစ္ဆာန်နို့တွေကိုတော့လိုအပ်သလို
နွားနို့နှင့် နှိုင်းယှဉ် တင်ပြသွားပါမယ်။
နွားနို့ဟာ အသက်တစ်နှစ်ကျော်
ပြီးတဲ့ ကလေးသူငယ်တွေကအစ လူကြီး၊
လူငယ်၊ လူရွယ်၊ လူလတ် အရွယ် အား
လုံးရဲ့ အာဟာရနှင့်ကျန်းမာရေးကို အ
ကျိုးပြုတဲ့အတွက် အိမ်တိုင်းရဲ့ မီးဖိုဆောင်
(ရေခဲသေတ္တာ) ထဲမှာ အမြဲရှိနေသင့်တဲ့
အစားအသောက်တစ်မျိုးဖြစ်ပါတယ်။
တိရစ္ဆာန်နို့အမျိုးမျိုးမှာပါဝင်တဲ့ ပင်မ အာ
ဟာရ (Macro-nutrient) သုံးမျိုးဖြစ်တဲ့
ပရိုတင်း (Protein)၊ အဆီ(Fat) နှင့်
လက်တို့စ် သကြား (Lactose) တွေရဲ့
ပမာဏတွေကို အောက်မှာ င့် ဖော်ပြထားပါတယ်။
*** တိရစ္ဆာန်နို့အမျိုးမျိုး ၁၀၀-မီလီလီတာတွင်
ပါဝင်သော ပင်မ အာဟာရဓာတ်များ ***
ကျွဲနို့
****
ပရိုတင်း - ၃ . ၆ (ဂရမ်)
အဆီ - ၇ . ၄(ဂရမ်)
သကြား - ၅ . ၅(ဂရမ်)
နွားနို့
****
ပရိုတင်း - ၃ . ၄ (ဂရမ်)
အဆီ - ၃ . ၇ (ဂရမ်)
သကြား - ၄ . ၈ (ဂရမ်)
ဆိတ်နို့
*****
ပရိုတင်း -၂ . ၉ (ဂရမ်)
အဆီ - ၄ . ၅ (ဂရမ်)
သကြား - ၄ . ၁(ဂရမ်)
မြင်းနို့
*****
ပရိုတင်း - ၂ . ၅ (ဂရမ်)
အဆီ - ၁ . ၉ (ဂရမ်)
သကြား - ၆ . ၂ (ဂရမ်)
သိုးနို့
*****
ပရိုတင်း - ၅. ၅ (ဂရမ်)
အဆီ - ၁ . ၉ (ဂရမ်)
သကြား - ၄ . ၈(ဂရမ်)
နို့ထဲက ပရိုတင်းများ
***************
မြန်မာတွေသောက်သုံးလေ့ရှိတဲ့
ကျွဲနို့၊ နွားနို့၊ ဆိတ်နို့ ဆိုတဲ့ နို့သုံးမျိုးအနက်
ပရိုတင်းပါဝင်မှုအနေနဲ့ဆိုရင် ကျွဲနို့၁၀၀-
မီလီလီတာမှာ ၃ . ၆- ဂရမ်နှင့် နွားနို့မှာ
၃ . ၄-ဂရမ်ဖြစ်တဲ့အတွက် သိပ်မကွာလှ
ပါဘူး။ ဆိတ်နို့ ၁၀၀-မီလီလီတာမှာ
တော့ ပရိုတင်း ၂ . ၉-ဂရမ်သာ ပါတဲ့
အတွက် သိသိသာသာ နည်းပါတယ်။
မြင်းနို့မှာလည်း ပရိုတင်းပါဝင်မှု(၂ . ၅-
ဂရမ်) ဟာ နည်းတယ်လို့ ဆိုနိုင်ပြီး သိုးနို့
မှာပါတဲ့ ပရိုတင်း (၅. ၅-ဂရမ်) က တော့
သိသိသာသာ များနေပါတယ်။
တိရစ္ဆာန်နို့တွေမှာပါဝင်တဲ့ပရိုတင်း
တွေဟာအရည်အသွေးအလွန်ကောင်း
ပါတယ်။ မရှိမဖြစ် အမိုင်နို အက်စစ်
(Essential Amino Acid) တွေ အစုံအလင်
ပါဝင်ပါတယ်။ ခန္ဓာကိုယ် တည်ဆောက်
ပြုပြင်ရေး လုပ်ငန်းတွေမှာ အလွန်အသုံး
ကျပါတယ်။ ဒါကြောင့် အသက်တစ်နှစ်
ကျော်ပြီးတဲ့ကလေးတွေနှင့် လူငယ်တွေ
နို့ကို မှန်မှန်သောက်သုံးမယ်ဆိုရင် ပရို
တင်းတွေက အရိုးနှင့်ကြွက်သားများတည်
ဆောက်မှုကို အားပေးတဲ့အတွက် ထွား
ကျိုင်းသန်မာစေပါတယ်။ လူကြီးတွေမှာ
လည်း နို့သောက်ခြင်းအားဖြင့် အသက်
ကြီးခြင်းနဲ့တွဲနေတဲ့ ကြွက်သားများကြုံ
လှီလာခြင်း၊ အရိုးများကြံ့ခိုင်မှု လျော့
နည်းလာခြင်းတို့ကိုနှေးကွေးစေနိုင်ပါတယ်။
နွားနို့ပရိုတင်းနှင့် ဓာတ်မတည့်ခြင်း
(Cow’s Milk Protein Allergy)
************************
လူရဲ့ခန္ဓာကိုယ်ဟာ မိမိမှာမရှိတဲ့
ပရိုတင်းအမျိုးအစားတွေ ခန္ဓာကိုယ်ထဲ
ကိုတစ်နည်းနည်းနှင့် ၀င်လာရင်လက်မခံ
ပါဘူး။ သူစိမ်း၊ ရန်သူသဖွယ် တုံ့ပြန်ပြီး
ခန္ဓာကိုယ်ထဲကနေထုတ်ပစ်ဖို့ နည်းမျိုးစုံ
နဲ့ ကြိုးစားတတ်ပါတယ်။ (လူတစ်ယောက်
ရဲ့ခန္ဓာကိုယ်ထဲကို မတူတဲ့သွေးအုပ်စုမှ
သွေးတစ်မျိုးမျိုး သွင်းပေးမိရင် အသက်
အန္တရာယ်ဖြစ်တာဟာ ဒီသဘောပဲ ဖြစ်ပါ
တယ်)။ ပရိုတင်းဆိုတာ အမိုင်နိုအက်စစ်
(Amino Acids) တွေ အမြောက်အမြား
တွဲစပ်ထားခြင်း ဖြစ်ပါတယ်။ အစားအစာ
ထဲက ပရိုတင်းတွေမှာ အမိုင်နိုအက်စစ်
တွေတွဲစပ်ထားတဲ့အစီအစဉ်နဲ့ ခန္ဓာကိုယ်
ထဲမှာ ထုတ်လုပ်တဲ့ ပရိုတင်းတွေမှာ အ
မိုင်နိုအက်စစ်တွေ တွဲစပ်ထားတဲ့ အစီ
အစဉ်ဟာ မတူကြပါဘူး။ ကွာခြားပါ
တယ်။ ဒီကွာခြားချက်ကို မှတ်မိနေတဲ့
အတွက် ခန္ဓာကိုယ်ဟာ အစားအစာတွေ
ထဲကပရိုတင်းတွေကို သူစိမ်းလိုသိနိုင်
ခြင်း ဖြစ်ပါတယ်။ သူစိမ်းပရိုတင်းတွေ
ဝင်လာတာကိုခုခံတိုက်ခိုက်ခြင်းဟ
ဓာတ်မတည့်ခြင်း (Allergy) တစ်မျိုးဖြစ်ပါတယ်။
ကလေးတွေမှာ နွားနို့ပရိုတင်းနှင့်
ဓာတ်မတည့်သူတွေရှိပါတယ်။လူကြီး
တစ်ယောက် နွားနို့သောက်တယ်ဆိုရင်
နွားနို့ထဲကပရိုတင်းတွေဟာ လူကြီးတစ်
ယောက်ရဲ့အူထဲကို တိုက်ရိုက်စုပ်ယူခြင်း
မခံရ (၀င်မသွားနိုင်) ပါဘူး။ ပရိုတင်းတွေ
ဟာအူထဲမှာ ပထမအဆင့်အနေနဲ့ ပက်(ပ်)
တိုက်(Peptide) ဆိုတဲ့ ဓာတ်ပေါင်းတွေ
အဖြစ် ပြိုကွဲသွားပါတယ်။ ပက်(ပ်)တိုက်
(Peptide) တွေဟာ အမိုင်နိုအက်စစ်တွေ
အဖြစ် ထပ်မံ ပြိုကွဲရပြန်ပါတယ်။ အမိုင်နို
အက်စစ်တွေသာအူထဲကိုစုပ်ယူခံရ (၀င်သွား)ပါတယ်။
ခန္ဓာကိုယ်ထဲ ရောက်
လာတဲ့ အမိုင်နိုအက်စစ်တွေကို မိမိကိုယ်
ပိုင်အစီအစဉ်အတိုင်း ပရိုတင်းအသစ်
တွေ ပြန်လည်တည်ဆောက်ယူပါတယ်။
ရက်သား၊ လသား ကလေးတွေမှာတော့
သူတို့ရဲ့အူနံရံဟာ လူကြီးတွေရဲ့အူနံရံလို
မခိုင်ခန့်ပါဘူး။ ဒါကြောင့် နွားနို့ထဲက
ပရိုတင်းတွေဟာ မပြိုကွဲဘဲ ကလေးရဲ့အူ
ထဲကို တိုက်ရိုက်စုပ်ယူခံရပြီး ၀င်သွားနိုင်
ပါတယ်။ ၀င်လာတဲ့ပရိုတင်းတွေထဲက
အမိုင်နိုအက်စစ်တွေတွဲထားပုံ အစီအ
စဉ်ကိုကြည့်ပြီး သူစိမ်းမှန်းသိတဲ့အတွက်
ကလေးရဲ့ခန္ဓာကိုယ်က လက်မခံချင်တဲ့
သဘောနဲ့ နည်းအမျိုးမျိုးသုံးပြီး တုံ့ပြန်
ကြပါတယ်။ အဲသလို ခုခံတုံ့ပြန်မှု(Immune Response) ကြောင့် ဓာတုပစ္စည်းအမျိုးမျိုးထွက်လာပြီ
ဝမ်းပျက်ခြင်း၊ ဗိုက်
ပွခြင်း၊ ဗိုက်နာခြင်း၊ ယားယံခြင်း၊ အဖု
အပိမ့်ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ ရင်
ကျပ်ခြင်း စတဲ့ဝေဒနာတွေ ခံစားရတာ ဖြစ်ပါတယ်။ လသားအရွယ်ကလေးတွေ
ကို မိခင်နို့သာ တိုက်ကျွေးခြင်း၊ မွေးစမှ ၆-လထိ ကလေးတွေကို မိခင်နို့တစ်မျိုး
တည်း တိုက်ကျွေးခြင်း၊ အသက် တစ်နှစ်
ကျော်မှသာ နွားနို့စတဲ့ တိရစ္ဆာန်နို့တွေ
တိုက်ကျွေးခြင်းဖြင့် ကလေးတွေမှာ နို့ပရို
တင်းနဲ့ ဓာတ်မတည့်ခြင်းကို ရှောင်နိုင် ကာကွယ်နိုင်ပါတယ်။
နို့ထဲက အဆီများ
*************
ကျွဲနို့၊ နွားနို့၊ ဆိတ်နို့ ဆိုတဲ့ နို့
၃ မျိုးအနက် ကျွဲနို့ ၁၀၀ မီလီလီတာမှာ
အဆီ ၇ . ၄ -ဂရမ် ပါတဲ့ အတွက် အများ
ဆုံးဖြစ်ပြီး၊ နွားနို့မှာ အဆီ ၃ . ၇-ဂရမ်သာ
ပါတဲ့အတွက် အနည်းဆုံးဖြစ်ပါတယ်။
ဆိတ်နို့မှာ အဆီ ၄ . ၅-ဂရမ် ပါတဲ့အတွက်
နွားနို့ထက်များပေမယ့် ကျွဲနို့ကိုတော့မမှီ
ပါဘူး။ အဆီဓာတ်ဟာ ပရိုတင်း၊ ကာဗို
ဟိုက်ဒရိတ် (သကြား၊ ကစီ) တို့ထက်
အင်အား (ကယ်လိုရီ) ပိုပြီး ထုတ်လုပ်ပေး
နိုင်တဲ့အတွက် နို့တစ်မျိုးရဲ့ ကယ်လိုရီ
ကြွယ်ဝမှုဟာ ပါဝင်တဲ့အဆီ အနည်းအ
များပေါ်မှာ မူတည်ပါတယ်။ အဆီပါဝင်မှု
အချိုးအစားများလေ အင်အား (ကယ်လို
ရီ) ကြွယ်ဝလေ ဖြစ်ပါတယ်။ တကယ်
တော့ အခြားအစားအစာတွေနဲ့ ယှဉ်
လိုက်ရင်နွားနို့ဟာ ကယ်လိုရီကြွယ်ဝလွန်း
တဲ့အစားအသောက်(Calorie-dense
Food) မျိုးမဟုတ်ပါဘူး။ နွားနို့ ၁၀၀-မီလီ
လီတာ (၁၁၀-ဂရမ်လောက်) သောက်
ရင် အင်အား ၆၆-ကီလို ကယ်လိုရီသာ
ရနိုင်ပါတယ်။ ထမင်း ၁၀၀-ဂရမ် စား
မယ်ဆိုရင် အင်အား ၁၅၅ ကီလိုကယ်လိုရီ
ရနိုင်ပါတယ်။ နွားနို့မှာ ရေက ၈၅% ကနေ
၉၀% လောက်ထိ ပါနေတာပါ။ ရေရောရင်
ရောသလိုဒီ့ထက်ရေများနိုင်ပါသေး
တယ်။
နို့မှာပါတဲ့အဆီတွေနဲ့ပတ်သက်ပြီ
သတိထားရမယ့်အချက်တစ်ချက်က
ပါဝင်နေတဲ့ အဆီတွေဟာ ပြည့်ဝဆီတွေ
ဖြစ်နေခြင်းပါပဲ။ ပြည့်ဝတဲ့ ဖက်တီးအက်
စစ်(Saturated Fatty Acid) တွေက
မပြည့်ဝတဲ့ ဖက်တီးအက်စစ်
(Unsaturated Fatty Acid) တွေထက် အချိုး
အဆအားဖြင့် ပိုများနေတယ်လို့ပြောတာ
ပါ။ ပြည့်ဝတဲ့ ဖက်တီးအက်စစ်တွေဟာ
သွေးအတွင်း ခိုလက်စထရော(Cholesterol)ပမာဏကု
မြင့်တက်စေနိုင်ပါ
တယ်။ သွေးထဲမှာ ခိုလက်စထရော များ
ခြင်းဟာ နှလုံးသွေးကြောရောဂါတွေ ဖြစ်
နိုင်တဲ့အလားအလာကို များစေပါတယ်။
ဒါကြောင့် သွေးအတွင်း ခိုလက်စထရော
မြင့်တက်လာမှာကြောက်တဲ့ အသက်
ကြီးသူတွေအတွက် အဆီလျှော့ထားတဲ့
နို့ (Reduced-Fat Milk)အဆီနည်းတဲ့ နို့
(Low-Fat Milk) နှင့် အဆီလွတ်နို့ (Skim Milk)တို့ကို
နိုင်ငံ အများအပြားမှာ ထုတ်
လုပ်ရောင်းချပေးနေပါတယ်။
မလိုင်အပြည့်နွားနို့(Whole Milk)
၁၀၀-မီလီလီတာမှာ အဆီ ၃ . ၇-ဂရမ်
လောက် ပါဝင်ပါတယ်။ အဆီလျှော့နို့
(Reduced-FatMilk) ၁၀၀-မီလီလီ
တာမှာ အဆီ ၂-ဂရမ် လောက်သာပါပြီး၊
အဆီနည်းနို့ (Low-Fat Milk) ၁၀၀-မီ
လီလီတာမှာ အဆီ ၁-ဂရမ်လောက် သာ
ပါဝင်ပါတယ်။ အဆီလွတ်နို့ (Skim Milk)
မှာတော့ အဆီတွေ အကုန်လုံး (နီးပါး)
ထုတ်ထားပါတယ်။အဆီလျှော့နို့တွေ၊
အဆီနည်းနို့တွေ အလွယ်တကူဝယ်လို့
မရနိုင်တဲ့နေရာတွေမှာ နို့ကိုကျိုပြီး မလိုင်
တွေ ဖယ်ထုတ်လိုက်ခြင်းအားဖြင့် နို့ထဲ
က အဆီပမာဏကို အလွယ် တကူလျှော့
နိုင်ပါတယ်။ မလိုင်ကို ဖယ်ထုတ်လိုက်
ခြင်းအားဖြင့် အဆီတွေ လျော့သွားပေ
မယ့် ပရိုတင်း၊ ကယ်လစီယမ်စတဲ့ အ
ရေးကြီးတဲ့ အာဟာရဓာတ်တွေ လျော့
မသွားပါဘူး။
နွားနို့ထဲက အဆီတွေနဲ့ပတ်သက်
ပြီး သိထားသင့်တဲ့အချက်တစ်ခုရှိပါသေး
တယ်။Trans Fatty Acids လို့ ခေါ်တဲ့
အသွင်ပြောင်း ဖက်တီးအက်စစ်တွေအ
ကြောင်း ဖြစ်ပါတယ်။ အသွင်ပြောင်း
ဖက်တီးအက်စစ်တွေဟာစားမြုံ့ပြန်
တတ်တဲ့နွား အစရှိတဲ့တိရစ္ဆာန်တွေရဲ့ နို့
မှာသဘာဝအတိုင်းပါဝင်နေပါတယ်။
သဘာဝ အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ (Natural Trans Fatty Acids)
လို့ ပြောနိုင်ပါတယ်။
မာဂျရင်း (Margarine)၊ ကွတ်ကီ (ဘီစကစ်) စတဲ့ အစားအစာ တွေ ပြုလုပ်
တဲ့အခါ လူတွေရဲ့ တမင်ပြုလုပ်မှုကြောင့်
ဖြစ်ပေါ်လာတဲ့ အသွင်ပြောင်း ဖက်တီး
အက်စစ်တွေလည်း ရှိပါတယ်။ လူလုပ်
အသွင်ပြောင်း ဖက်တီးအက်စစ်တွေ
(Synthetic Trans Fatty Acids) လို့
ပြောနိုင်ပါတယ်။ အသွင်ပြောင်း ဖက်တီး
အက်စစ်တွေက သွေးထဲမှာ ကျန်းမာရေး
အတွက် မကောင်းတဲ့ LDLခိုလက်စထ
ရောပမာဏကို မြင့်တက်စေနိုင်ပြီး ကျန်းမာ
ရေးအတွက်အကျိုးပြုတဲ့ HDL ခိုလက်
စထရော ပမာဏကို နိမ့်ကျစေနိုင်တဲ့အ
တွက် နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု
အလား အလာကို များစေနိုင်ပါတယ်။
နွားနို့ထဲမှာ သဘာဝအတိုင်းရှိနေ
တဲ့အသွင်ပြောင်း ဖက်တီးအက်စစ် တွေ
က စားသုံးသူတွေရဲ့ကျန်းမာရေးအပေါ်
သက်ရောက်မှုရှိပုံနှင့် မာဂျရင်းစတဲ့ အ
စားအစာတွေမှာ လူတို့ရဲ့ပယောဂကြောင့်
ဖြစ်လာတဲ့ အသွင်ပြောင်း ဖက်တီးအက်
စစ်တွေက စားသုံးသူတွေရဲ့ ကျန်းမာရေး
အပေါ် သက်ရောက်မှုရှိပုံတို့ရဲ့ ခြားနား
ချက်ကို တိတိကျကျမသိရသေးပါဘူး။
ဒါပေမယ့် အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ ပါနေလို့ဆိုတဲ့အကြောင်းပြချက်
နဲ့ နို့မသောက်ဘဲ မနေသင့်ပါဘူး။ နို့
မသောက်ရင် နို့မှာပါတဲ့ အဖိုးတန်အာ
ဟာရတွေ မရနိုင်တော့ဘူးဆိုတဲ့ဆုံးရှုံး
မှုကပိုပြီးများလို့ဖြစ်ပါတယ်။ နွားနို့သောက်
တဲ့အခါ အဆီလွတ် ဒါမှမဟုတ် အဆီ
လျှော့ထားတဲ့နို့မျိုးကို ရွေးပြီးသောက်
မယ်ဆိုရင် အသွင်ပြောင်း ဖက်တီးအက်
စစ်တွေ နည်းမှာ ဖြစ်ပါတယ်။
နို့ထဲက သကြား
***********
ကာဗိုဟိုက်ဒရိတ်(Carbohydrate)
အာဟာရဟာ ဆန်၊ ဂျုံစတဲ့
ကောက်နှံတွေ၊ ပိန်းဥ ကန်စွန်းဥ စတဲ့
သစ်ဥ၊ သစ်ဖုတွေထဲမှာ ကစီ (Starch)
အဖြစ် အများဆုံးပါဝင်နေပြီး၊ သစ်သီး
တွေထဲမှာ ဖရပ်တို့စ် သကြား(Fructose) အဖြစ်၊ နို့ထဲမှာ လက်တို့စ် (Lactose) သကြားအဖြစ် ပါဝင်နေပါတယ်။ ကျွဲနို့၊
နွားနို့၊ ဆိတ်နို့ ဆိုတဲ့ နို့သုံးမျိုးအနက် နွား
နို့ ၁၀၀ မီလီလီတာမှာ လက်တို့စ် သကြား
၅ . ၅ -ဂရမ် ပါတဲ့အတွက် အများဆုံး ဖြစ်
ပြီး၊ ကျွဲနို့မှာ ၄ . ၈-ဂရမ် ပါဝင်ပါတယ်။
ဆိတ်နို့မှာ ၄ . ၁-ဂရမ် ပါတဲ့အတွက် အ
နည်းဆုံး ဖြစ်ပါတယ်။
နို့မှာပါတဲ့ လက်တို့စ်သကြားကို အစာခြေနိုင်စွမ်းမရှိခြင်း
(Lactose Intolerance)
************************************
နို့မှာပါတဲ့ လက်တို့စ်(Lactose) သကြားကို
အစာမချေနိုင်တဲ့အခြေအ
နေကို Lactose Intolerance လို့ ခေါ်ပါ
တယ်။ နို့သောက်လိုက်တဲ့အခါ အူထဲမှာ
ရှိတဲ့ လက်တေ့စ် (Lactase) ခေါ် အစာ
ခြေ အင်ဇိုင်းကြောင့် နို့ထဲက လက်တို့စ်
သကြားတွေဟာ ဂလူးကို့စ် (Glucose) နှင့်
ဂလက်တို့စ် (Galactose) ဆိုတဲ့
သကြားနှစ်မျိုးအဖြစ် ပြိုကွဲသွားပါတယ်။
လူရဲ့အူဟာ ဂလူးကို့စ် (Glucose) နှင့်
ဂလက်တို့စ်(Galactose) သကြား
တွေကိုသာ စုပ်ယူပြီး သွေးထဲကို ရောက်
အောင် ပို့ပေးနိုင်ပါတယ်။ လက်တို့စ်
(Lactose)ကို စုပ်မယူနိုင်ပါဘူး။
Lactas eအင်ဇိုင်းကို အူရဲ့နံရံအမြှေး
က ထုတ်လုပ်ပါတယ်။ အချို့သောသူ
တွေဟာ မွေးကတည်းက လက်တေ့(စ်)
အင်ဇိုင်း မထုတ်လုပ်နိုင်တဲ့အတွက် နို့ထဲ
က လက်တို့(စ်) (Lactose) သကြားကို
ဂလူးကို့(စ်) နှင့် ဂလက်တို့စ်(Galactose) ဖြစ်အောင်
မဖြိုခွဲနိုင်ပါဘူး။ သွေး
ထဲကိုလည်း စုပ်မယူနိုင်ပါဘူး။ သွေးထဲ
ကို စုပ်ယူမခံရတဲ့ လက်တို့(စ်) သကြား
တွေဟာ အူထဲမှာ အချဉ်ပေါက်(Fermentation) ဖြစ်ပါတယ်။
ဒါကြောင့် သူ
တို့ဟာ နို့သောက်ပြီးရင် ၀မ်းပျက်ခြင်း၊
ဗိုက်နာခြင်း၊ ဗိုက်ပွခြင်း စတဲ့ ဝေဒနာတွေ
ခံစားရတတ်ပါတယ်။ မြန်မာတွေထဲမှာ
နို့မှာပါတဲ့ လက်တို့စ်သကြားကို အစာ
မခြေနိုင်တဲ့အတွက် နွားနို့သောက်ပြီး
ဝမ်းပျက်သူ၊ ဗိုက်အောင့်သူ၊ လေပွသူ
တွေ ရှိပါတယ်။ ဒီအတွက်ကြောင့် နို့
သောက်တဲ့ အလေ့အထ လုံးဝ မလုပ်ဘဲ
နေစရာ မလိုပါဘူး၊ နို့တစ်ခွက်လုံးကို
တစ်ကြိမ်တည်းနဲ့ အကုန်မသောက်ဘဲ
နှစ်ကြိမ်၊ သုံးကြိမ် ခွဲပြီးသောက်မယ်ဆို
ရင် အဆင်ပြေနိုင်ပါတယ်။
အချို့သောကလေးတွေဟာ မွေးလာ
တုန်းက လက်တေ့(စ်)အင်ဇိုင်း ထုတ်လုပ်
နိုင်ပေမယ့်အကြောင်း တစ်ခုခုကြောင့်
(ဥပမာ-၀မ်းပျက်၊ ၀မ်းလျှောစတဲ့ ရောဂါ
တစ်ခုခုကို ပြင်းပြင်းထန်ထန်ခံစားရတဲ့
အခါ) အူရဲ့ အမြှေးပျက်ပြီး လက်တေ့(စ်)
အင်ဇိုင်း မထုတ်လုပ်နိုင်တော့တဲ့ အခြေ
အနေကို ခေတ္တ ကြုံတွေ့ရတတ်ပါတယ်။
အဲသလို ကလေးတွေကို မိခင်နို့ (သို့)
နို့မှုန့်တိုက်နေရင် ၀မ်းမရပ်ဘဲ ဆက်ပြီး
သွားနေတတ်ပါတယ်။ မိခင်နို့၊ နို့မှုန့်ကို
ခဏ(တစ်ရက်၊နှစ်ရက်)ရပ်ပြီး လက်တို့စ်
သကြားမပါတဲ့ နို့တစ်မျိုးမျိုး (ဥပမာ-
ပဲနို့) တိုက်မှ ၀မ်းရပ်သွားတတ်ပါတယ်။
ဝမ်းရပ်သွားတဲ့အခါ မိခင်နို့ ပြန်တိုက်နိုင်
ပါတယ်။ တိုက်လည်း တိုက်သင့်ပါတယ်။
နို့ထဲက ကယ်လစီယမ် (Calcium)
************************
ကယ်လစီယမ်ခေါ်ထုံးဓာတ်ဟာ
အရိုးတွေကျန်းမာကြံ့ခိုင်ရေးအတွက် အ
ရေးကြီးတယ်ဆိုတာ လူတိုင်းလိုလို သိ
ကြပါတယ်။ ကယ်လစီယမ်ရနိုင်တဲ့ အ
စားအစာတွေထဲမှာ နို့ဟာ အကောင်းဖြစ်
ပါတယ်။ နွားနို့ တစ်ခွက် (အဆီပါပါ၊ မပါ
ပါ)သောက်လျှင် ကယ်လစီယမ်၃၀၀မီလီ
ဂရမ်လောက် ရနိုင်ပါတယ်။ အစားအစာ
တွေမှာပါတဲ့ ကယ်လစီယမ်အားလုံးကို
အူထဲမှာစုပ်ယူနိုင်တာ မဟုတ်ပါဘူး။
တစ်စိတ်တစ်ဒေသသာ စုပ်နိုင်ပါတယ်။
နို့နှင့်နို့ထွက်အစာတွေမှာ ကယ်လစီယမ်
<ကယ်ဝတဲ့အပြင် နို့ထဲက ကယ်လစီယမ်
ကို အူထဲမှာ စုပ်ယူရတာလည်း လွယ်ပါ
တယ်။ ဟင်းရွက်တွေ၊ ကောက်ပဲသီးနှံ
တွေမှာပါတဲ့ ကယ်လစီယမ်ကိုတော့ စုပ်
ယူရတာ မလွယ်ပါဘူး။ နို့မှာပါတဲ့လက်
တို့စ်(Lactose) သကြားက ကယ်လစီ
ယမ်စုပ်ယူမှုကို ကောင်းစေပါတယ်။ နို့မှာ
ပါတဲ့ ပရိုတင်းကလည်း အရိုးတွေ တည်
ဆောက်မှုလုပ်ငန်းမှာ လိုအပ်တဲ့အာဟာ
ရ ဖြစ်ပါတယ်။ တကယ်တော့ နို့ (သို့)
နို့ထွက်အစာတစ်မျိုးမျိုးမစားသုံးဘဲ တစ်နေ့တာလိုအပ်တဲ့ ကယ်လစီယမ်
အလုံအလောက် ရဖို့ဆိုတာ မလွယ်ပါဘူး
လို့ အချို့သောအာဟာရပညာရှင်တွေက
ယုံကြည်ကြပါတယ်။
နို့ထဲက ဗီတာမင်အေ(Vitamin A)
************************
နို့မှာ ဗီတာမင်အေလည်း ကြွယ်ဝ
စွာ ပါဝင်ပါတယ်။ နို့ကရတဲ့ ဗီတာမင်အေ
ဟာ ခန္ဓာကိုယ်ထဲမှာ အဆင်သင့်အသုံး
ပြုနိုင်တဲ့ဗီတာမင်အေ အမျိုးအစားဖြစ်ပါ
တယ်။ အသီးအရွက်တွေကရတဲ့ ဗီတာ
မင်အေ လောင်းလျာ ဘေတာကယ်ရို
တင်း (Beta-Carotene) တွေကိုတော့
ခန္ဓာကိုယ်ထဲမှာအသုံးပြုဖို့ ဗီတာမင်အေ
အဖြစ် ဓာတ်ပြောင်းပေးရပါတယ်။ ဗီတာ
မင်အေဟာ ကလေးတွေရဲ့ အရိုးများ ကြီးထွားရင့်ကျက်မှု၊ ကိုယ်ခံစွမ်းအား
ကောင်းပြီး ရောဂါကာကွယ်နိုင်စွမ်းရှိမှု
တို့အတွက် အလွန်အရေးကြီးပါတယ်။
နို့ထွက် အစားအစာများ
****************
နို့ထွက်အစားအစာတွေဟာ နို့လိုပဲ
အကျိုးပြုပါတယ်။ ဒိန်ချဉ်ဟာ အာဟာ
ရ ကြွယ်ဝတဲ့အပြင်အူနှင့် အစာလမ်း
ကြောင်းကို ကျန်းမာစေတဲ့ Probiotic
အာနိသင် လည်းရှိပါတယ်။ ဒိန်ခဲနှင့် ဒိန်
ချဉ်ဟာ နို့လိုပဲ ကယ်လစီယမ် ကြွယ်ဝပါ
တယ်။ ဒါကြောင့် အဆီလျှော့နို့နှင့်ပြု
လုပ်တဲ့ ဒိန်ခဲနှင့်ဒိန်ချဉ်တို့ကို စားသုံးဖို့
အမေရိကန်နိုင်ငံသားတွေကို သူတို့ဆီ
က ပညာရှင်တွေက တိုက်တွန်းထားပါ
တယ်။ ထောပတ်နှင့်မလိုင်မှာ ကယ်လစီ
ယမ် မ<ကယ်ဝပါဘူး။ ဒါ့အပြင် ပြည့်ဝတဲ့
ဖက်တီးအက်စစ်တွေများပြီး သွေးထဲမှာ
ခိုလက်စထရော တက်စေနိုင်တာမို့ ဆင်
ခြင်ရမည့်အစာတွေဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ
လူကြီး၊ လူငယ်အားလုံးဟာ နို့နှင့် နို့
ထွက်အစာတွေကို စားသင့်တဲ့ပမာဏ
ပြည့်မှီအောင်မစားကြပါဘူးတဲ့။ အစား
အသောက်ရောင်းတဲ့ဆိုင်တိုင်း၊ကုန်စုံ
ဆိုင်တိုင်းလိုလိုမှာ နို့တွေကို အလျှံပယ်
ရောင်းနေတဲ့နိုင်ငံမှာပင် နို့သောက်သုံးမှု
နည်းနေသေးတယ်ဆိုတော့ကျွန်တော်
တို့ နိုင်ငံသားတွေရဲ့ နို့နှင့်နို့ထွက်အစာ
တွေစားသုံးမှု ဘယ်လောက်နည်းနေ
တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
အသက်အရွယ်အလိုက် တစ်နေ့
တာကာလအတွင်း သောက်သုံးသင့်တဲ့
နို့ပမာဏဟာ အရွယ်ရောက်ပြီးသူ တစ်
ယောက်အတွက် ၃ခွက်၊ ၉နှစ်မှ ၁၈နှစ်ထိ
လူငယ်တစ်ယောက်အတွက် ၂ခွက်နှင့်
တစ်ဝက်၊ ၂နှစ်မှ ၃နှစ်ထိ ကလေးတစ်
ယောက်အတွက် ၂ခွက် ဖြစ်ပါတယ်။
ခွက်ဆိုရာမှာ ၂၄၀ မီလီလီတာ (တစ်
လီတာဆံ့ သောက်ရေသန့် ပုလင်းကြီးရဲ့
၎ပုံ ၁ပုံခန့်) ကို ဆိုလိုပါတယ်။
မြန်မာတွေမှာ နို့သောက်တဲ့အကျင့်
သိပ်မရှိပါဘူး။ နို့ဆိုရင် ကော်ဖီ ဒါမှမဟုတ်
လက်ဖက်ရည်ဖျော်သောက်တဲ့အခါ ထည့်
ကြတာကများပါတယ်။ မြို့ပေါ်ဒေသတွေ
မှာသာမက နို့စစ်စစ် အလွယ်တကူရနိုင်
တဲ့ ကျေးလက်ဒေသတွေမှာလည်း နေ့
စဉ်မှန်မှန် နို့သောက်တဲ့အကျင့် မရှိကြ
သေးပါဘူး။ တကယ်တော့ မြို့ကြီးတွေ
က စူပါမားကက်တွေမှာ ဘူးတွေနဲ့ထည့်
ထားတဲ့နို့ကို ၀ယ်လို့ရနေပါပြီ။ ကလေး
တွေ၊ ပျိုဖော်ဝင် အရွယ်တွေ၊ အရွယ်
ရောက်ပြီးသူအမျိုးသမီးတွေ နေ့စဉ်မှန်
မှန် နို့သောက်တဲ့အကျင့်လုပ်ဖို့လိုနေပါပြီ။
• ဒေါက်တာလှကြည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။