Burma-Newselite
MZ (Burma-Newselite)
ပြီးခဲ့တဲ့ ၄ လအတွင်း တရုတ် ဟက်ကာတွေဟာ နယူးရောက်တိုင်းမ် သတင်းစာရဲ့ ကွန်ပြူတာစတစ်အတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး သတင်းထောက်တွေနဲ့ တခြားဝန်ထမ်းတွေရဲ့ လုံခြုံရေးပါ့စ်ဝတ် (password) တွေကို ရယူခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်
ခေါင်းဆောင်တွေ အကြောင်းကို သတင်းတင်ပြတဲ့ အမေရိကန် မီဒီယာကို ဆန့်ကျင်တိုက်ခိုက်တဲ့ တရုတ်လှုပ်ရှားမှုကြီးရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ယူဆရပါတယ်။
...
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်လောက်က နယူရောက်တိုင်းမ်း သတင်းစာကနေ တရုတ် ၀န်ကြီးချုပ် ၀င်ဂျားဘောင် (Web Jiabao) ရဲ့ မိသားစုအကြောင်း ရေးသားခဲ့ရာမှာ သူ့မိသားစုဟာ အနဲဆုံး ပိုင်ဆိုင်မှု ၂.၇ ဘီလီယံ ဒေါ်လာရှိနေကြောင်း ပါဝင်ပါတယ်။ အဲဒီနေ့မှာပဲ နယူးရောက်တိုင်းမ် သတင်းစာရဲ့ ကွန်ပြူတာကွန်ယက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ တွေ့ရပြီး ကွန်ပြူတာ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူေ တွက အခုလို ကွန်ပြူတာကွန်ယက်အတွင်း ထိုးဖောက်ဝင်ရောက်သူတွေကို
ခြေရာခံခဲ့ပါတယ်။
ဟက်ကာတွေဟာ သတင်းထောက် ၂ ဦးရဲ့ အီးမေးလ်ကို ထိုးဖောက်ပြီး ကျန်သူတွေရဲ့ ပါ့စ်ဝတ် (password) တွေကို ခိုးယူခဲ့တယ်လို့ နယူးရောက်တိုင်းမ် က ပြောပါတယ်။ အမေရိကန် တက္ကသိုလ်တွေမှာရှိတဲ့ ကွန်ပြူတာတွေကနေတဆင့် အခုလို ထိုးဖောက် ၀င်ရောက်ခဲ့ပြီး ဒါဟာ တရုတ်စစ်တပ်က သုံးနေကျနည်း ဖြစ်တယ်လို့ ကွန်ပြူတာလုံခြုံရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အရင်တိုက်ခိုက်မှု ရာပေါင်းများစွာ မြစ်ဖျားခံရာ နေရာနဲ့ အခုတိုက်ခိုက်မှု တူညီနေပါတယ်။
အလားတူပဲ တခြားတရုတ်ခေါင်းဆောင်တဦးရဲ့ မိသားစု ပိုင်ဆိုင်မှုအကြောင်း ရေးသားအပြီးမှာ အမေရိကန်သတင်းမီဒီယာဖြစ်တဲ့ Bloomberg သတင်းဌာနကိုလည်း အခုလို ကွန်ပြူတာကွန်ယက်အတွင်း တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခုလို တရုတ်စစ်တပ်က ကွန်ပြူတာ အင်တာနက်ကနေ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်တယ်ဆိုတဲ့ စွတ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။
Source: NPR (http://www.npr.org/blogs/ thetwo-way/2013/01/31/ 170732833/ hack-attack-on-new-york-times-l ooks-like-part-of-chinese-camp aign)
(ရှယ်နိုင်ပါတယ်။ ကော်ပီကူးပြီး ပြန်တင်ခွင့် မရှိပါ။)
MZ (Burma-Newselite)
ပြီးခဲ့တဲ့ ၄ လအတွင်း တရုတ် ဟက်ကာတွေဟာ နယူးရောက်တိုင်းမ် သတင်းစာရဲ့ ကွန်ပြူတာစတစ်အတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး သတင်းထောက်တွေနဲ့ တခြားဝန်ထမ်းတွေရဲ့ လုံခြုံရေးပါ့စ်ဝတ် (password) တွေကို ရယူခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်
ခေါင်းဆောင်တွေ အကြောင်းကို သတင်းတင်ပြတဲ့ အမေရိကန် မီဒီယာကို ဆန့်ကျင်တိုက်ခိုက်တဲ့ တရုတ်လှုပ်ရှားမှုကြီးရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ယူဆရပါတယ်။
...
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်လောက်က နယူရောက်တိုင်းမ်း သတင်းစာကနေ တရုတ် ၀န်ကြီးချုပ် ၀င်ဂျားဘောင် (Web Jiabao) ရဲ့ မိသားစုအကြောင်း ရေးသားခဲ့ရာမှာ သူ့မိသားစုဟာ အနဲဆုံး ပိုင်ဆိုင်မှု ၂.၇ ဘီလီယံ ဒေါ်လာရှိနေကြောင်း ပါဝင်ပါတယ်။ အဲဒီနေ့မှာပဲ နယူးရောက်တိုင်းမ် သတင်းစာရဲ့ ကွန်ပြူတာကွန်ယက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ တွေ့ရပြီး ကွန်ပြူတာ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူေ
ခြေရာခံခဲ့ပါတယ်။
ဟက်ကာတွေဟာ သတင်းထောက် ၂ ဦးရဲ့ အီးမေးလ်ကို ထိုးဖောက်ပြီး ကျန်သူတွေရဲ့ ပါ့စ်ဝတ် (password) တွေကို ခိုးယူခဲ့တယ်လို့ နယူးရောက်တိုင်းမ် က ပြောပါတယ်။ အမေရိကန် တက္ကသိုလ်တွေမှာရှိတဲ့ ကွန်ပြူတာတွေကနေတဆင့် အခုလို ထိုးဖောက် ၀င်ရောက်ခဲ့ပြီး ဒါဟာ တရုတ်စစ်တပ်က သုံးနေကျနည်း ဖြစ်တယ်လို့ ကွန်ပြူတာလုံခြုံရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အရင်တိုက်ခိုက်မှု ရာပေါင်းများစွာ မြစ်ဖျားခံရာ နေရာနဲ့ အခုတိုက်ခိုက်မှု တူညီနေပါတယ်။
အလားတူပဲ တခြားတရုတ်ခေါင်းဆောင်တဦးရဲ့ မိသားစု ပိုင်ဆိုင်မှုအကြောင်း ရေးသားအပြီးမှာ အမေရိကန်သတင်းမီဒီယာဖြစ်တဲ့ Bloomberg သတင်းဌာနကိုလည်း အခုလို ကွန်ပြူတာကွန်ယက်အတွင်း တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခုလို တရုတ်စစ်တပ်က ကွန်ပြူတာ အင်တာနက်ကနေ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်တယ်ဆိုတဲ့ စွတ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။
Source: NPR (http://www.npr.org/blogs/
(ရှယ်နိုင်ပါတယ်။ ကော်ပီကူးပြီး ပြန်တင်ခွင့် မရှိပါ။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။