Burma-Newselite
MZ (Burma-Newselite)
တောင်အာဖရိကနိုင်ငံရဲ့ ဘီလီယံနာ လူမည်းသူဌေးက သူ့ရဲ့ ကြွယ်ဝမှု ထက်ဝက်ကို ဆင်းရဲသားတွေကို ကူညီနိုင်ဖို့ လှူဒါန်းသွားမယ်လို့ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
... ပါထရီး မိုဆိပ် (Patrice Motsepe) ဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးသော လူမဲ ဘီလီယံနာ သန်းကြွယ်သူဋ္ဌေး ဖြစ်ပြီး
တောင်အာဖရိကနိုင်ငံက စတုတ္ထမြောက် အချမ်းသာဆုံးသူပါ။ သတ္တုတွင်းလုပ်ငန်းတွေနဲ့ ချမ်းသာလာသူဖြစ်ပြီး သူ့ကြွယ်ဝမှုဟာ ၂ ဒဿမ ၆၅ ဘီလီယံဒေါ်လာ ရှိမယ်လို့ ဖို့ဘ် မဂ္ဂဇင်းက ခန့်မှန်းပါတယ်။ လူဖြူအနဲစုအုပ်စိုးမှု ကုန်ဆုံးခဲ့တဲ့ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ လူမဲတွေရဲ့ စီးပွားရေးအခန်းကဏ္ဍ ပွင့်လာခဲ့တာပါ။
အမေရိကန် စီးပွားရေးရင်းနှီးမြှုပ်နှံသူ ၀ါရင်ဘာဖက် (Warren Buffet) နဲ့အတူ အမေရိကန်သူဋ္ဌေးကြီး ဘီးလ်ဂိတ်နဲ့ ဇနီး မယ်လင်းဒါတို့ရဲ့ "ပိုင်ဆိုင်မှုတွေ ဝေငှရေးလှုံ့ဆော်မှု" ဟာ ဘီလီယံနာပေါင်း တရာနီးပါးကို သူတို့ပိုင်ဆိုင်မှု အများအပြားကို လှူဒါန်းဖို့ ကတိပြုလာကြတဲ့အထိ
အောင်မြင်မှုတွေ ရနေပါတယ်။
ပါထရီး မိုဆိပ်ရဲ့ ဇနီးဖြစ်သူ ပရက်ရှပ်စ် (Precious) က သူ့ခင်ပွန်း အသက်ရှင်နေချိန် အတွင်းမှာပဲ ဒီအလှူငွေတွေကို သုံးစွဲဝေငှ သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ (သေမှ လှူမှာ မဟုတ်ကြောင်းပါ။)
Source: NPR
(ရှယ် နိုင်ပါတယ်။ ကော်ပီကူးပြီး ပြန်တင်ခွင့်မပြုပါ။)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။