Cloud Cuckoo Land shared Aye Chan Mon's photo.
အပြင်ပန်းနုပျိုမှု၊ လှပမှုတွေကို သာ ဦးစားပေး ပြုပြင်နေတာ ထက် အတွင်း သဏ္ဌာန်ကပါ လှပနေမှ တစိမ့်စိမ့်ကြည့် လေလေနုပျိုလှပလေလေ ဖြစ်မှာပါ။
(၁) ပျော်စရာအတွေးများနှင့် နေထိုင်ပါ
စိတ်ပျိုကိုယ်နုဆိုတဲ့ စကားကိုကြား ဖူးကြမှာပါ။ အကောင်းမြင်စိတ်ရှိတာ၊ တစ်ပါးသူတွေအပေါ် အကောင်းမြင် စိတ်နဲ့ တွေးတောပေးတာတွေက သင့် စိတ်နဲ့ ခန္ဓာကိုယ်ကို နုပျိုနေစေပြီး အ သက်ရှည်စေပါတယ်။ အတိတ်က ပျော် ရွှင်စရာဖြစ်ရပ်တွေကို ပြန်လည်တွေး တောတာက သက်ရှည်နုပျိုစေတယ်လို့ "ပျော်ရွှင်ဖွယ်အကောင်းဆုံးဘဝ" စာအုပ် ကို ရေးသားခဲ့သူ ကယ်ရိုလင်း အဒမ် မိုင်လာက ပြောပါတယ်။
(၂) စောစောအိပ် စောစောထပါ
နုပျိုစေတဲ့ အကောင်းဆုံး လျှို့ဝှက် ချက်က အိပ်ရာစောစောဝင်တာပါ။ အိပ် စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်တာတွေ ကို ပြန်လည်ပြုပြင်ပေးပြီး အကောင်းဆုံး ဖြစ်စေပါတယ်။ အိပ်ရေးဝ၀အိပ်စက်တာ ကြောင့် သင့်ခန္ဓာကိုယ်ကို နုပျိုစေပြီး ဦး နှောက်ဥာဏ်ရည် ထက်မြက်စေပါတယ်။ အိပ်စက်တဲ့အခါ အိပ်ရာစောစောဝင်ပြီး တစ်ညကို ရှစ်နာရီကြာ အိပ်စက်သင့်ပါ တယ်။
(၃) နုပျိုစေသော အစားအစာများကို စားပါ
သင်စားတဲ့ အစားအသောက်တွေ က နုပျိုလှပဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစား အသောက်စားတိုင်းမှာ သစ်သီး၊ ဟင်းသီး ဟင်းရွက်နဲ့ ရေတစ်ဖန်ခွက် ပါဝင်အောင် စားသောက်သင့်တယ်လို့ Dr.Lodge က ပြောပါတယ်။ ဒီလိုစားသောက်တာ ကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက် ဆီးဒင့်တွေရရှိပြီး စွမ်းအင်ပြည့်ဝကာ လန်းဆန်းစေပါတယ်။ နေ့လယ်စာ၊ ည စာတွေ စားပြီးတဲ့အခါ အချိုပွဲစားတဲ့ အကျင့်ကို ဖျောက်ပစ်ဖို့ မလိုပါဘူး။ ကျန်း မာရေးနဲ့ညီညွတ်တဲ့ သီးနှံတစ်မျိုးမျိုး ဒါမှမဟုတ် သီးနှံတွေနဲ့ ပြုလုပ်ထားတာကို ရွေးချယ်စားဖို့သာ လိုအပ်တာပါ။
(၄) ကြွက်သားသန်မာအောင် လေ့ကျင့်ပါ
လက်ရှိအသက်အရွယ်ထက် ဘယ် လောက် အတိုင်းအတာအထိ ငယ်ရွယ် နုပျိုချင်ပါသလဲ။ ဒီမေးခွန်းကို လေ့ကျင့် ရေးနည်းပြတွေက မေးတဲ့အခါ အများစု က လက်ရှိအသက်ထက် ၂၀ နှစ်ခန့် နုပျို ချင်တယ်လို့ ပြောကြပါတယ်။ ဆွဲဆန့် လေ့ကျင့်ခန်း၊ အလေးအသုံးပြုပြီး လေ့ ကျင့်တာတွေ ပြုလုပ်တာကြောင့် ကြွက် သားတွေပိုမိုသန်မာလာပြီး သက်လုံ ပိုမို ကောင်းလာစေပါတယ်။ သင့်ကိုယ်သင် လည်း အသက် ၂၀ လောက် ပိုငယ်သွား တယ်လို့ ထင်မြင်လောက်အောင်ကို သွက်သွက်လက်လက် လှုပ်ရှားသွားလာ နိုင်မှာဖြစ်ပါတယ်။
(၅) အသွင်အပြင်ပြောင်းလဲပါ
လက်ရှိအသက်ထက် ပိုနုငယ်တယ် လို့ ထင်မြင်အောင် သင်ရဲ့ အပြင်အဆင် တွေနဲ့ ပြောင်းလဲယူလို့ရပါတယ်။ ဆံပင် ပုံစံကို မျက်နှာနဲ့ လိုက်အောင်ပြင်ဆင် တာ၊ အသားအရေထိန်းသိမ်းမှုကောင်း တာတွေက သင့်ကို လက်ရှိအသက်ထက် ပိုနုငယ်စေတယ်လို့ ထင်မြင်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။
(၆) သင့်ဦးနှောက်ကို အစဉ်အမြဲ နုပျို အောင် လုပ်ဆောင်ပါ
ညီညွတ်မျှတတဲ့ အစားအစာတွေ ကို မှန်မှန်ကန်ကန် စားသောက်တယ်၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တယ်၊ အသား အရေထိန်းသိမ်းမှုတွေ ပုံမှန်ပြုလုပ်တယ် ဆိုပေမယ့် နုပျိုလန်းဆန်းနေတယ်ဆိုတဲ့ ခံစားချက်ကို သင့်ဦးနှောက်က သိရှိဖို့ လိုပါ သေးတယ်။ နုပျိုမှုကို သင့်ဦးနှောက်က သိရှိစေဖို့ သင်တန်းတက်တာ၊ ဘာသာ စကားအသစ်လေ့လာတာတွေပြုလုပ်ပါ။
(၇) ရုပ်ရှင်ကြည့်ပါ သီချင်းနားထောင်ပါ
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ သင်ငယ်ရွယ်စဉ်က ဖြတ်သန်း ခဲ့ဖူးတဲ့ အကြောင်းအရာကို ရိုက်ကူးထား တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းကြည့်တာ၊ သီချင်း နားထောင်တာတွေက မှတ်ဥာဏ်တွေ ပိုမိုကောင်းမွန်စေပြီး ပျော်ရွှင်မှုဖြစ်ပေါ် စေကာ ကျန်းမာစေတယ်လို့ တွေ့ရှိခဲ့ပါ တယ်။
(၈) မှန်ကန်စွာ မျှမျှတတ တွေးတော ဆင်ခြင်ပါ
မျှမျှတတ တွေးတောဆင်ခြင်တာ က သင့်ကို စိတ်ပျိုကိုယ်နုဖြစ်စေတဲ့ အကြောင်းတစ်ရပ်ပါ။ ဆုံးဖြတ်ချက်ခိုင်ခိုင် မာမာရှိပြီး သူတစ်ပါးအပေါ်၊ မိမိကိုယ် တိုင်အပေါ် မှန်မှန်ကန်ကန်နဲ့ မျှမျှတတ တွေးတော ဆင်ခြင်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး နုပျိုသွက်လက်စွာ လှုပ်ရှား လုပ်ကိုင်နိုင်စေပါတယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Credit to : GOOD HEALTH
Post By : အေးချမ်းမွန်
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။