(ဆောင်းပါးရှင်-ကျော်ဇောအောင်)
မြန်မာဟူသောအသုံးအနှုန်းကို ပုဂံခေတ် ကျန်စစ်သားမင်း(အေဒီ ၁၀၈၄-၁၁၁၃)လက်ထက် ခရစ်နှစ် ၁၁၀၂ ခုနှစ်တွင် ရေးထိုးခဲ့သော “ကျန်စစ်သားမင်း၏ နန်းတည်ကျောက်စာ” တွင် “မိရ်မာ” ဟူသောဝေါဟာ ရသည် မြန်မာကို ရည်ညွှန်းခြင်းဖြစ်ကာ မည်(မွန်)နှင့် တိရ်စုလ်(ပျူ)ဝေါ ဟာရတို့နှင့်တွဲ၍ ပထမဆုံးအကြိမ် အဖြစ်တွေ့ရခြင်းဖြစ်သည်။
ထို့နောက်အေဒီ ၁၁၉၀ ပြည့်နှစ် တွင် ရေးထိုးထားသည့်ု အမတ်ကြီးသိင်္ဃသူ ကျောက်စာတွင် “မြန်မာပန်တျာ” ဟူ၍ လည်းကောင်း၊ ခရစ်နှစ် ၁၂၃၅ ခုနှစ်တွင်းရေးထိုးသည့် ရတနာပုံ ကျောက်စာတွင် “မြန်မာပြည်” ဟူ၍လည်းကောင်း၊ ခရစ်နှစ် ၁၂၄၂ ခုနှစ်တွင် ရေးထိုးသည့်ဖွားစောခေါ် မိဖု ရားဖွားစောကျောက် စာတွင် “သ္မိအိုမြန်မာ” ဟူ၍လည်းကောင်း၊ ခရစ်နှစ် ၁၃၆၃ ခုနှစ်တွင်ရေးထိုးသော သက်တော်ရှည် ဘုရားကျောက်စာတွင် “မြံမာရွာတိ” ဟူ၍လည်း ကောင်းတွေ့ရှိရပါ သည်။ မြန်မာဝေါဟာရ ကို ကျောက်စာတွင် မြံမာ၊ မြံမာပြည်၊ မြဟ္မ၊ မြဟ္မာပြည်၊ မြံမ ပြည်၊ မြံမ္မာပြည်၊ မြမ္မဘာသာစသည်ဖြင့်
ပြောင်းလဲရေးထိုးခဲ့ကြောင်း တွေ့ရသည်။
ယနေ့တိုင် သမိုင်းပညာရှင်များ တညီတညွတ်တည်းလက်ခံ၍ ခိုင်လုံသေချာစိတ်ချရသောကျာက် စာအထောက်အထားများအရ မြန်မာဟူသောဝေါဟာရကို ပုဂံခေတ်မှ စတင်တွေ့ရှိ ရပြီး ပုဂံခေတ် နောက်ပိုင်းတွင်လည်း ယင်းသို့ပင် ဆက်လက်သုံးနှုန်းခဲ့ကြသည်ကို အထင်အရှားတွေ့ရ သည်။
ထိုသည်ကို ပုဂံခေတ်နောက်ပိုင်းတွင်လည်း အင်းဝခေတ် ခရစ်နှစ် ၁၄၈၅ ခုနှစ် တွင် ရေးထိုး သည့်စစ်ကိုင်းရတနာစေတီ ကျောက်စာတွင် “ဧရာပန်းရောင်၊ ပေါင်းလောင်း ချင်း တွင်းမြစ်၊ လေးစင်းအခံကညွတ်မျှနေသော ကြည်းတောင်ဖျင်မျှ မြန်မာပြည်” ဟူ၍ လည်းကောင်း၊ ခရစ်နှစ် ၁၅၀၉ ခုနှစ်တွင် ရေးထိုးသည့် ရတနာဗိမာန်ကျောက်စာ၌ “မြောက်တစ်လွှား ကသုပ ရန္တ၊ တောင်ဘက်က တမ္ပဒီပမည်သောတိုင်းနှစ်တိုင်း ကိုကြပ်တိုင်ဖုံးအုပ်၊ အာဏာချုပ်လျက် ပိုက် ထုပ်ရိုက် ရာသာသနလတည် မြံမာပြည်” ဟူ၍ လည်းကောင်း တွေ့ရှိရ သည်။ မြန်မာ စာပေ ရွှေခေတ်ဟု တင်စားခေါ်ဝေါ်ခဲ့သည့် အင်းဝခေတ်တွင် ကျောက်စာများ၌သာမ က ပျို့စာများ တွင်လည်းတွေ့ရှိနိုင်ပေသည်။
ထိုသည်တို့ကို ထောက်ရှုခြင်းအားဖြင့် မြန်မာဟူသောဝေါဟာရ သည် ရေးနည်းသာကွဲသွားမည်။ ဆိုလိုရင်းအဓိပ္ပာယ်သည် အတုတူပင်ဖြစ်သည်ကို သုံးသပ်ရပေသည် ။ မြန်မာဟူသောဝေါဟာရကို ဆက်လက်သုံးစွဲခဲ့ သည်ကို နှောင်းပိုင်းခေတ် များတွင် လည်း တွေ့နိုင်ပေသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးရာဇ၀င်ကျမ်းဖြစ်သည့် အင်းဝခေတ် ရွှေနန်းကျော့ရှင် နရပတိ (၁၅၀၁-၁၅၂၇) လက်ထက် ရှင်မဟာသီလ၀ံသရေးသားပြုစုသည့် ရာဇ၀င်ကျော်တွင် “မြန်မာ မင်းဆက်” အကြောင်းဟု ခေါင်းစဉ်တပ်ထားပြီး စာကိုယ်တွင်လည်း ‘ငါတို့မြန်မာပြည်’ ဟု သုံးနှုံးထား သည်။ ရာဇ၀င်ကျော်ပေါ်ထွက်လာပြီး နောက်ပိုင်း ဦးကုလား မဟာရာဇ၀င်ကြီး၊ တွင်းသင်း မြန်မာ ရာဇ၀င်သစ်၊ ဇတာတော်ပုံရာဇ၀င်၊ စေတီယကထာမည်သော ရာဇ၀င်ချုပ်၊ မှန်နန်းရာ ဇ၀င်တော်ကြီးနှင့် ကုန်းဘောင်မင်းဆက်မဟာရာဇ၀င် တို့တွင်လည်း ‘မြန်မာ’ အသုံးအနှုံး များဖြင့် ရေးသားထားသည်ကို တွေ့ရသည်။
ref: ဒို့ဗမာအစည်းအရုံး မှကောက်နှုတ်ဖေါ်ပြချက်သာဖြစ်သည်။
http://www.myanmardailynews.org/2013/01/blog-post_5550.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။