ငံပြာရည်အတု
ဓာတုပစ္စည်းရောစပ်သည့် ငံပြာရည်အတု ဈေးကွက်ရှိဟု ငါးပိငံပြာရည်လုပ်ငန်းရှင်များဆို
ဓာတုဗေဒ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ငံပြာရည်အတုဈေးကွက်မှာ မြို့ကြီးများနှ...င့် ကျေးလက်ဒေသများပါမကျန် ပျံ့နှံ့ရောက်ရှိနေပြီး မိရိုးဖလာငါးပိငံပြာရည်လုပ်ငန်း များ ကြီးပွားချမ်းသာ ရန်မလွယ်ကူ
တော့ကြောင်း ဟင်္သာတမြို့မှ ငါးပိငံပြာ ရည်လုပ်ငန်းရှင်များက ပြောသည်။
မိရိုးဖလာငံပြာရည်ကို ငါးပိမှ တစ်ဆင့်လနှင့်ချီ၍ နှစ်ပေါက်အောင် ထုတ် လုပ်ရပြီး ဓာတုဗေဒငံပြာရည်မှာမူ ဆားနှင့် ရေကို ဓာတုဗေဒငံပြာရည်အနံ
့နှင့် အရောင်ရောစပ်ကာချက်ချင်းဗူးသွတ် ၍ ဈေးကွက်အတွင်းသို့ ဖြန့်ချိ
နိုင်ပြီး ဈေးနှုန်း မှာလည်း ကျပ်၂၀၀ ခန့် သက်သာကြောင်း၊ ဖြန့်ချိပေးသော
ဆိုင်များကို လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြောင်း ၎င်းတို့က
ပြောသည်။
“အတုကိုဝယ်တဲ့လူက တုတာကို အတုလို့လုံးဝမသိလို့တော့မဟုတ်ဘူး။ ဒါ ပေမယ့် ငံပြာရည်အစစ်က တစ်ပုလင်းကို ကျပ် ၅၀၀၊ အတုက ကျပ် ၃၀၀၊ သူ့ကိုကျပ် ၅၀၀ ရောင်းရင် ကျပ် ၂၀၀ မြတ်မယ်။ ကျွန်တော်တို့ ကျပ် ၅၀၀ကို
ကျပ် ၇၀၀ ရောင်းရင် စားသုံးသူက မတတ်နိုင်တော့ဘူး။ စားသုံးသူက ဟင်းအိုးထဲကို ငံပြာရည်လောင်းလိုက်တယ် ဆိုတဲ့စိတ်ကလေးပဲ။
အဲဒီတော့ အတုနဲ့အစစ်နဲ့ ယှဉ်လို့မရဘူး။ စားဝတ်နေရေးအတွက် သမ္မာအာဇီဝရှာလို့ရတယ်။ ကြီးပွားချမ်းသာဖို့ကမရဘူး”ဟု
ဟင်္သာတမြို့နေ ငါးပိ၊ ငံပြာရည်လုပ်ငန်းမှ ဦးနေ၀င်းက ပြောသည်။
ဓာတုဗေဒငံပြာရည်များကိုစားသုံး ခြင်းကြောင့် အသည်းရောဂါများ ဖြစ်ပွား
တတ်သဖြင့် အထူးသတိပြုရန် လိုအပ်သည်ဟု သိရသည်။
“အရက်သမား တစ်ယောက်က အရက်သောက်ရင်သူတစ်ယောက်တည်းပဲ ခံရမယ်။ ငံပြာရည်အတုထွက်တဲ့ အတွက်ကြောင့် ငံပြာရည်အတုစားရင် အိမ်ကမိသားစုတစ်ခုလုံးခံရမှာ။ အဓိကပြောချင်တာက အတုစားမယ့်အစား ဆားနဲ့စား၊ ဘာမှမဖြစ်ဘူး။ ငံပြာရည်အတုတွေထွက် နေတဲ့အပေါ်မှာ
နိုင်ငံတော်ကဒါကိုအလေး မထားဘူး””ဟု ဦးနေ၀င်းက ဆက်ပြောသည်။
မိရိုးဖလာငါးပိလုပ်ငန်းမှာ စားသုံးမှုအတွက် ဖူလုံမှုရှိသော်လည်း ငံပြာရည်မှာ
ဖူလုံမှုမရှိဟုသိရသည်။ ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင် ငါးပိ၊ ငံပြာရည်အများဆုံးထွက်ရှိပြီး ဖျာပုံ၊ ပုသိမ်၊ ဟိုင်းကြီးကျွန်းဒေသတို့တွင်
လည်း ထွက်ရှိသည်ဟုသိရသည်။
“ငံပြာရည်တု၊ မတုတော့မသိဘူး။တစ်ချို့ငံပြာရည် တွေက နည်းနည်း လောက်စားရုံနဲ့ သွေးတိုးလို့မစားဖြစ်တာကြာပြီ။
ထိုင်းက ထုတ်တဲ့ငံပြာရည်ပဲ ဈေးကြီးပေးပြီး ၀ယ်စား တယ်”ဟု မရမ်းကုန်းမြို့နယ် မှ စားသုံး သူ တစ်ဦးကလည်း ပြောသည်။
- ရူပါအောင်ဝင်း
http://thefarmermedia.com/
ဓာတုဗေဒ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ငံပြာရည်အတုဈေးကွက်မှာ မြို့ကြီးများနှ...င့် ကျေးလက်ဒေသများပါမကျန် ပျံ့နှံ့ရောက်ရှိနေပြီး မိရိုးဖလာငါးပိငံပြာရည်လုပ်ငန်း
တော့ကြောင်း ဟင်္သာတမြို့မှ ငါးပိငံပြာ ရည်လုပ်ငန်းရှင်များက ပြောသည်။
မိရိုးဖလာငံပြာရည်ကို ငါးပိမှ တစ်ဆင့်လနှင့်ချီ၍ နှစ်ပေါက်အောင် ထုတ် လုပ်ရပြီး ဓာတုဗေဒငံပြာရည်မှာမူ ဆားနှင့် ရေကို ဓာတုဗေဒငံပြာရည်အနံ
့နှင့် အရောင်ရောစပ်ကာချက်ချင်းဗူးသွတ်
နိုင်ပြီး ဈေးနှုန်း မှာလည်း ကျပ်၂၀၀ ခန့် သက်သာကြောင်း၊ ဖြန့်ချိပေးသော
ဆိုင်များကို လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ကြောင်း ၎င်းတို့က
ပြောသည်။
“အတုကိုဝယ်တဲ့လူက တုတာကို အတုလို့လုံးဝမသိလို့တော့မဟုတ်ဘူ
ကျပ် ၇၀၀ ရောင်းရင် စားသုံးသူက မတတ်နိုင်တော့ဘူး။ စားသုံးသူက ဟင်းအိုးထဲကို ငံပြာရည်လောင်းလိုက်တယ် ဆိုတဲ့စိတ်ကလေးပဲ။
အဲဒီတော့ အတုနဲ့အစစ်နဲ့ ယှဉ်လို့မရဘူး။ စားဝတ်နေရေးအတွက် သမ္မာအာဇီဝရှာလို့ရတယ်။ ကြီးပွားချမ်းသာဖို့ကမရဘူး”ဟု
ဟင်္သာတမြို့နေ ငါးပိ၊ ငံပြာရည်လုပ်ငန်းမှ ဦးနေ၀င်းက ပြောသည်။
ဓာတုဗေဒငံပြာရည်များကိုစားသုံး ခြင်းကြောင့် အသည်းရောဂါများ ဖြစ်ပွား
တတ်သဖြင့် အထူးသတိပြုရန် လိုအပ်သည်ဟု သိရသည်။
“အရက်သမား တစ်ယောက်က အရက်သောက်ရင်သူတစ်ယောက်တည်းပဲ ခံရမယ်။ ငံပြာရည်အတုထွက်တဲ့ အတွက်ကြောင့် ငံပြာရည်အတုစားရင် အိမ်ကမိသားစုတစ်ခုလုံးခံရမှာ။ အဓိကပြောချင်တာက အတုစားမယ့်အစား ဆားနဲ့စား၊ ဘာမှမဖြစ်ဘူး။ ငံပြာရည်အတုတွေထွက် နေတဲ့အပေါ်မှာ
နိုင်ငံတော်ကဒါကိုအလေး မထားဘူး””ဟု ဦးနေ၀င်းက ဆက်ပြောသည်။
မိရိုးဖလာငါးပိလုပ်ငန်းမှာ စားသုံးမှုအတွက် ဖူလုံမှုရှိသော်လည်း ငံပြာရည်မှာ
ဖူလုံမှုမရှိဟုသိရသည်။ ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တ
လည်း ထွက်ရှိသည်ဟုသိရသည်။
“ငံပြာရည်တု၊ မတုတော့မသိဘူး။တစ်ချို့ငံပြာရည်
ထိုင်းက ထုတ်တဲ့ငံပြာရည်ပဲ ဈေးကြီးပေးပြီး ၀ယ်စား တယ်”ဟု မရမ်းကုန်းမြို့နယ် မှ စားသုံး သူ တစ်ဦးကလည်း ပြောသည်။
- ရူပါအောင်ဝင်း
http://thefarmermedia.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။