Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 27, 2013

ကျွန်တော်တို့ မြန်မာတွေ(အများစု)မှာ မွေးရာပါ ထူးချွန်တဲ့ အရာတစ်ခုရှိတယ်။

ငရဲ သား and Tun Wai were tagged in Ryo Miyaichan's photo. — with Ko Nay Myo and 4 others.
ကျွန်တော်တို့ မြန်မာတွေ(အများစု)မှာ မွေးရာပါ ထူးချွန်တဲ့ အရာတစ်ခုရှိတယ်။ အဲဒါကတော့ ဘယ်လို ဖျက်ဆီးရမလဲဆိုတဲ့ အရာဘဲ။ ဘယ်မှာမှ မသင်ဘဲ အလိုလို တတ်တယ်။ ခုလဲကြည့် အိုဘားမား ဂရက်ဖီးတီးပုံပေါ်ကို လက်ကမြင်းသွားတာ ကြည့်လို့တောင် မကောင်းဘူး။ သိပ်လုပ်ချင်လှတယ်ဆိုလည်း အဲဒီပုံဘေးမှာ အိုဘားမားကို ဆန့်ကျင်တဲ့ ဂရက်ဖီးတီးပုံတစ်ပုံလောက် လက်စွမ်းပြကြပါလား။ မူလပုံထက် မသာဘဲ တန်းတူလောက်ဆွဲနိုင်ရင်တောင် အားပေးလက်ခံလို့ရတယ်။ ခုဟာက ဖျက်ဆီးချင်ကြတဲ့စိတ်နဲ့ လုပ်သွားတာ။ ဒါကိုလည်း စည်ပင်က ဆေးသုတ်ပြီး ပြုပြင်မယ်မရှိဘူး။ အဲဒီနေရာမှတင်မဟုတ်ဘူး သမိုင်းဝင် ပင်းတယလှိုင်ဂူကြီးမှာဆိုလည်း ကော်ရက်ရှင်ပန်တွေနဲ့ ‘မောင်နဲ့ ချစ် အမှတ်တရ’ ဘာညာကွိကွဆိုပြီး ကျောက်တိုင်တွေမှာ ရေးလို့ရေး၊ ဘုရားနံရံတွေမှာရေးလို့ရေးနဲ့။ သိပ်အမှတ်တရဖြစ်ချင်နေရင် ဓါတ်ပုံတစ်ပုံလောက်ရိုက်သွားကြလေ။ အဲလိုရေးလွန်းလို့ ခုတော့ ဂူနံရံပတ်လည်မှာ ထုံးတွေလိုက်သုတ်ထားရတယ်။ ဒါလည်း မင်ပြာဆော့ဖ်ပင်နဲ့ လက်ကမြင်းသွားသေးတာဘဲ။ အဲလိုဘဲ သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကြီးဆိုလည်း ကော်ရက်ရှင်ပန်တွေနဲ့ အပြည့်ရေးထားကြတာ။ ဟို အမှတ်တရတွေ ဒီ အမှတ်တရတွေ။ ဒါ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကွဆိုပြီး ကမ္ဘာကို ဘယ်မျက်နှာနဲ့ပြရမှန်းတောင် မသိဘူး။ နိုင်ငံခြားသားတွေကို မြန်မာတွေ လက်ကမြင်းထားမှန်းသိအောင်လို့ အင်္ဂလိပ်လိုရေးထားတာတွေက ပါသေးတယ်။ 

ဒါတင်မကဘူး ပန်းခြံ၊ အိမ်သာနဲ့ အခြားအများသုံးနေရာတွေမှာလည်း ဟိုခြစ် ဒီခြစ်နဲ့ ရေးတတ်တဲ့အကျင့်တွေကိုလည်း တွေ့ရတယ်။ အကျိုးရှိတယ်ဆိုရင် မပြောလိုပါဘူး၊ အကျိုးမရှိဘဲ ကိုယ့်ကြောင့် ရှုပ်သွားတယ်၊ ပွသွားတယ်ဆိုတဲ့ အကျိုးဆက်တွေဘဲတွေ့ရတယ်။ ဘာရယ်မဟုတ်ဘူး သူများတွေ ရေးလို့ ရေးချင်စိတ်ရှိပြီး ရေးလိုက်တာ။ အဲလိုရေးလိုက်တော့ ဘာဖြစ်သွားလဲဗျာ။ အများအမြင်မှာ မျက်စိနှောက်သွားတယ်။ မျက်စိရှုပ်သွားတယ်။ အဲလိုရေးချင်တာရေး ဖျက်ဆီးချင်တာဖျက်ဆီး၊ စည်းမရှိ ကမ်းမရှိပုံမျိုးနဲ့ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာကို(ကမ္ဘာမပြောပါနဲ့ အရှေ့တောင်အာရှကိုတောင်) ဘယ်လိုဝင်တိုးမလဲ။ ဒီမိုကရေစီခေတ်ကို ရောက်ရှိလာချိန်မှာ ကျွန်တော်တို့တွေမှာလည်း ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စည်းကမ်းလေးတော့ ရှိဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အရင်ကနဲ့မတူ ပြောင်းလဲလာပါပြီ။ ကောင်းတဲ့လားရာဖက်ကို ဦးတည်ပြီး ပြောင်းလဲလာပါပြီ။ အဲလို ပြောင်းလဲလာတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်သူပြည်သားတွေကလည်း အကျင့်ဆိုးတွေကို ခဝါချပြီး စည်းရှိ ကမ်းရှိ ပြောင်းလဲဖို့ လိုအပ်လာပြီ။ ခေါင်းဆောင်ပိုင်းဘဲ ပြောင်းလဲပြီး ပြည်သူတွေက အရင်လို စည်းပျက်ကမ်းပျက်နေနေရင် တိုင်းပြည်တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တိုင်းပြည်တိုးတက်ဖို့အတွက် ကျွန်တော်တို့ အရင်ဆုံးလုပ်ဆောင်ရမှာက စည်းကမ်းရှိဖို့ဖြစ်တယ်။ စည်းကမ်းမရှိသ၍တော့ မြန်မာဆိုတာ ဘယ်တော့မှ သူတပါး အထင်ကြီးလာဖို့ မရှိဘူး။ လမ်းပေါ်မှာ ထွီခနဲ ထွမ်ခနဲ ကွမ်းသွေးတွေ ထွေးချင်တိုင်းထွေး၊ အမှိုက်တွေကိုလည်း လမ်းပေါ်ပစ်လိုပစ်၊ ဆေးလိပ်ကိုလည်း လူအများရှိတဲ့နေရာတွေမှာ သောက်လိုသောက် ဒါတွေဟာလည်း စည်းကမ်းမရှိတဲ့အရာတွေဘဲ။ ကွမ်းစားတတ်တဲ့သူတွေက ကွမ်းထွေးဖို့အတွက် ကျွတ်ကျွတ်အိတ်လေးတစ်ခုဆောင်ထားမယ်၊ အမှိုက်ရှိတဲ့သူတွေက အပမ်းမကြီးရင်(အမှိုက်ပုံးမတွေ့သေးရင်) ကိုယ့်အိတ်ထဲခဏထည့်ထားမယ်၊ ကားပေါ်ကလူတွေဆိုရင် အပြင်ကို မပြစ်ဘဲ ကိုယ့်ကားပေါ်မှာ ခဏထားမယ်၊ ဆေးလိပ်သောက်တဲ့သူက public area မှာ မသောက်ဘဲ လူနည်းတဲ့ လေဟာပြင်မှာ သောက်မယ်။ အဲလိုစည်းကမ်းရှိမယ်ဆိုရင် ကိုယ့်ကြောင့် တပါးသူအနှောက်အယှက်မဖြစ်တော့သလို မြို့ရွာ၊ ကျေးလက်၊ ရပ်ကွက်တွေမှာလည်း လမ်းမတွေပေါ်မှာ အမှိုက်တွေ ရှုပ်ပွမနေတော့ဘဲ သန့်ရှင်းသွားပါလိမ့်မယ်။ စင်္ကာပူမှာဆိုရင် အမှိုက်လမ်းပေါ်ချလို့ မိရင် ဘယ်လောက်ဘဲ နိုင်ငံခြားသားဖြစ်စေ ကြိမ်ဒဏ်ပေးခံရပါတယ်။ အရှက်တရား၊ အကြောက်တရားထိပါးနိုင်တာကြောင့် လမ်းပေါ်စည်းကမ်းမဲ့ အမှိုက်မပြစ်ကြတော့ပါဘူး။ အမှိုက်ကင်းစင်တဲ့ လမ်းဖြစ်တာကြောင့်လည်း ငါ့ကြောင့် အမှိုက်မကျစေရဘူးဆိုတဲ့ မသိစိတ်နဲ့ အမှိုက်ကို စည်းကမ်းမဲ့မပြစ်တော့ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ လမ်းတိုင်းရဲ့ဘေး ဝဲယာမှာ အမှိုက်တွေ ရှိတတ်တာကြောင့် သူများတွေလည်း ပြစ်တာဘဲ ငါပြစ်မှ ထူးပြီး ဖြစ်မနေပါဘူးဆိုပြီး ပြစ်မိတတ်ကြပါတယ်။ အဲလိုနဲ့ တစ်ယောက်ပြစ် တစ်ယောက်ပြစ်ရင်း ကြာတော့ လမ်းက လမ်းနဲ့ မတူတော့ဘဲ အမှိုက်ပုံကြီးတစ်ခုလိုဖြစ်လာတယ်။ အမှိုက်ပြစ်သမျှ မနက်စောဆို စည်ပင်ကနောက်ကလိုက်ရှင်းပေမယ့် အကုန်လုံးတော့ လိုက်မရှင်းနိုင်ပါဘူး။ အဲဒီ အမှိုက်တွေကြောင့်လဲ မြောင်းတွေပိတ်၊ အနံ့တွေဆိုး၊ ရောဂါရနဲ့ နောက်ဆုံး ဒုက္ခရောက်တာ မိမိကိုယ်ကိုယ်ပါဘဲ။ မိုးရာသီဆို တရုတ်တန်းတစ်လျောက် ရေလျှံတာကလည်း အဲဒီ စည်းကမ်းမဲ့ အမှိုက်ပြစ်မှုကြောင့်ပါ။ စည်ပင်ကို လက်ညိုးအရင်ထိုးနေတာထက်စာရင် အဲဒီ မြောင်းက အမှိုက်ပုံတွေထဲမှာ ကိုယ်စည်းမဲ့ကမ်းမဲ့ ပြစ်လိုက်တဲ့ အမှိုက် ဘယ်နှခုတောင်ပါလဲ အရင်စမ်းစစ်သင့်ပါတယ်။ 

ဒီမိုကရေစီခေတ်ကိုသွားနေတဲ့အချိန် ကိုယ်တစ်ယောက်တည်း နောက်မှာကျန်ပြီး စည်းကမ်းမဲ့နေလို့မရတော့ပါဘူး။ တိုးတက်တဲ့ ဖွံဖြိုးတဲ့ တိုင်းပြည်တိုင်းမှာ တူညီတဲ့အခြေခံ အချက်ကတော့ စည်းကမ်းရှိခြင်းဆိုတဲ့ အချက်ပါ။ တိုင်းပြည်တိုးတက်စေချင်တယ်လို့ ပါးစပ်က တဖွဖွပြောနေပြီး အမှိုက်ကို ကြိုက်တဲ့နေရာပြစ်၊ ကွမ်းထွေးချင်တဲ့နေရာထွေးလို့ကတော့ သေသည့်တိုင်အောင် တိုးတက်လာမှာမဟုတ်ပါဘူး။ အမြင့်ရောက်လို့ အမြင်ကျယ်တာထက်စာရင် အမြင်ကျယ်လို့ ကျွန်တော်တို့တိုင်းပြည် အမြင့်ရောက်စေချင်ပါတယ်။ တိုင်းပြည်တိုးတက်စေချင်လှတယ်ဆိုတဲ့ စိတ်ရှိရင် ဦးဆုံး ကိုယ့်လက်ထဲက အမှိုက်ကို အမှိုက်ပုံးသို့ရောက်အောင် ပြစ်တတ်တဲ့ အလေ့အကျင့်က စပါ။ မျက်နှာကို ပါးနီ၊ မိတ်ကပ်တွေ ဖို့၊ ဆံပင်တွေ ကျော့နေအောင် ဂျယ်ထောင်နေတာထက်စာရင် မိမိစိတ်ဓါတ်ကို အရင်ကောင်းအောင် လုပ်ပါ။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီခေတ်ကို ထူထောင်ဖို့အတွက် အရင်ဆုံး မိမိကိုယ်ကိုယ် စည်းကမ်းရှိအောင်ကြိုးစားရင်း ဒီမိုကရေစီခေတ်ကို အမှီလိုက်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ မြန်မာတွေ(အများစု)မှာ မွေးရာပါ ထူးချွန်တဲ့ အရာတစ်ခုရှိတယ်။ အဲဒါကတော့ ဘယ်လို ဖျက်ဆီးရမလဲဆိုတဲ့ အရာဘဲ။ ဘယ်မှာမှ မသင်ဘဲ အလိုလို တတ်တယ်။ ခုလဲကြည့် အို...ဘားမား ဂရက်ဖီးတီးပုံပေါ်ကို လက်ကမြင်းသွားတာ ကြည့်လို့တောင် မကောင်းဘူး။ သိပ်လုပ်ချင်လှတယ်ဆိုလည်း အဲဒီပုံဘေးမှာ အိုဘားမားကို ဆန့်ကျင်တဲ့ ဂရက်ဖီးတီးပုံတစ်ပုံလောက် လက်စွမ်းပြကြပါလား။ မူလပုံထက် မသာဘဲ တန်းတူလောက်ဆွဲနိုင်ရင်တောင် အားပေးလက်ခံလို့ရတယ်။ ခုဟာက ဖျက်ဆီးချင်ကြတဲ့စိတ်နဲ့ လုပ်သွားတာ။ ဒါကိုလည်း စည်ပင်က ဆေးသုတ်ပြီး ပြုပြင်မယ်မရှိဘူး။ အဲဒီနေရာမှတင်မဟုတ်ဘူး သမိုင်းဝင် ပင်းတယလှိုင်ဂူကြီးမှာဆိုလည်း ကော်ရက်ရှင်ပန်တွေနဲ့ ‘မောင်နဲ့ ချစ် အမှတ်တရ’ ဘာညာကွိကွဆိုပြီး ကျောက်တိုင်တွေမှာ ရေးလို့ရေး၊ ဘုရားနံရံတွေမှာရေးလို့ရေးနဲ့။ သိပ်အမှတ်တရဖြစ်ချင်နေရင် ဓါတ်ပုံတစ်ပုံလောက်ရိုက်သွားကြလေ။ အဲလိုရေးလွန်းလို့ ခုတော့ ဂူနံရံပတ်လည်မှာ ထုံးတွေလိုက်သုတ်ထားရတယ်။ ဒါလည်း မင်ပြာဆော့ဖ်ပင်နဲ့ လက်ကမြင်းသွားသေးတာဘဲ။ အဲလိုဘဲ သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကြီးဆိုလည်း ကော်ရက်ရှင်ပန်တွေနဲ့ အပြည့်ရေးထားကြတာ။ ဟို အမှတ်တရတွေ ဒီ အမှတ်တရတွေ။ ဒါ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကွဆိုပြီး ကမ္ဘာကို ဘယ်မျက်နှာနဲ့ပြရမှန်းတောင် မသိဘူး။ နိုင်ငံခြားသားတွေကို မြန်မာတွေ လက်ကမြင်းထားမှန်းသိအောင်လို့ အင်္ဂလိပ်လိုရေးထားတာတွေက ပါသေးတယ်။

ဒါတင်မကဘူး ပန်းခြံ၊ အိမ်သာနဲ့ အခြားအများသုံးနေရာတွေမှာလည်း ဟိုခြစ် ဒီခြစ်နဲ့ ရေးတတ်တဲ့အကျင့်တွေကိုလည်း တွေ့ရတယ်။ အကျိုးရှိတယ်ဆိုရင် မပြောလိုပါဘူး၊ အကျိုးမရှိဘဲ ကိုယ့်ကြောင့် ရှုပ်သွားတယ်၊ ပွသွားတယ်ဆိုတဲ့ အကျိုးဆက်တွေဘဲတွေ့ရတယ်။ ဘာရယ်မဟုတ်ဘူး သူများတွေ ရေးလို့ ရေးချင်စိတ်ရှိပြီး ရေးလိုက်တာ။ အဲလိုရေးလိုက်တော့ ဘာဖြစ်သွားလဲဗျာ။ အများအမြင်မှာ မျက်စိနှောက်သွားတယ်။ မျက်စိရှုပ်သွားတယ်။ အဲလိုရေးချင်တာရေး ဖျက်ဆီးချင်တာဖျက်ဆီး၊ စည်းမရှိ ကမ်းမရှိပုံမျိုးနဲ့ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာကို(ကမ္ဘာမပြောပါနဲ့ အရှေ့တောင်အာရှကိုတောင်) ဘယ်လိုဝင်တိုးမလဲ။ ဒီမိုကရေစီခေတ်ကို ရောက်ရှိလာချိန်မှာ ကျွန်တော်တို့တွေမှာလည်း ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စည်းကမ်းလေးတော့ ရှိဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ အရင်ကနဲ့မတူ ပြောင်းလဲလာပါပြီ။ ကောင်းတဲ့လားရာဖက်ကို ဦးတည်ပြီး ပြောင်းလဲလာပါပြီ။ အဲလို ပြောင်းလဲလာတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်သူပြည်သားတွေကလည်း အကျင့်ဆိုးတွေကို ခဝါချပြီး စည်းရှိ ကမ်းရှိ ပြောင်းလဲဖို့ လိုအပ်လာပြီ။ ခေါင်းဆောင်ပိုင်းဘဲ ပြောင်းလဲပြီး ပြည်သူတွေက အရင်လို စည်းပျက်ကမ်းပျက်နေနေရင် တိုင်းပြည်တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တိုင်းပြည်တိုးတက်ဖို့အတွက် ကျွန်တော်တို့ အရင်ဆုံးလုပ်ဆောင်ရမှာက စည်းကမ်းရှိဖို့ဖြစ်တယ်။ စည်းကမ်းမရှိသ၍တော့ မြန်မာဆိုတာ ဘယ်တော့မှ သူတပါး အထင်ကြီးလာဖို့ မရှိဘူး။ လမ်းပေါ်မှာ ထွီခနဲ ထွမ်ခနဲ ကွမ်းသွေးတွေ ထွေးချင်တိုင်းထွေး၊ အမှိုက်တွေကိုလည်း လမ်းပေါ်ပစ်လိုပစ်၊ ဆေးလိပ်ကိုလည်း လူအများရှိတဲ့နေရာတွေမှာ သောက်လိုသောက် ဒါတွေဟာလည်း စည်းကမ်းမရှိတဲ့အရာတွေဘဲ။ ကွမ်းစားတတ်တဲ့သူတွေက ကွမ်းထွေးဖို့အတွက် ကျွတ်ကျွတ်အိတ်လေးတစ်ခုဆောင်ထားမယ်၊ အမှိုက်ရှိတဲ့သူတွေက အပမ်းမကြီးရင်(အမှိုက်ပုံးမတွေ့သေးရင်) ကိုယ့်အိတ်ထဲခဏထည့်ထားမယ်၊ ကားပေါ်ကလူတွေဆိုရင် အပြင်ကို မပြစ်ဘဲ ကိုယ့်ကားပေါ်မှာ ခဏထားမယ်၊ ဆေးလိပ်သောက်တဲ့သူက public area မှာ မသောက်ဘဲ လူနည်းတဲ့ လေဟာပြင်မှာ သောက်မယ်။ အဲလိုစည်းကမ်းရှိမယ်ဆိုရင် ကိုယ့်ကြောင့် တပါးသူအနှောက်အယှက်မဖြစ်တော့သလို မြို့ရွာ၊ ကျေးလက်၊ ရပ်ကွက်တွေမှာလည်း လမ်းမတွေပေါ်မှာ အမှိုက်တွေ ရှုပ်ပွမနေတော့ဘဲ သန့်ရှင်းသွားပါလိမ့်မယ်။ စင်္ကာပူမှာဆိုရင် အမှိုက်လမ်းပေါ်ချလို့ မိရင် ဘယ်လောက်ဘဲ နိုင်ငံခြားသားဖြစ်စေ ကြိမ်ဒဏ်ပေးခံရပါတယ်။ အရှက်တရား၊ အကြောက်တရားထိပါးနိုင်တာကြောင့် လမ်းပေါ်စည်းကမ်းမဲ့ အမှိုက်မပြစ်ကြတော့ပါဘူး။ အမှိုက်ကင်းစင်တဲ့ လမ်းဖြစ်တာကြောင့်လည်း ငါ့ကြောင့် အမှိုက်မကျစေရဘူးဆိုတဲ့ မသိစိတ်နဲ့ အမှိုက်ကို စည်းကမ်းမဲ့မပြစ်တော့ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ လမ်းတိုင်းရဲ့ဘေး ဝဲယာမှာ အမှိုက်တွေ ရှိတတ်တာကြောင့် သူများတွေလည်း ပြစ်တာဘဲ ငါပြစ်မှ ထူးပြီး ဖြစ်မနေပါဘူးဆိုပြီး ပြစ်မိတတ်ကြပါတယ်။ အဲလိုနဲ့ တစ်ယောက်ပြစ် တစ်ယောက်ပြစ်ရင်း ကြာတော့ လမ်းက လမ်းနဲ့ မတူတော့ဘဲ အမှိုက်ပုံကြီးတစ်ခုလိုဖြစ်လာတယ်။ အမှိုက်ပြစ်သမျှ မနက်စောဆို စည်ပင်ကနောက်ကလိုက်ရှင်းပေမယ့် အကုန်လုံးတော့ လိုက်မရှင်းနိုင်ပါဘူး။ အဲဒီ အမှိုက်တွေကြောင့်လဲ မြောင်းတွေပိတ်၊ အနံ့တွေဆိုး၊ ရောဂါရနဲ့ နောက်ဆုံး ဒုက္ခရောက်တာ မိမိကိုယ်ကိုယ်ပါဘဲ။ မိုးရာသီဆို တရုတ်တန်းတစ်လျောက် ရေလျှံတာကလည်း အဲဒီ စည်းကမ်းမဲ့ အမှိုက်ပြစ်မှုကြောင့်ပါ။ စည်ပင်ကို လက်ညိုးအရင်ထိုးနေတာထက်စာရင် အဲဒီ မြောင်းက အမှိုက်ပုံတွေထဲမှာ ကိုယ်စည်းမဲ့ကမ်းမဲ့ ပြစ်လိုက်တဲ့ အမှိုက် ဘယ်နှခုတောင်ပါလဲ အရင်စမ်းစစ်သင့်ပါတယ်။

ဒီမိုကရေစီခေတ်ကိုသွားနေတဲ့အချိန် ကိုယ်တစ်ယောက်တည်း နောက်မှာကျန်ပြီး စည်းကမ်းမဲ့နေလို့မရတော့ပါဘူး။ တိုးတက်တဲ့ ဖွံဖြိုးတဲ့ တိုင်းပြည်တိုင်းမှာ တူညီတဲ့အခြေခံ အချက်ကတော့ စည်းကမ်းရှိခြင်းဆိုတဲ့ အချက်ပါ။ တိုင်းပြည်တိုးတက်စေချင်တယ်လို့ ပါးစပ်က တဖွဖွပြောနေပြီး အမှိုက်ကို ကြိုက်တဲ့နေရာပြစ်၊ ကွမ်းထွေးချင်တဲ့နေရာထွေးလို့ကတော့ သေသည့်တိုင်အောင် တိုးတက်လာမှာမဟုတ်ပါဘူး။ အမြင့်ရောက်လို့ အမြင်ကျယ်တာထက်စာရင် အမြင်ကျယ်လို့ ကျွန်တော်တို့တိုင်းပြည် အမြင့်ရောက်စေချင်ပါတယ်။ တိုင်းပြည်တိုးတက်စေချင်လှတယ်ဆိုတဲ့ စိတ်ရှိရင် ဦးဆုံး ကိုယ့်လက်ထဲက အမှိုက်ကို အမှိုက်ပုံးသို့ရောက်အောင် ပြစ်တတ်တဲ့ အလေ့အကျင့်က စပါ။ မျက်နှာကို ပါးနီ၊ မိတ်ကပ်တွေ ဖို့၊ ဆံပင်တွေ ကျော့နေအောင် ဂျယ်ထောင်နေတာထက်စာရင် မိမိစိတ်ဓါတ်ကို အရင်ကောင်းအောင် လုပ်ပါ။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီခေတ်ကို ထူထောင်ဖို့အတွက် အရင်ဆုံး မိမိကိုယ်ကိုယ် စည်းကမ်းရှိအောင်ကြိုးစားရင်း ဒီမိုကရေစီခေတ်ကို အမှီလိုက်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။