Posted by + ~
အရိုင်းစံပါယ် ~ + on အောက်တိုဘာ 12, 2012 at
ပုဂံကို အစဉ်အလာ
မှတ်တမ်းများအရ ခရစ်နှစ် ၁၀၇ ခုနှစ်က ညောင်ဦးမြို့  တောင်ဘက် ကျောက်ပန်း တောင် မြို
့ဘက်အထွက် တုရွင်းတောင်ရဲ့ အရှေ့ဘက် ၁ မိုင်ခန့် ရှိ ယုန်လွှတ်ကျွန်း အရပ်မှာ
သမုဒ္ဒရာဇ် မင်းက ကျေးရွာပေါင်း (၁၉) နဲ့  စတင်တည်ထောင်ခဲ့ပါတယ်...
ကျေးရွာကြီး(၁၉) ရွာထဲမှ ညောင်ဦးရွာသည် ယနေ့ထက်တိုင်
တည်ရှိနေပါသေးတယ်...... သမုဒ္ဒရာဇ်မင်းဆက်တွင်
(၁) သမုဒ္ဒရာဇ် မင်းဆက်
(၂)ရသေ့ကြောင် (၃) ပျူစောထီး (၄) ထီးမင်းယဉ် ၅) ယဉ်မင်းပိုက် (၆) ပိုက်သေဉ်လည် (၇)
သေဉ်လည်ကြောင် မင်းတို့ ကယုန်းလွှတ်ကျွန်းအရပ်မှာစိုးစံခဲ့ကြပါတယ်......
သေဉ်လည်ကြောင်
မင်းလက်ထက် ခရစ်နှစ် ၃၄၄ ခုနှစ် တွင် ဒုတိယ ပုဂံအဖြစ် လောကနန္ဒာ ဘုရားတည်ရှိတာ
ပုဂံမြို့ သစ်တောင်ဘက် ရေအိုးစင်ချောင်း ရဲ့ မြောက်ဘက် ကမ်းနေရာမှာ
တည်ထောင်ခဲ့ကြပါတယ်...သေဉ်လည်ကြောင်မင်း မှစပြီး (ဂ) ကြောင် ဒူရစ် (၉) သည်းထန်း
(၁၀) သူရဲ (၁၁) သာရမွန်ဖျား (၁၂) သိုက်တိုင် အစရှိမင်း
အဆက်ဆက်ထီးနန်းစိုးစံခဲ့ကြပါတယ်....
သိုက်တိုင် မင်းလက်ထက်
ခရစ်နှစ် ၅၁၆ ခုနစ်မှာတော့ တတိယပုဂံပြည် ကိုတည်ထောင်ကြပြန်တယ်..... တမ္ဖ၀တီ
လို့ခေါ်ဆိုကြတဲ့  တတိယပုဂံ ကိုတော့ မိဖုရားကြီးဖွားစော နေထိုင်ခဲ့သည်ကို
အကြောင်းပြုလို့ ဖွားစော၇ွာ လို့ခေါ် ဆိုကြတဲ့ နေရာမှာပဲ ဖြစ်ပါတယ်.....
တမ္ဖ၀တီ တွင် (၁၃)
သေဉ်လည်ကြောင်ငယ် (၁၄) သေဉ်လည်ပိုက် (၁၅) ခန်းလောင်း (၁၆) ခန်းလတ် (၁၇) ထွန်တိုက်
(၁၈) ထွန်ပစ် (၁၉) ထွန်ချစ် (၂၀) ပုပ္ဖါးစောရဟန်း (၂၁) ရွှေအုန်းသီး (၂၂) ပိတ်သုံ
(၂၃) ပိတ်တောင်း (၂၄) မင်းခွေး (၂၅) မြင်းကျွေး (၂၆) သိင်္ဃ (၂၇) သိန်းခွန် (၂၈)
ရွှေလောင်း (၂၉) ထွန်ထွင်း (၃၀) ရွှေမှောက် (၃၁) ထွန်လွှတ် (၃၂) စောခင်နှစ် (၃၃) ခဲလူး
တို့ ထီးနန်းစိုးစံခဲ့ကြပါတယ်.....
ပုဂံမင်းဆက်ရဲ့ (၃၄)
ဆက်မြောက် ဘုရင် ပျဉ်ပြားမင်းလက်ထက် ၂၃ ဒီဇင်ဘာ ၈၄၉ခုနှစ် မှာတော့
အခုလက်ရှိပုဂံနေရာ ဖြစ်သော စတုတ္ထ ပုဂံပြည်ကြီးကို တည်ထောင် ခဲ့ပါတယ်.... ပုဂံကို
တည်ထောင်စဉ် က ရဟန်း ပညာရှိလေးပါး လူပညာရှိ လေးဦးတို့ပါဝင်ခဲ့ကြပါတယ်..... ရဟန်း
ပညာရှိလေးဦး တို့ မှာ တာမလိန္ဒ ၊ ရှင်အာနန္ဒာ ၊ ရှင်ဥတ္တရာ နဲ့  ရှင်ဆပ္လ တို
့ဖြစ်ကြပြီး လူပညာရှိ အမတ်လေးဦးတို့မှာ စိန့် မင်းသား၊ဟူးရားဖြူ ၊ ဟူးရားညို နဲံ့
အင်ပြစ် (လင်းဘင်) ရွာသား ရာဇသင်္ကြိ တို့ ဖြစ်ကြကြောင်း ပုဂံ နဒ္ဒေစာတမ်းက
ဆိုပါတယ်........စတုတ္ထ မြောက် ပုဂံတွင် ထီးနန်းစိုးစံခဲ့ကြသူ ပုဂံဘုရင်များမှာ (၃၄)
ပျဉ်ပြားမင်း (၃၅) တန်နက် (၃၆) စလေမင်းခွေး (၃၇) သိန်းခို (၃၈) ညောင်ဦးစောရဟန်း
(၃၉) ကျောင်းဖြူ (၄၀) ကျည်းစို (၄၁) စုက္ကတေး (၄၂) အနော်ရထာ (၄၃) စောလူးမင်း (၄၄)
ကျန်စစ်သား (၄၅) အလောင်းစည်သူ (၄၆) နရသူ (၄၇) နရအတိစည်သူ (၄၈) နားတောင်းများ (၄၉)
နရသိင်္ဃ ဥဇနာ (၅၀) ကျစွာ (၅၁) ဥဇနာ (၅၂) နဂသီဟပတေ့ (၅၃) ကျော်စွာ (၅၄) စောနစ်
(၅၅)စောမွန်နစ် တို့ဖြစ်ကြပါ တယ်..... ပျဉ်ပြားမင်း တည်ထောင်ခဲ့သော စတုတ္ထ ပုဂံသည်
နှစ်ပေါင် ၅၁၉ နှစ်အကြာ စောမွန်နစ် မင်းလက်ထက် ခရစ်နှစ် ၁၃၆၈ ခုနှစ်တွင်
ပျက်သုန်းခဲ့ရကြောင်း မြန်မာရာဇ၀င် မှတ်တမ်းများ က ဖော်ပြကြပါတယ်.......
ရှည်လျား လှသော
ပုဂံခေတ် ကာလ တစ်လျှောက် မင်း မိဖုရား မှူးကြီးမတ်ရာများ ၊ မြို့ သူ မြို့ သားများက
စေတီ ပုထိုး များ မြောက်များစွာတည်ထား ကိုးကွယ်ခဲ့ကြရာ နိုင်ငံခြားသား အများစုက
စေတီပုထိုးပေါများသော တိုင်းပြည် ( The Land Of Pagoda) ဟု
ခေါ်ဆိုခဲ့ကြပါတယ်..........
ပုဂံမြေပေါ်မှာ
စေတီပုထိုးတွေ များပြားလွန်တာကြောင့် '' လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း''
လို့ မှတ်သား ထားကြပါတယ်.......ကိန်းဂဏန်း အဖြစ် ဖလှယ်ကြည့် မယ်ဆိုရင်တော့ ၄၄၄၆၇၃၃
ဆူ ရှိပါတယ်....အမှန်မှာတော့ အရေအတွက် လေးသန်းကျော်ရှိတဲ့ စေတီပုထိုးများကို
တည်နိုင်ရန် လုံလောက်သော မြေနေရာ ရှိနိုင်မယ်မဟုတ်ပါဘူး.......
ရှေးသက်ကြီး
ရွယ်အိုတို့ က ယင်း သံပေါက် ကိန်းဂဏန်းများ မှာ စေတီပုထိုးများရှိ
ဗုဒ္ဓရုပ်ပွားတော်များ ဆင်းတုတော်များ ၊ နံရံဆေးရေးပန်းချီများ ကိုပါ ထည်
့သွင်းရေတွက်ကြ ခြင်းဖြစ်ပါတယ်.....ယင်း သံပေါက်နှင့် အတူ တခြားနောက်ဆက်တွဲ သံပေါက်
တစ်ခု က '' ရွှေလ သာ ၀ါဝါ၀င်း ပုဂံရေချိုးဆင်း'' ပဲဖြစ် ပါတယ်......
၄၄၆၄၄၄ ရှိတဲ့အရေအတွက်
ဟာ ဧရာဝတီ မြစ်ကမ်းပါပြို ကျလို့ ရေထဲကျသွားတယ်လို့
ဆိုကြပြန်ပါတယ်......သံပေါက်ဟူသည် '' အစလေးလုံး ၊ အလယ်သုံး ၊အဆုံး ငါးခုသာ'' ဟု
ဆိုသည့်အတိုင်း အစလေးလုံး ကိုသာရေတွက်ရမယ် ဖြစ်ပါတယ်..
သို့ ဆိုလျှင်
ဘုရားဆူရေ (၄၄၄၆) ဆူသာရှိပါလိမ့် မယ်........အင်းဝ ခေတ် မိုးညှင်းသတိုး မင်း လက်ထက်
က ပုဂံဘုရား အရေအတွက်ကို ၀င်းဝင်း ထိန် လျှံ ပုဂွဘုရားပေါင်း လို့ ရေတွက်
မှတ်သားခဲ့ဖူးပါတယ်.... ကိန်းဂဏန်းအရ ဆိုရင် ( ၄၄၇၄ )
ဆူပဲဖြစ်ပါတယ်..... ကုန်းဘောင်ခေတ် အမှတ် အသား အရ လဲ...
မြတ်ဘုရား ဆူရေ
ဖြူရွှေ လို့ ဝင်း။
ပုဂံ ပြည်
ဘယ်တိုင်း ဘယ်ဌာနီ နှင့် 
စံ မမီလွန်ထင်ရှား
စောမုနိ များ ။ ။ လို့ တွေ့ ရပါတယ်.....
အကျယ် အ၀န်း (၁၆)
စတုရန်း မိုင် ခန့် ရှိတဲ့ ပုဂံမြေ တွင် ၁၉၇၃ ခုနှစ်ထိ ကောက်ယူစစ်တမ်းအရ သာသနိက
အဆောက်အအုံ ၂၂၁၇ခု(ကျောင်းကြီး အုတ်နီ) ရှိပါတယ်.....အလွန်များ ပြားလှတဲ့ ပုဂံစေတီ
ပုထိုးများ အနက် လူသိများထင်ရှားလှ တဲ့ ပုဂံစေတီ ပုထိုးများအကြောင်း ကို
ဖော်ပြသွားပါ့မယ်.......
ပုဂံ မှာ
လူအတော်များများ ကြားဖူးထားတဲ့ စာဆိုလေး တစ်ခုရှိပါတယ်.......အဲဒါကတော့
အနု မှာ အာနန္ဒာ
အမြင့် မှာ သဗ္ဗညု
ထု မှာ ဓမ္မရံ
ရှူ့ ခင်းသာ ဗူးဘုရား ဆိုတဲ
့စာဆိုလေးပဲဖြစ်ပါတယ်.......စာဆို လေးအတိုင်း အနု ကနေ စရအောင်နော်.......အနု ဆိုတာ
အနုပညာ ဗိသုကာ လက်ရာ များကို ဆိုလိုတာပါ..... အနု မှာ အာနန္ဒာဆိုတာကြောင့် အာနန္ဒာ
ဘုရားအကြောင်းပြောပြမယ်နော်....။ အာနန္ဒာ ဘုရား က ပုဂံမြို့ ဟောင်း သရပါတံခါး ရဲ့
အရှေ့ တောင်ဘက်မှာ တည်ရှိပါတယ် ခရစ်နှစ် ၁၀၉၀ ခုနှစ် ကျန်စစ်သားမင်းကြီး
ကတည်ထားကိုးကွယ် ခဲ့ပါတယ်......အာနန္ဒာ ဘုရာဒကို ကွမ်းတောင်ပါက် လိုဏ် တစ်ဆ်ခံ ဘု၇ား
အဖြစ် တည်ဆောက်ထားပါတယ်......အလယ်မဏ္ဍိုင် ခံထားပြီး တိုက်မ ဂူအပေါ်တွင် ပစ္စယာ ၊
မိုးလျော အဆင့်ဆင့် ဖြင့် ဆောက်လုပ် ထားပါတယ်.....အတွင်း၌ လည်း စင်္ကြန် ပတ်လမ်း
၂လမ်း ရှိပြီး ဗိသုကာ လက်ရာမြောက်စွာ တည်ဆောက်ထားပါတယ်......
ကျန်စစ်သား မင်းကြီး က
နန္ဒမူ လိုဏ်ဂူ မှ ကြွရောက်လာသော ရဟန္တာများထံမှ လိုဏ်ဂူတော် အကြောင်း
သိရှိရပြီးနောက် သဘောကျနှစ်သက် ကာ နန္ဒမုလိုဏ်ဂူ ပုံစံ အာနန္ဒာ စေတီ
ကိုတည်ခဲ့ပါတယ်..... အာနန္ဒာဘုရား ကို ကုနးဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်တွင်
အိမ်ရှေ့ ဥပရာဇာ ရွှေတောင် မင်းသား ကြီးက မွမ်းမံပြင်ခဲ့ ပါတယ်.....အာနန္ဒဂူဘုရား မှာ
ပုဂံမှာ ရှိသော မည်သည့် ဘုရား နှင့် မျှ မတူပဲ ဂရိကြက်ခြေပုံ ဖြစ်ပါတယ်.....ပုဂံ
ဘုရား အများစု မှာ အာရုံခံတစ်ဖက်စီသာရှိသော မြောက်ဘက်လှည့်  ဂူဘုရား
များဖြစ်ကြပါတယ်....အာနန္ဒ ဘုရားမှာမူ အာရုံခံ လေးဘက်၌ မုဒခ လေးမုခ် ရှိသော
ဂူဘုရားဖြစ်ပါတယ်.....လိုဏ်ဂူတော် အတွင်း အလယ် မဏ္ဍိုင် လေးမျက်နှာတွင်
ဗုဒ္ဓရုပ်ပွားတော် (၄) ဆူ တည်ရှိပါတယ် အရှေ့ မျက်နှာ တွင် ကောဏဂုံ ဘုရား.....
အနောက် မျက်နှာ
မှာတော့ ဂေါတမ ဘု၇ား....
တောင်မျက်နှာမှာ ကဿပ
ဘုရား.....
မြောက်မျက်နှာ မှာ
ကကုသန် ဘုရား.....တို့ဖြစ်ပါတယ်....
ဗုဒ္ဓ ရုပ်ပွားတော်
လေးဆူ တို့အနက် တောင်မျက်နှာ နှင့် မြောက်မျက်နှာ နှစ်ဆူ သာ ပုဂံခေတ်လက်ရာ
များဖြစ်ကြပါတယ်.....
အရှေ့ မျက်နှာ
ရုပ်ပွားတော် မှာ မီးလောင်ပျက်စီး သွားသဖြင့် ၁၈၇၆ ခုနှစ် တွင် ပုဂံမြို့ ဝန်
ဦးဘိုး က အသစ်ထပ်မံပြုလုပ်ထားရပြီး အနောက်မျက်နှာ ရုပ်ပွားတော် မှာလည်း
အင်းဝဟံသာဝတီ စစ်ပွဲ (၁၇၄၂-၅၂) အတွင်း ဖျက်ဆီးခံခဲ့ရပါတယ်.....လက်ရှိ
ရုပ်ပွားတော်မှာ ၁၈၉၂ ခုနှစ် တွင် ပုဂံမြို့ ကုန်သည် ဦးစံငြိမ်း က အသစ်ထပ်မံ
ထုလုပ်လှူဒါန်း ထားခြင်းဖြစ်ပါတယ်......ဂူဘုရား နံရံမုခ် ထက်များတွင်
ဗုဒ္ဓရုပ်ပွားတော် များစွာ ကိုဖူးတွေ့ နိုင်ပါတယ်........
အာနန္ဒာ ဘုရား အပြင်ဘက်
အောက်ခြေ နှင့် ပစ္စယာ များတွင် စဉ့် စိမ်းသုတ် စဉ့် ကွင်းမျာ ကို လေ့လာကြည့်ရှူ
နိုင်ကြပါတယ်....
အများအားဖြင့် ၅၅၀
ဇာတ်တော် သရုပ်ဖော် ပုံများ ဖြစ်ကြပြီး စုစုပေါင်း စဉ့် ကွင်း ၁၄၇၂ ခု ရှိကာ
ရှေးဟောင်း မွန် ကမ္မည်း စာများ လည်ရေးသားထားကြပါတယ်.....ယခင်က နံရံဆေးရေး ပန်းချီ
များ ရှိခဲ့ဖူးသော်လည် ထုံးသုတ်လိုက် သဖြင့် ပျက်စီးသွားပါပြီ......
http://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A61289&xgs=1&xg_source=msg_share_post မှ
ကူးယူဖေါ်ပြပါသည်. ...
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။