30 November 2012 |By Venus News Journal
Born This Way စတား လေဒီဂါဂါဟာ ပါပါရာဇီတွေ အကြိုက် သတင်း ဦးတွေ ဖန်တီး တတ်သလို ပရဟိတ အကျိုးပြု စိတ်ဓာတ် ရှိတယ် ဆိုတာကို စန္ဒီ မုန်တိုင်း ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့တာက သက်သေ ပြနေ ပါတယ်လို့ OK က ကောင်းချီးပေးလာတာ အကြောင်း ရှိပါတယ်။
အာဂျင်တီးနားမြို့တော် မြူနိုအေးရိစ်မှာ ကျင်းပခဲ့တဲ့ ဂါဂါရဲ့ လိုက်ဖ်ရှိုးဟာ ပရိသတ် ၇ သောင်း ကျော်နဲ့ တော်တော် ပွဲစည်ကား အောင်မြင်ခဲ့တယ်ဆိုတာကို ဖွပေး လာခြင်းဖြစ်သလို ဝတ်စုံဆန်းတွေ ထည်လဲဝတ်ခဲ့တဲ့ ဂါဂါရဲ့ ပုံရိပ်တွေ ကိုလည်းလူစိတ်ဝင်စားမှုများအောင် လက်တို့ပေးလာခြင်းပဲဖြစ်ပါတယ်။
ဂရမ်မီဆုရှင် ဂါဂါဟာ Twitter ပရိသတ် သန်း ၃၀ ကျော် ရှိထားသူ စူပါစတား တစ်ဦးဖြစ်ပြီး မကြာခင် ဘရာဇီးလ်မြေ ဆော်လိုဟိုမှာ ဂီတ ဖျော်ဖြေပွဲ တစ်ရပ် နွဲဦးမယ် ဆိုတာ ကိုလည်း Ok က သတင်းဦး ပေး လာခြင်းပါပဲ။ အနုပညာ ဘဝတူ ချစ်သူတေလာ ကင်နီနဲ့ ဂါဂါတို့ရဲ့ မင်္ဂလာသတင်းကို နားစွင့်ရင်း။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။