27 November 2012 |By First Music News
ဇာတ်ကား ရိုက်ကွင်း တစ်ခုပေါ်မှာ တွေ့ရတဲ့ ဆုပန်ထွာနဲ့ ပြောဖြစ် သမျှကတော့...
မပန် အခုရိုက်နေတဲ့ ဇာတ်ရုပ်လေးနဲ့ ပတ်သက်ပြီး ပြောပါဦး။
မပန်က ဒီကားထဲမှာ ယဉ်ယဉ်ကျေးကျေး နေတဲ့ ဗုဒ္ဓ ဘာသာ မြန်မာမလေး တစ်ယောက်နေရာ ကပါ။ စီးပွားရေးလုပ် ငန်းရှင်နေရာက သရုပ်ဆောင် ရတာပေါ့။ ဒီကားမှာ ကိုမင်းဦး၊ ကိုစည်သူမောင်တို့လည်းပါပါတယ်။
ဒီဇာတ်ကားထဲက သိမ်မွေ့တဲ့ မြန်မာ မိန်းကလေး ပုံစံမျိုးကို အပြင်မှာ ရော မပန်သဘောကျလား။
သဘောကျလားဆိုရင်တော့ အစ်မအထင်ကတော့ လူ တစ်ယောက် သူရဲ့ဝတ်စား ဆင်ယင်မှုကိုကြည့်ပြီး ဆုံးဖြတ်ပြီးတော့ ပြောလို့မရပါဘူး။ ဒီခေတ်ကြီးထဲမှာ ဟော့ရှော့ဝတ်ထားပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တဲ့ မိန်းကလေးတွေအများကြီးပါပဲ။လူအမျိုးမျိုးပေါ့ညီမရယ်။
အများစိတ်ဝင်စား ခံရတဲ့ မင်းသမီး တစ်ယောက် အနေနဲ့ အသွား အလာ၊ အနေအထိုင်ကအစသတိထားနေရတဲ့ ဒီခေတ်မှာ မပန် ဘယ်လိုနေသင့်တယ် ထင်လဲ။
ဟုတ်ပါတယ်။ အသွားအလာ၊ အနေအထိုင်ကအစ အရမ်းသတိထားရတော့ တစ်ခါတလေ စိတ်ကျဉ်းကျပ်တယ်။ မေမေကလည်း သမီးလူကြီးဖြစ်နေပြီ။ သမီးဘာသာဆုံးဖြတ်ပေါ့။
အစ်မစိတ်ထင် အစ်မတို့အနုပညာသမားတွေက သူများတွေလို တော့မဟုတ်ဘူး။ အစ်မကတော့ ကိုယ့်ရဲ့မင်းသမီးဘဝက ကိုယ့် ကိုထိန်းချုပ်ပေးနိုင်တာများတယ်။
စိတ်ထဲရှိတဲ့အတိုင်း လက်ရား လက်ရားနေလို့မရဘူး။လူဆိုတာ ကိုယ့်Life နဲ့ကိုယ်နေချင်သလို နေလို့ရပေမယ့် ဘေးပတ်ဝန်းကျင်က ကိုယ့်ကိုပိုထိန်းပေးရသလို ဖြစ်နေတယ်။
အစ်မက အစ်မပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အစ်မပရိ သတ်တွေကို အမြဲဂရုစိုက်တယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုထိန်းဖြစ်ပါတယ်။ လုပ်ချင်တာနဲ့လုပ်သင့်တာဆိုရင် လုပ်သင့်တာ ပဲ လုပ်ခဲ့တာများတယ်။ ဝါဝါကြည်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။