စည်ဖြိုးက ‘အမုန်းမဲ့ဇုန်’ဆိုတဲ့ဇာတ် ကားမှာ လျှို့ဝှက်ဆန်းကြယ်သရဲဇာတ်လမ်းတွေရေးတဲ့စာရေးဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်နေပါတယ်။သရဲကားတွေ၊ ဝိညာဉ် ကားတွေခေတ်စားနေပေမယ့်ဇာတ်ကားတွေ မတူအောင် ရိုက်ဖြစ်နေတယ်လို့ ပြောပြတဲ့ စည်ဖြိုးက “ပုံစံတွေကမတူဘူး။
တချို့ကား တွေက ခြောက်တာကို ဦးစားပေးထားတယ်။ ဒါက ဝိညာဉ် ဆိုပေမယ့် ကြောက်စရာမဟုတ်ဘဲ စည်ဖြိုးတို့ သံယောဇဉ်ကိုပိုဦးစားပေးထားတယ်။ ဒီကားမှာ တခြားကားတွေထက် ဆင်းန်တိုင်းကို ပိုအားစိုက်ကြိုးစားရတယ်။ တစ်ယောက်တည်း ပြောရတာတစ်ခါ၊ နှစ်ယောက်ပြောရတာ တစ်ခါ ဆိုတော့ တော်တော်ကို ကြိုးစားပြီးရိုက်ထားပါ တယ်” လို့ ပြောပြပါတ ယ်။’ရွာပျောက်ကြီး’ဆိုတဲ့ဇာတ်ကားကို လည်း ဝိုင်းစုခိုင်သိန်းနဲ့ ရိုက်ကူးထားပြီး နယ်တွေမှာတော့ ဖြန့်ချိပြီးပေမယ့် ရန် ကုန်မှာတော့ဒီတစ်ပတ်မှာ စတင်ဖြန့် ချိမှာဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့ပရိသတ်တွေရဲ့ ဝေဖန် သံတွေနဲ့ပတ်သက်ပြီး စည်ဖြိုးက “ရွာပျောက်ကြီးရိုက်တုန်းက သရ ဏဂုံတင်ပြီးရိုက်ရတာပါ။ ရိုက်တဲ့ နေရာ က ကလောမြို့ကနေ တစ် နာရီကျော်လောက်ကား မောင်းပြီး ၄၅မိနစ်တောထဲကို ခြေကျင်သွား ရတာ။ မနက်ရှုတင်သွားရင် ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင် ပြီးသွားကြ ရတာ အမှတ် တရပဲ”လို့ပြောပြပါတယ်။
မေမွန်မောင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။