Myint Myint Thein shared Zay Ya's photo.
အဲ့ မေးခွန်းကို ဖြေဖို့ အချက်တွေ ၁ - ၂ - ၃ - ၄ ရေရွတ်ပြမယ် ဆိုပါစို့။ အဲ့ ရွတ်ပြတဲ့ - အချက်တွေ မရှိတေ

ာ့ရင်ပဲ ဘဝဟာ ကောင်းကောင်းမွန်မွန် မနေရတော့ဘူး တဲ့လား။ အဲ့ အချက်တွေ
ပြဌာန်းမှ ငါဟာ ကောင်းမွန်ပါမယ် လို့ ခင်ဗျား ဘဝက ပဋိဉာဉ် ခံထားဖူးသလား။
တကယ်က ဘယ် အချက်အလက်တွေ နဲ့မှ ကိုယ်စီ ကိုယ်စီရဲ့ ဘဝကို မပြဋ္ဌာန်း နိုင် ဘူး။ ရှေ့အချိန်ရဲ့ ခဏတာလေးကိုတောင် ခင်ဗျားလည်း မသိဘူး။ ကျနော် လည်း မသိဘူး။ ဘယ်သူမှ မသိဘူး။ အဲ့ဒီ မသိရခြင်း အကြောင်း၊ နက်နဲ သိမ်မွေ့နေတဲ့ အကြောင်း ကြောင့်လည်း ဘဝ ဟာ လေးနက်ကြည်စင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း - ဘဝ နဲ့ ယှဉ်စက်တဲ့ မေးခွန်းတွေ၊ ကျမ်းဂန်တွေ အလီလီ ထွက်ပေါ်နေရတာပဲ။ ဘဝရဲ့ သိရခက်တဲ့ အကြောင်းကြောင့် - ဘာသာတွေ၊ ဝါဒတွေ တစ်ခုပြီး တစ်ခု ရှာဖွေကြ၊ ပေါ်ပေါက်လာကြတယ်။ ဆွေးနွေးကြ၊ ငြင်းခုံနေကြရတယ်။
အဲ့ ဘာသာ၊ ဝါဒတွေကနေ စည်းမျဉ်းတွေ အသီးသီး ထွက်ကျလာတာ တွေ့လိမ့်မယ်။ အဲ့ စည်းမျဉ်းတွေ အောက် မှာ ဒီ ကမ္ဘာမြေတစ်လွှားက လူသား ရင့်မာကြီးတွေ ဥဒဟို ပြေးလွှား လိုက်နာနေကြရ ပြန်သေးတယ်။
ကြည့်ကြည့်ပါ --- အဲ့ စည်းမျဉ်းတွေ ဆိုတာ- ပညတ်တော်တွေ လည်း ဖြစ်နိုင်တယ်။ ဝိနည်းတွေ လည်း ဖြစ်နိုင်တယ်။ ဘာပဲ ပြောပြော ပေါင်းခြုံကြည့်ရင် အချက်အလက်တွေ လို့ ခေါ်တာပဲ မဟုတ်လား။ အဲ့ဒီ ရှိပြီးသား အချက်အလက်တွေကိုပဲ - လိုက်နာ လို့ မပြီးနိုင်သေးဘူးလား။ အဲ့ဒီ အချက်အလက်တွေကို ပြညွှန်းထားပါရက်နဲ့ လူသားတွေ လိုက်နာလို့ မကျေနပ်ကြဘူးလား။ ကမ္ဘာသားတွေ ရဲ့ ဘဝ ဟာ ကောင်းကောင်းမွန်မွန် နေထိုင်တဲ့ ဆီကို ရောက်ကို မရောက်နိုင်ကြသေးဘူးလား ။
စင်စစ် အကြောင်းက - ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ ဆိုတာ အချက်အလက်တွေနဲ့ မဆိုင်ဘူးရယ်။ အချက်အလက်တွေ တစ်နေရာနဲ့ တစ်နေရာ၊ တစ်ဘာသာနဲ့ တစ်ဘာသာ တွန်းတိုက်လာတဲ့ အခါ -- မူလဇစ်မြစ်ကို မမြင်နိုင်တဲ့ သူဟာ ရှုပ်ထွေးသွားတော့တာပဲ။ အရင်းခံကို မသိဘဲ အချက်အလက်တွေချည်း ဖွေရှာနေတဲ့သူဟာ ဘုရား မရောက်ဘဲ စောင်းတန်း မှာ တင် ဝေ့လည်နေတဲ့သူမျိုး ဖြစ်သွားတော့တာပဲ။ ယုန်ကို မရိုက်ဘဲ ခြုံကိုသာ လှည့်ပတ်ရိုက်နေနိုင်တဲ့ မုဆိုး သာ ဖြစ်လာတော့တယ်။
အချက်အလက် ဟာ ကျမ်းဂန်သမား လည်း ရွတ်ပြနိုင်ပါတယ်။ အတွေးအခေါ် ပညာရှင်တွေလည်း အဖြေရှာဆွဲထုတ် ပြနိုင်တယ်။ ဒါပေမယ့် ကျမ်းဂန်သမားတိုင်း ဘဝမှာ ကောင်းကောင်းမွန်မွန် မနေထိုင်နိုင်နေဘူး။ အတွေးအခေါ် ပညာရှင်တွေတိုင်းလည်း ဘဝမှာ မကောင်းခဲ့ဘူး။ ဘာလို့လဲ။
စင်စစ် ဘဝကို နေထိုင်တယ် ဆိုတာဟာ - ဘဝ ကို သိတဲ့ ခင်ဗျား အသိနဲ့သာ ဆိုင်လို့ ဖြစ်ပါတယ်။ အချက်အလက်တွေနဲ့ မဆိုင်ဘူး။ ဘဝ ကို မြင်တဲ့ ခင်ဗျား အမြင်နဲ့သာ ဆိုင်တယ်။ အခြားသူ အမြင်နဲ့ ပြောဟောနေတဲ့၊(ဝါ) ခင်ဗျား မမြင်မသိတဲ့ ဝိနည်း ပညတ်တွေနဲ့ မဆိုင်ဘူး။ ရှင်သန်နေတဲ့ ခင်ဗျား ရဲ့ အခုလက်ရှိကို သိသလား။ (ဝါ) မိမိကိုယ်ကိုယ် ထွင်းဖောက် ထားတဲ့၊ ရှင်းလင်းတဲ့ အမြင် ရှိသလား။ ဒါဆိုရင်-- အချက်အလက်တွေဟာ တောင်းခံနေစရာ မလိုဘူး။
တစ်ဆက်တည်း - "ကောင်းကောင်းမွန်မွန်" ဆိုတဲ့ စကားပါ သုံးစရာ မလိုကြောင်း အဲ့အချိန်မှာ သိနိုင်တယ်။ အဲ့ဒီ ကောင်းကောင်းမွန်မွန် ဆိုတာ ထက် ပိုသင့်တော်တဲ့ စကား ရှိတယ်။ အဲ့ဒါက လွတ်လပ်ရှင်းလင်း နေတဲ့ ခင်ဗျားရဲ့ ဘဝ ပဲ။ မိမိ အမြင်၊ မိမိ အသိသာ ကြည်စင်နေရင် ကိုယ့်ဘဝကို ကိုယ် အရှင်းလင်းဆုံး အလွတ်လပ်ဆုံး နေထိုင်သွားနိုင်တယ်။
ဒါလိုမှ မဟုတ်ဘဲ -- လူအများပြောတဲ့ -"လူဆိုတာ သစ္စာရှိရတယ်ကွ" -ဆိုပါစို့။- ဟုတ်ပြီ သစ္စာ ဆိုတာ ဘာမှန်း မသိဘဲ၊ ခင်ဗျား ဘယ်လို သစ္စာရှိမလဲ။ "လူဆိုတာ သိက္ခာ ရှိရတယ်ကွ" -- ဟုတ်ပြီ သိက္ခာ ဆိုတာ ဘာမှန်း မသိဘဲ၊ ခင်ဗျား ဘယ်လို သိက္ခာ ရှိမလဲ။ "ဘဝမှာ မေတ္တာတရား ထုံမွှန်းထားရင် ချမ်းမြေ့မွန်မြတ်တာပဲကွ" ---- ဟုတ်ပြီ ခင်ဗျား မေတ္တာတရား ဆိုတာ ဘာမှန်း မမြင်မသိရင် ဘယ်လို ထုံမွှန်းထားမလဲ။
သစ္စာဆိုဆို၊ သိက္ခာ ဆိုဆို၊ မေတ္တာ တရားလို့ပဲ ဆိုဆို -- အဲ့အရာတွေရဲ့ အဖြစ်တွေ အားလုံး ဟာ ခင်ဗျား ရင်တွင်း ကို ခင်ဗျားကိုယ်တိုင် ထိုးဖောက် ဝင်နိုင်တဲ့ အခါမှ သိ တယ်။ တစ်ကြိမ်တစ်ခါမှ မိမိကိုယ်ကိုယ် မမြင်၊ မသိတဲ့ အခါ - အဲ့ သစ္စာ၊ သိက္ခာ၊ မေတ္တာတွေဟာ ခင်ဗျား အတွက် ပြင်ပတစ်နေရာက အချက်အလက်တွေသာ ဖြစ်နေလိမ့်မယ်။ ခင်ဗျား လုပ်ယူနေရတဲ့ အရာတွေသာ ဖြစ်နေလိမ့်မယ်။ လုပ်ယူနေရတယ် ဆိုတာကြောင့်လည်း ခင်ဗျား ရဲ့ အပေါ်ယံကြော၊ အခွံသက်သက်သာ ဖြစ်နေလိမ့်မယ်။ အတွင်းမှာ ဘာမှ မရှိဘဲ၊ ဟန်ဆောင်ဖုံးထားတဲ့ အခွံတွေ သက်သက်နဲ့ ခင်ဗျား တာရှည်မနေနိုင်ဘူး။ အဲ့အခါ နောက်ထပ် အချက်အလက်တွေ ထပ်ရှာဖွေချင်လာတော့တယ်။ စင်စစ် မိမိကိုယ်ကိုယ် ငြိမ်ဝပ်တဲ့ အသိအမြင် မကြည်လင်ဘဲ ဒီအရာတွေဟာ ခင်ဗျားကိုယ်က ထွက်ကျ မလာနိုင်ဘူးရယ်။
.............................. ........
Nov 27th 2012 at 9:31 PM

..............................
Nov 27th 2012 at 9:31 PM
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။