20 November 2012 |By Popular News
မင်းသား ကင်မ်ဟွန်ဂျောင်းရဲ့ ပုံတူ ဖယောင်း ရုပ်တုကို မဒန် တူဆော့စ်ပြ တိုက် မှာ ထားရှိဖို့ ယခုစီစဉ်နေပြီလို့သိရပါတယ်။ ဖယောင်းပုံတူ ပြုလုပ်ဖို့ ကင်မ်ဟွန်ဂျောင်း ဟာ မကြာသေးခင်က အမျိုးမျိုး ဓာတ်ပုံရိုက် ခံခဲ့ပြီးဖြစ်ကာ ၃၆ဝ ဒီဂရီပြည့်အောင် ဓာတ်ပုံ ရိုက်ခံပြီးတဲ့နောက် ပုံကောင်း ၅ဝဝကို အင်္ဂလန်နိုင်ငံက မဒန်တူးဆော့စ် စတူဒီယိုကို သူ့ခန္ဒာကိုယ်အတိုင်း အတာအတိအကျ များနဲ့အတူပို့ လိုက်ပြီ ဖြစ်ပါ တယ်။
အဲဒီစတူဒီ ယိုကနေ ကင်မ်ဟွန် ဂျောင်းနဲ့ တထေရာ တည်းတစ်ရွယ်တည်း တူတဲ့ ဖယောင်းရုပ် ကို ဖန်တီးမှာဖြစ်ပါ တယ်။ဖန်တီးပြီး တဲ့နောက် တောင် ကိုရီးယားနိုင်ငံ ဘူ ဆန်မှာရှိတဲ့ မဒန်တူး ဆော့စ် ပြတိုက်မှာ ထားရှိပြသမှာ ဖြစ် ပါတယ်။ ပြ တိုက် အကြီး အကဲက”အာရှမှာ ကိုရီးယားတွေက မဒန်တူး ဆော့စ်ပြတိုက်ကို စိတ်ဝင်စားတာ များလာကြပြီ။ အထူးသဖြင့် ကိုရီး ယားစတားတွေရဲ့ ရုပ်တုတွေကိုပေါ့” လို့ဆိုပါတယ်။ တကယ်တော့ ကင်မ်ဟွန်ဂျောင်းဟာ ကိုရီးယား မှာတင်မက အာရှမှာပါ နာမည် ရနေပြီဖြစ်တဲ့ မင်းသား တစ်လက်ဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။