သရုပ်ဆောင်လောကမှာ ပရိသတ် အားပေး မှုရရှိနေတဲ့ စံရတီမိုးမြင့်က ဒါရိုက်တာသိန်းဟန် (ဖီးနစ်)ရိုက်ကူးတဲ့ ‘ချစ်လိုက်ရတာ နိုင်းလောက်ရှိ တယ်’ဇာတ်ကားကို ခန့် စည်သူ၊ မေသဉ္ဇာဦးတို့နဲ့ အတူ သရုပ်ဆောင်နေပါတယ်။
ဒီဇာတ်ကား မှာ စံရတီမိုးမြင့်က လူငယ်မိန်းကလေး ရက်ပါတစ်ယောက်အဖြစ် သရုပ်ဆောင် ထားပြီး ဇာတ်ကား အရ ပထမဦးဆုံးဆံပင် ပုံစံအကောက်ပြောင်းထားတာလို့လည်း ပြောပါတယ်။ သရုပ်ဆောင်အပြင် ကြော်ငြာ ပါအဆက်မပြတ်ရိုက်ကူးဖြစ်နေတဲ့ အတွက် အရင်တုန်းက ကြော်ငြာရိုက်ရတာ နဲ့ အခုနောက်ပိုင်း ကြော်ငြာရိုက်ရတာ ဘာတွေ ကွာခြားမှုတွေရှိသွားမလဲ ဆိုတာကို စံရတီမိုး မြင့်က..”ကြော်ငြာဆိုလည်း ကြော်ငြာအလျောက် ကြိုး စားရပါတယ်။ ကြော်ငြာရိုက် ရင် အဓိကကတော့ သီချင်းနဲ့ ကုန်ပစ္စည်းအပေါ်မှာ ပဲမူတည် တယ်”လို့ပြောတဲ့ စံရတီမိုးမြင့်က ဇာတ်ကားရိုက်တာက ကြော်ငြာရိုက် ရတာနဲ့မတူကြောင်းပြောပါတယ်။”ကားရိုက်မှာက အိုက်တင် ထပ်တာ၊ မထပ်တာမရှိဘူး။ သူ့ကာရိုက်တာတစ်ခုကို သရုပ် ဆောင်ရတယ်။ ကြော်ငြာနဲ့ကား ရိုက် နှစ်ခုစ လုံးက ခက်ခဲပါတယ်။ ကား ရိုက်မှာပိုပြီး ကြိုးစားရတယ်လေ။ ကားရိုက်မှာ ကိုယ်က အခုမှစဝင်တာ ဆိုတော့ အတိုက်အခံတွေလည်း အများကြီးရှိတယ်။ စိန်ခေါ် မှုတွေ လည်း အများကြီးရှိတယ်။ အဲဒါတွေကို ကြိုးစားရပါတယ်”လို့ ပြောပါတယ်။အခက်အခဲတွေကြုံလာရင်လည်း ခေါင်းအေးအေးထားပြီး ဖြေရှင်း တတ်ကြောင်းပြောတဲ့ စံရတီမိုးမြင့်က လွယ်လွယ်နဲ့ စိတ်ဓာတ်ကျ တတ် ကြောင်းလည်း ပြောပါ တယ်။ နောက်ပိုင်းမှာ အနုပညာရှင်တွေ အနေနဲ့ ဘက်ပေါင်းစုံမှာ သူတို့ရဲ့ အနုပညာအလုပ်တွေ ကို လုပ်လာကြတာတွေ့ရပါတယ်။ ပရိသတ် အား ပေးမှုရရှိနေတဲ့ စံရတီမိုးမြင့်ကို သရုပ်ဆောင်အပြင် သီချင်းဆိုဖို့အစီ အစဉ်ရှိလားဆိုတာကို မေးကြည့်တော့.. ”လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ သီချင်းဆို တာ နားထောင်ပြီး လိုက်ဆိုရတာ ဝါသနာပါတယ်။ ကိုယ်ကိုယ် တိုင်စင်ပေါ်တက်ဖို့က မရဲဘူး။ ရှိုးလျှောက် ရင်သာ စင်ပေါ်တက် တာ၊ သီချင်းဆိုတဲ့အခါမှာ စင်ပေါ်တက်တဲ့အချိန်ဆို တအား ကြောက်တာ၊ လောလောဆယ်တော့ မဖြစ် သေးပါဘူး။ စံရတီက စင်ကြောက်တယ်။ စံရတီ့အတွက် သီ ချင်းဆိုတဲ့အလုပ်က တအားကြောက်တဲ့ အလုပ် ပါ”လို့ ပြောပါတယ်။
တွယ်တာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။