စန္ဒရားကွန်းဇော်ရဲ့ ဂီတသက်တမ်း ရွှေရတု နှစ်ငါးဆယ်ပြည့် “သံစဉ်များရဲ့ ဂန္ထဝင်ည” ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီက ရန်ကုန်မြို့၊ မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “သံစဉ်များရဲ့ ဂန္ထဝင်ည” ဖျော်ဖြေပွဲမှာ စန္ဒရားကွန်းဇော် ရဲ့ ရေဒီယိုဓာတ်ပြားရ သီချင်းများနဲ့ အဆိုတော် တက္ကသိုလ် လဲ့လဲ့လို့ လူသိများ ထင်ရှားခဲ့တဲ့ မြန်မာသံတေးသီချင်းများကို စတီရီယို အဆိုတော်များနဲ့ မြန်မာသံ အဆိုတော်များက လက်ဆင့်ကမ်း ပြန်လည်ဆန်းသစ်မှုတွေနဲ့အတူ ဖျော်ဖြေခဲ့ ကြပါတယ်။
အစီအစဉ် တင်ဆက်မှုတွေအဖြစ် စိုးရန်အောင်၊ မေတ္တာနဲ့ တင်မိုးလွင်တို့က တင်ဆက် ပေးခဲ့ကြပါတယ်။ စိမ့်နေခြည်၊ သဲနုဝါ၊ စိုးရန်အောင်၊ ဖိုးသောကြာ၊ မီးမီးခဲ၊ ကဗျာ ဘွဲ့မှူး၊ အေသင်ချိုဆွေ၊ ရန်အောင်၊ ရင်ဂို၊ ချောစုခင်၊ ခင်ဘုဏ်း၊ ရှင်ဖုန်း၊ ရေဗက္ကဝင်း၊ တက္ကသိုလ်လဲလဲ၊ ဟေမာနေဝင်း၊ စိုးစန္ဒာထွန်း တို့ရဲ့ သီဆို ဖျော်ဖြေမှုတွေဟာ ဂီတမှူး စန္ဒရား ကွန်းဇော်၊ ဥက္ကာဦးသာ (Plus Three Band)နဲ့ Orchestra ဂီတဝိုင်းတို့ရဲ့ လက်စွမ်းပြတီးခတ်မှုတွေနဲ့အတူ အဆိုတော် တွေ အနေနဲ့လဲ အစွမ်းကုန် ဖျော်ဖြေခဲ့ကြပြီး မြန်မာသံစဉ်ပရိသတ်အတွက်တာဝန်ကျေ ခဲ့ကြပါတယ်။ ‘သံစဉ်များရဲ့ ဂန္တဝင်ည’ ဂီတ ဖျော်ဖြေပွဲဟာ ပဲခူးတိုင်းဒေသကြီး ရေဘေး သင့်ဒေသများနဲ့ မိဘမဲ့ ကလေးများအတွက် ရန်ပုံငွေအတွက် ဖြစ်ကြောင်း သိရပြီး Sky Net ရုပ်သံကလည်း Live ထုတ်လွှင့်ပြသခဲ့ တာကို တွေ့ရပါတယ်။
P-065

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။