Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 28, 2012

“သမီးနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲပြန်လည်ဆင်နွှဲတဲ့ ကိုပြည့်မောင်နဲ့ စမိုင်း”

 
အနုပညာလောကနဲ့နှစ်အတော်အကြာ ကင်းကွာနေခဲ့ပြီး မိသားစုနဲ့အတူ နိုင်ငံခြားမှာ ကာလအတန်ကြာနေထိုင်ခဲ့သူသရုပ်ဆောင် စမိုင်းဟာ အခုအချိန်မှာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာပြီး သူမချစ်တဲ့ ပရိသတ်များအတွက် အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်တော့မယ်လို့လည်း သိရပါတယ်။
သူမအနေနဲ့ အနုပညာ လောကနဲ့နှစ်အတော် ကြာကင်းကွာရခြင်းက မိသားစုအတွက် ကြောင့်လို့ဆိုလာသူ စမိုင်းရဲ့ထူးထူးခြားခြား အိမ်ထောင်သက်တမ်း ၈နှစ်ပြည့်မှာ မင်္ဂလာဆောင်ကို အိမ်အမှတ် ၁၇ B-2ဆရာစံလမ်းနှင့် သာယာဝတီလမ်း၊ ဗဟန်းမြို့နယ်ရှိ နေအိမ်မှာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲတွင် စမိုင်းသမီး နှစ်ယောက်နဲ့အတူ ထက်ထက်မိုးဦးရဲ့ သမီး ဖြစ်သူ စစ်လွန်းဝတီထက် ပါဝင်ဆင်နွှဲတာကို မြင်တွေ့ခဲ့ရပါတယ်။အခုလိုမျိုး ထူးထူးခြားခြား မင်္ဂလာဆောင်ကို ဘယ်လိုစိတ်ကူးရပြီး လုပ်ဆောင်ခဲ့ကြတာလဲလို့ မေးကြည့်လိုက်တဲ့အခါ..”အစ်မ ဒီမင်္ဂလာဆောင်က အရင်ကတည်းက တအားလုပ်ချင်ခဲ့တာ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး။ အမှန်တိုင်း ပြောရရင်မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် မပြောနဲ့ သေးသေးလေးတောင် မလုပ်ခဲ့ရဘူး။ ရုံးတက်လက်မှတ်ထိုးရုံပဲ။ အင်္ဂလန်မှာက ငွေရှိမှ။ မင်္ဂလာဆောင်မပြောနဲ့ အစ်မရော၊ အစ်ကိုရော ငတ်တစ်လှည့် ပြတ်တလှည့်နဲ့ ကြိုးစားကြတာ။ ဘဝကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းကြတာ။ရုန်းကန်ပြီးကြိုးစားတယ်။ အခု အဲဒီကြိုးစားမှုကြောင့် ကောင်းကောင်းမွန်မွန် နေခဲ့ရပြီ။အစ်မယောက်ျားဆိုပိုကြိုးစားတာ ပေါ့။သူကစီးပွားရေးမှာရော၊ မိသားစုပေါ်မှာရော တော်တော်လေးကို တော်ပြီးအားကိုးရတဲ့ ယောက်ျား ပါ။ အစ်မက သမီးကြီးကိုယ်ဝန်နဲ့ အလုပ်လုပ်ရတာ။ ဒါကြောင့် ဒီမင်္ဂလာပွဲက တိုက်တိုက်ဆိုင်ဆိုင်သူ့မွေးနေ့နဲ့ အိမ်သစ်တက် နေ့နဲ့ဆုံလို့ သူ့အတွက် မွေးနေ့လက်ဆောင် ပေးတာပါ။ ကိုပြည့်မောင်က ဘာမှသိပ်မသိဘဲ ၂၂ရက်နေ့ရောက်တာနဲ့ လုပ်တာ သူတအား ပျော်တယ်။ အစ်မလည်း သူ့ကိုကြည့်ပြီး ကြည်နူးတာပေါ့”လို့ စမိုင်းက သူမရဲ့မင်္ဂလာအကြောင်းလေးကို ပြောပြခဲ့ပါတယ်။ အိမ်ထောင်သက်တမ်း ၈နှစ်မှာ အိမ်ထောင်တစ်ခုခိုင်မြဲဖို့ အတွက်နဲ့ ပျော်ရွှင်ခြင်းတွေရှိဖို့အတွက်၊ အစ်မတို့ဘယ် လိုမျိုး ကြိုးစားပြီးတည်ဆောက် ယူရခဲ့လဲလို့ မေးကြည့်တော့ ”ခက်ခဲတာကတော့ နေရာတိုင်းမှာရှိတာပေါ့။ လင်နဲ့မယားဆိုရင် လျှာနဲ့သွားပဲ။ တစ်ခါတလေ ကိုက်မိတာ ရှိတယ်။ ပြဿနာတစ်ခုခု ဖြစ်လာရင် ရင်ထဲမှာသိမ်း မထားနဲ့ စဉ်းစားပြီးအမြန်ဆုံးဖြေရှင်းကြပါ။ ရင်မှသိမ်းထားတာများရင် ကြာရင် ရင်နာစရာကနေ ကွဲမယ်၊ ကွာမယ် ဖြစ်သွားတတ်တယ်။ မောင်နှမအရင်းတွေတောင်မှ တစ်ခါတလေ ရန်ဖြစ်စကားများကြသေးတာပဲ။ သူစိမ်းနှစ်ယောက်ဆို ပိုဆိုးတာပေါ့။ အစ်မတို့က ခါးသီးခက်ခဲတဲ့ ဘဝကို တူတူဖြတ်သန်းကြတော့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးသံယောဇဉ်ရှိတယ်။ နားလည်ကြတယ်။ သူကပိုပါတယ်။ အခုဆို အဲဒီနားလည်းမှု၊ ချစ်ခြင်းမေတ္တာသံ ယောဇဉ်တွေနဲ့ပဲ သမီးလေးနှစ်ယောက်ကို အစ်မတို့ဘဝကပိုပြီး သာယာစိုပြည်လာပါပြီ။ အိမ်ထောင်တစ်ခုခိုင်မြဲဖို့အတွက်နဲ့ ပျော်ရွှင်ဖို့ အတွက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိပါ။ တိုင်တိုင်ပင်ပင်လုပ်ပါ။ တစ်ယောက်နဲ့တစ်ယောက်ညှာတာ စာနာမှုရှိပါ။ ချစ်ပါ။မေတ္တာထားပါ။ အဓိကကတော့ နားလည်မှုနဲ့ သံယောဇဉ်ပါ။ ကျောက်တုံးတွေ တောင် လှိုင်းတိုက်ပါများရင် ပဲ့သွားသလိုပဲ၊ အမြဲတမ်းကိုယ်ကပဲ အနိုင်ယူရင် တစ်ဖက် သားကိုထိခိုက်လာမယ်။ ပြီးရင်ရင်မှာ တင်းမာ မှုတွေ များလာမယ်။ ဒါကြောင့်နှစ်ယောက်က တစ်ယောက်တည်းဖြစ်ပါစေလို့ ပြောချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ဘဝကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းရတော့ မိန်းမသား တစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပုံကိုလည်း ပရိသတ်တွေ စံထားနိုင်အောင် အစ်မအတွေ့အကြုံကို ပြောပြပေးပါလားလို့ မေးကြည့်တော့ “ပြောချင်တာက စမိုင်းက ဘဝကို နာနာကျင်ကျင်နဲ့ ဖြတ်သန်းခဲ့ရတာပါ။ အခက်အခဲတော့ လူတိုင်းမှာရှိတယ်။ ကြီးတာသေးတာပဲ ကွာမယ်။ တစ်ခုခုဖြစ်လာရင် လင်မယားဆိုမှတော့ စိတ် ကို အေးအေးဆေးဆေးထားပြီး ဆုံးဖြတ်ချက်ချပါ။ စိတ်ပူရင်ပူနေတဲ့အချိန်မှာ အမှားကများတယ်။ စိတ်အေးအေးထားပြီးမှလုပ်သင့်၊မလုပ်သင့်အကျိုးအကြောင်း ခိုင်ခိုင် မာမာနဲ့ နားလည်အောင် နှစ်ယောက်စလုံး မျက်နှာချင်းဆိုင်ဖြေရှင်းပါ ဝုန်းဒိုင်းမကျဲပါနဲ့။ လူတိုင်းကတော့ အမှားမကင်းကြပါဘူး။ သေသေချာချာတွေးပြီးမှ စိတ်ကို အတတ်နိုင်ဆုံးဖြေပြီးမှပြောပါ။ဆုံးဖြတ်ချက်ချပါ”လို့ပြောပြခဲ့ပါတယ်။ အိမ်ထောင်သက်တမ်း ၈နှစ်မှာ သမီးရတနာ၂ဦးကို ပိုင်ဆိုင်ရတဲ့အခါမှာ ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူး လို့ ဆိုလာတဲ့စမိုင်းက ”သမီးလေး၂နှစ်ယောက်ကို တအားချစ်တယ်။ ကြီးလာရင်လည်း သူတို့ လေးတွေလုပ်ချင်တာ၊ ဖြစ်ချင်တာကို မိဘအနေနဲ့ဘေးကနေ လမ်းကြောင်း တည့်ပေးမယ်။ ၁ဝဝရာခိုင်နှုန်းအပြည့် ပံ့ပိုးပေးမယ်။ ခုတောင် သမီး၂ဦးရိုက်ထားတဲ့ ကြော်ငြာ(ရီဗိုက်တာလိုက်) တီဗီမှာလာရင် အစ်မတို့မှာ စောင့်စောင့်ကြည့် ရတာ အမောပဲ။ အခု စမိုင်းက သရုပ်ဆောင်မင်း သမီးမဟုတ်တောဘူးရှင့် မင်းသမီးနှစ်ယောက်ရဲ့ အမေကြီးဖြစ်သွားပြီ။ ရိုက်ကွင်းလိုက်ရင်လည်း အစ်မမှာအထုပ် အပိုးတွေ ထမင်း ချိုင့်၊ရေဘူး၊ မုန့်ဘူးကအစ သယ်ရတယ်။ အကြီးမနာမည်က ဆုနဒီမောင် ဖြစ်ပြီး၊ အငယ်မလေးက ဆုရတီမောင်လေ။ ရိုက်ကွင်းမှာ စိတ်ဆိုးလို့နို့ဘူး ပစ် ပေါက်ရင်လည်း စမိုင်းမှာလေ မကြီး မငယ်နဲ့ လိုက်ကောက်ရတယ်။ ရှုတင်က လူတွေကစတယ်။ စမိုင်းဝဋ်လည်နေပြီတဲ့။ ဒီသမီးနှစ်ယောက်က တန်ဖိုးဖြတ်လို့မရတဲ့ ရတနာတွေပါ။ အစ်မတို့ နှစ်ယောက်စလုံးက မိသားစုကိုတအား ချစ်တယ်။ အမြဲတမ်း Sunday ဆို Family Day လို့သတ်မှတ်တယ်။ စမိုင်း အခုပျော်စရာကောင်းတဲ့ မိသားစုကိုဖန်တီးနိုင်ပြီ။ တစ်ချိန်ကဘဝကို ငတ်တလှည့် ပြတ်တလှည့်ဖြစ်တဲ့အချိန်ကို မမေ့ပ ဘူး။ အခုပျော်တယ်။ အစ်မ သမီးနှစ်ယောက်ရယ်၊ ယောက်ျားရယ် အတူတူ ဘဝကို ဖြတ်သန်းရတဲ့အတွက် ကျေနပ်တယ်။ ပရိသတ်များအတွက်လည်း အနုပညာကို ပြန်ပြီးလုပ်ဖြစ်မှာ ပါ”လို့ပြောပြခဲ့ပါတယ်။
ထူးထူး
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။