ပြေတီဦးက ဒါရိုက်တာ ကိုနိုင် (N.VG) ရိုက်ကူးတဲ့ ဝါရွှေစင် ပိုးထည်ကြော်ငြာကို ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကိုတို့နဲ့ သရုပ်ဆောင် နေပါတယ်။ပရိသတ်တွေက ပြေတီဦးရဲ့ဇာတ်ကားတွေ အားပေးသလို၊ ကြော်ငြာတွေကိုလည်း ကြိုက်နှစ်သက်ပြီး အားပေးကြပါတယ်။
ရိုက်တဲ့ကြော်ငြာတွေအောင်မြင်သလို ပရိသတ်တွေ ကြိုက် တယ်ဆိုရင် ဝမ်းသာကြောင်း ပြေတီဦးက ပြောပါတယ်။ အခု ရိုက်တဲ့ကြော်ငြာမှာ ပြေတီဦးနဲ့မိုးဟေကိုက တစ်တွဲ၊ ဟိန်းဝေယံနဲ့ အိန္ဒြာကျော်ဇင်က တစ်တွဲတွဲ ဖက်ပြီး သရုပ်ဆောင်ကြပါတယ်။ အကယ်ဒမီ ပွဲတက်ဝတ်စုံ အတွက် ဝါရွှေစင်ပိုးထည်ဆိုင်က စပွန်ဆာ ပေးထားပြီး အရောင်ကိုတော့ အိန္ဒြာ ကျော်ဇင်ဝတ်မယ့် အရောင်ပေါ် မူတည်ပြီး ဝတ်မှာ ဖြစ် ကြောင်းပြောပါတယ်။ ပြေတီဦးက ဒါရိုက်တာ နေပိုင်ရိုက်ကူးတဲ့ ‘ဝိညာဉ်ဆိုတဲ့ သီချင်းသံ’ ဇာတ်ကားကို ဝတ်မှုံရွှေရည်၊ ဝိုင်းစု ခိုင်သိန်းတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဝိညာဉ်ဇာတ်ကား ရိုက်ကူးရတာ ဖြစ်တဲ့အတွက် ညဘက်တွေပဲ နေ့တိုင်းနီးပါးလောက် ရိုက်ကူးရတာများ ကြောင်း ပြောပါတယ်။
ဒီဇာတ်ကားမှာပါတဲ့ သီချင်းကအစ သေသေချာချာလေးသွင်းထားပြီး အမေတစ်ယောက်က သူ့သားကို အမြဲချော့သိပ်တဲ့ သီချင်းက ဝိညာဉ်ဘဝ ရောက်သွားတဲ့အခါ မှာလည်း ဝိညာဉ်တစ်ယောက်ဆိုတဲ့ ပုံစံလေး ဖြစ်သွားကြောင်း၊ သီချင်းကြားလိုက်တာနဲ့ ကို လူတွေအားလုံးက အလိုလိုနေရင်း ငိုချင်သွားရကြောင်း သီချင်းစဖွင့်တဲ့နေ့က ရှုတင်မှာ အကုန်လုံးက ကြက်သီးတွေထသွားပြီး မျက်ရည်ဝဲရတဲ့ အထိဖြစ်ရကြောင်း ပြေတီဦးက ပြောပါတယ်။ ဗီဒီယို မှာ ဇာတ်ကားကောင်းတွေ ထွက်ချင်တဲ့အတွက် ဒီလိုဇာတ် ကားမျိုးတွေ ရိုက်ကူးခြင်းဖြစ်ကြောင်းကို ပြေတီဦးက “ဗီဒီယိုမှာလည်း ဒီလို ဇာတ်ကားကောင်းတွေ ထွက်စေချင်တယ်လေ။ကျန်တဲ့ ဒီဗီဒီတို့ ရုပ်ရှင်ဇာတ် ကားကြီးတို့ဆိုရင် အချိန်ကာလတွေ တအား ကြာသွား မှာဆိုတော့ ကိုယ် ကြိုးစားထားတာက တော်တော်နဲ့ အကောင်အထည် မဖော်နိုင်ဘူး။ အဲဒီလိုအတိုင်း အတာထိ စောင့်ဖို့ ကလည်း မလွယ် ဘူး။ အခုဆိုရင် ကျွန်တော် ရုပ်ရှင် ဇာတ် ကားကြီးတွေထဲမှာ တအားအားထည့်ပြီး ရိုက်ထားတာ။ ဒါပေမဲ့ အဲဒီဇာတ်ကားကြီးတွေက တစ်ကားမှ ရုံတင်ဖို့အတွက် မဖြစ်နိုင်သေးတော့ ကြိုးစား ပေမယ့် လောလောဆယ်မှာ အရာမထင်သလို ဖြစ်နေ တယ်။ စောင့်ဖို့က တော်တော်စိတ်ရှည်ရ ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လည်း ကောင်းအောင်ရိုက်ထားတယ်။ ဗီဒီယို မှာလည်း ဇာတ်ကားကောင်းတွေ ဖြစ်ဖို့လိုတယ်။ လောလောဆယ် အခြေအနေအထိ ကျွန်တော်တို့ အနုပညာသမားတွေ အကုန် လုံးက ဗီဒီယိုအပေါ်မှာပဲ ရပ်တည်နေရ တာ။ ဗီဒီယိုဈေးကွက်နဲ့ အောင်မြင်မှုတွေက သတ်မှတ်နေရတာ။ ဗီဒီယိုဇာတ်ကားတွေ ကောင်း ဖို့ လိုကိုလိုပါတယ်။ ဗီဒီယိုလောကအခြေအနေ တွေ ပြန်ကောင်းလာတာမျိုး လည်းဖြစ်လာနိုင် ပါတယ်။ ဗီဒီယိုလောကမရှိတော့ဘဲ ရုပ်ရှင်တွေပဲ ရိုက်ကြပြီးတော့ ရုံတွေမှာ ၂နှစ်စောင့် စရာမလိုဘဲ သူလည်းသူ့ကားသူတင်၊ ကိုယ်လည်း ကိုယ့်ကားကိုယ်တင်၊ ကောင်းတဲ့ ဇာတ်ကားက အိုကေ၊ မကောင်းတဲ့ဇာတ်ကားက ခံပေါ့၊ အဲဒီလိုပုံစံမျိုးလည်း ဖြစ်လာနိုင် တယ်။ ဘာတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ တော့ ခန့်မှန်းရ ခက်တယ်။ စောင့်ကြည့်ရမှာပဲ။ ကျန်တာတွေ မဖြစ်လာဘဲ ဗီဒီယိုပဲ နောက်ထပ် ၅နှစ်၊ ၆နှစ် ဆက်ရှိနေဖို့လည်း ဖြစ်နိုင်တာပဲ။ စီးရီးဇာတ်လမ်းတွဲတွေလည်း ပေါ်လာနိုင်တာပါပဲ။ ခေတ်ကပြောင်းလဲနေတဲ့အတွက် လမ်းကြောင်းတွေလည်း ပြောင်းတော့ပြောင်းလဲ နေမှာပဲ။ ဘယ်လိုပုံစံနဲ့ ပြောင်းလဲမလဲဆိုတာသာ တိတိကျကျ မခန့်မှန်းနိုင်တာပါ”လို့ ပြောင်းလဲလာနိုင်တဲ့ ရုပ်ရှင်ဗီဒီယိုလောက အကြောင်းကို ပြောပြခဲ့ပါတယ်။ ပြေတီဦးပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေဖျော်ဖြေပွဲကို နိုဝင်ဘာ ၃ဝရက်နဲ့ ဒီဇင်ဘာ ၁ရက်နေ့ တို့မှာ ကျင်းပဖို့ ယာယီစီစဉ်ထားပေမယ့် ရုံရက် အဆင် မပြေ တာကြောင့် ဇန်နဝါရီလထဲ မှာကျင်းပဖို့ရက်ရွှေ့လိုက်ကြောင်းသိရပါတယ်။ဒီနှစ်ဆေးကျောင်းသား ၁၅ဦးရဲ့ ကျောင်းစရိတ်ထောက်ပံ့ဖို့ ရွေးချယ် ပြီးသွားပြီဖြစ်ပြီး နိုဝင်ဘာ ၃ဝရက်နေ့မှာတော့ ကျောင်းသား တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောမှာ ဖြစ်ကြောင်း ပြေတီဦးက ပြောပါတယ်။ ပြေတီဦးက ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ၃ကားရိုက်ဖို့ စီစဉ်ထားပြီး ကျေးလက်ဟာသ ဇာတ်ကား၊ ဒီမိုကရေစီကျောင်းသားဇာတ် ကားနဲ့ ဘိုးဘွားရိပ်သာမှာ အဘိုး၊အဘွား တွေကိုစောင့်ရှောက်တဲ့ ကောင်လေး ဇာတ်ကားတွေကို ရိုက်ကူးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။