MTV EXIT လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးအသင်းအဖွဲ့နဲ့အတူ လက်တွဲပြီး Ensaleved ဆိုတဲ့ လူကုန်ကူးမှုပညာပေးဇာတ်ကားကိုလည်း ရိုက်ထားဖူးခဲ့သူ Rဇာနည်က MTV EXITကစီစဉ်တဲ့ ဂီတဖျော် ဖြေပွဲမှာလည်း ပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် အဲဒီဂီတပွဲမှာတော့ Rဇာနည်က တေးရေးမြင့်မိုးအောင် ရေးစပ်ပေးထားတဲ့ လူကုန်ကူးမှုဆိုင်ရာပညာပေးသီချင်း ‘ဘဝရဲ့ ထောင်ချောက်များ’ ဆိုတဲ့သီချင်းသစ်ကို သီဆိုမှာဖြစ်ပါတယ်။ ”ဒီ MTV EXITကစီစဉ်မှုနဲ့ အားလုံးလုပ်ဖြစ်တာပါ။ ရှိုးပွဲနေ့မှာလည်း လာကြည့်တဲ့ ပရိသတ်တွေကို လူကုန်ကူးမှုနဲ့ပတ်သက်ပြီး မကောင်းတဲ့အကြောင်းကို အတတ်နိုင် ဆုံး ပြောပြသွားမှာပါ။ ကျွန်တော်တို့ကို ကမ်းလှမ်းတယ်ဆိုတာလည်း ကျွန်တော်တို့လို အနုပညာမောင်နှမတွေနဲ့ဆိုရင် ပိုပြီးထိရောက်မယ်ထင်လို့ လုပ်တဲ့သဘောပါ” လို့ ပြောတဲ့ Rဇာနည်က ဒီဇင်ဘာ ၁၆ ရက်နေ့ ရှိုးပွဲမှာတော့ ဂရမ်မီတေးသံရှင် ဂျေဆင်မရတ်နဲ့အတူ အားလုံးစုပေါင်းပြီး အမှတ်တရအနေနဲ့ သီချင်းဆိုဖြစ်ဦး မယ်လို့လည်း သိရပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့က ဖျော်ဖြေခဲ့တဲ့ စင်ကာပူက တစ်ကိုယ်တော် ရှိုးမှာလည်း အောင်မြင်ခဲ့တဲ့ Rဇာနည်ကို ပြည်ပမှာ တစ်ကိုယ်တော် ရှိုးပြုလုပ်တာ က ဒီမှာနဲ့ဘာတွေ ကွာခြားလဲဆိုတော့..”ဖျော်ဖြေရတဲ့ပုံစံကတော့ သိပ်မကွာပါဘူး။ အတူတူပါပဲ။ တစ်ခုရှိတာက Indoor ဖျော်ဖြေတဲ့အတွက် ပရိသတ်နဲ့ ပိုပြီးနီးနီး ကပ်ကပ် ဖျော်ဖြေရတယ်။ ကျွန်တော်ရော၊ အတူပါလာတဲ့ တေးသံရှင်တွေရော သီချင်းပုဒ်ရေများများဖျော်ဖြေဖြစ်တယ်။ အားလုံး အပုဒ်ရေ ၄ဝ ကျော်လောက် ဆိုဖြစ် တယ်။ လူတစ်ထောင်လောက် ဆံ့တဲ့ခန်းမမှာ ရုံပြည့်နီးပါး ပရိသတ်အားပေးမှုရှိပါတယ်” လို့ Rဇာနည်က ပြောပါတယ်။ R ဇာနည်က လက်ရှိမှာတော့ ရှိုးပွဲတွေ ဆက်တိုက် သွားဖြစ်နေပြီး တန်ဆောင်တိုင်ကျရင်တော့ Rဇာနည်က တောင်ကြီးနဲ့ မေမြို့မှာ သီချင်းဆိုရမှာဖြစ်ပါတယ်။ Rဇာနည်ရဲ့ တတိယမြောက်အခွေဖြစ်တဲ့ ‘အဆိပ်တက် အိပ်မက်’ ဗီစီဒီကတော့ အားလုံးပြီးသွားပြီဖြစ်ပြီး ဒီဇင်ဘာလထဲမှာ ထွက်ရှိလာတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲရဲ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။