ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေက နိုဝင်ဘာ ၂၂ရက်နေ့၊နံနက် ၈နာရီအချိန်အမှတ်၂ဝရပ်ကွက်၊ အနော်ရထာလမ်းမကြီး၊ ဝေပုလ္လလမ်း၊လှိုင်သာယာမြို့နယ်၊ ဓမ္မရတနာ ကျောင်းရှိ ဆရာတော်ဘဒ္ဒန္တသီရိ တေရိန္ဒာဘိဝံသကို မဟာဘုံကထိန်အလှူဒါန ပြုလုပ်ခဲ့ပါတယ်။အဆိုပါကျောင်းမှာ အလှူပြုလုပ်ခဲ့တဲ့ အကြောင်းရင်းကိုပြောပြတဲ့ ခိုင်နှင်းဝေက “ကျွန်မနဲ့သိတဲ့ ကိုဆန်းဦးကိုပဲ ကျွန်မဆက်သွယ်ခိုင်းလိုက်တာ။
ကျွန်မကတော့ အလှူလုပ် မယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ ပြီးပြည့်စုံတာထက် ဒီကျောင်းထိုင်ဆရာတော်က စာသင်ကျောင်းဖွင့်ဖို့အတွက် လုပ်နေတာ။ အဲဒါကိုလည်း ကျွန်မဘက်ကနေ သိပ်အားပေးချင်တယ်။ အခုနောက်ပိုင်းမှာ ဒီကျောင်းက တအားကောင်းလာတာ။ အရင်က ဝါးကျောင်းလေးပဲရှိတယ်။ ဆရာတော်ကို ကျွန်မတတ် နိုင်သလောက်ဘေးကနေပံ့ပိုးပေးချင်တယ်။အဲဒါကြောင့် ဒီကျောင်းမှာ လုပ်ဖြစ်သွားတာ။ ဒီကျောင်းမှာအလှူလုပ်တာ ပထမဦးဆုံး အကြိမ်ပါ”လို့ ပြောပါတယ်။
လှိုင်သာယာမြို့မှာရှိတဲ့ ပရိသတ်တွေကလည်း ထင်မထား လောက်အောင်ကိုပဲများပြားစွာ အလှူနဲ့ပတ်သက်ပြီး အားပေးကြ တဲ့အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းကို ခိုင်နှင်းဝေက ”ကျွန်မ ပြောမပြတတ်အောင်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျောင်းမှာ ကထိန်ခင်းပေးချင်တဲ့ ရည်ရွယ်ချက်ပဲ ကျွန်မမှန်းထားတာပါ။ ဘာပဲဖြစ်ဖြစ် ကထိန် အလှူလုပ်ဖြစ်သွားတာက ကျွန်မကို အစစအရာရာ ကူညီပေးကြတဲ့အတွက် ဖြစ်မြောက်အောင်မြင်သွားတာပါ။ ဒီရောက်တော့ ပရိသတ်တွေကလည်း အများကြီး အားပေးကြတဲ့အတွက် ဝမ်းသာပါတယ်”လို့ ပြောပါတယ်။
တွယ်တာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။