27 November 2012 |By Good Health
ချမ်းသာတဲ့ မိဘတွေက မွေးဖွားလာတဲ့ ကလေးငယ် တွေဟာ မြေပဲနဲ့ ဓာတ်မတည့် နိုင်ခြေ မြင့်မားကြောင်း သုတေသီတွေ က တွေ့ရှိခဲ့ ပါတယ်။ မြေပဲနဲ့ ဓာတ်မတည့်မှု ဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်ပေါ်တတ်ပြီး တစ်ခါတစ်ရံမှာ သတိလစ် မေ့မြောတဲ့အထိ ဖြစ်တတ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ကလေးငယ်တွေ မြေပဲနဲ့ ဓာတ်မတည့်တာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကထက် နှစ်ဆခန့် ပိုများပြီး ချမ်းသာတဲ့ မိဘအသိုင်းအဝိုင်းက ကလေးတွေ ပိုဖြစ်တယ်လို့ သိရပါတယ်။
ချမ်းသာတဲ့ မိဘက မွေးဖွားလာတဲ့ ကလေးတွေ အနေနဲ့ အလွန်သန့်ရှင်းတဲ့ ဘဝနေထိုင်မှု ပုံစံမှာ နေနေရတာကြောင့် သူတို့ရဲ့ ခုခံအား စနစ်တွေ အနေနဲ့ ပိုးမွှားအများစုကို ထိတွေ့မှု နည်းနေတတ်ပါတယ်။ အဲဒီကလေးတွေဟာ မြေပဲလိုမျိုး ဒုက္ခမပေးနိုင်တဲ့ အစားအစာ အပါအဝင် အရာဝတ္ထု ပစ္စည်းအသစ် တစ်ခုနဲ့ တွေ့ကြုံရတိုင်း သူတို့ရဲ့ ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်နေတာကြောင့်လို့ သုတေသီတွေက မှတ်ချက်ပေးပါတယ်။ မြေပဲနဲ့ ဓာတ်မတည့်တာဟာ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်လို့ သုတေသီတွေက ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ကလေးငယ်တွေကို ငယ်ရွယ်စဉ် ဘဝကတည်းကစပြီး မြေပဲကို ကျွေးထားခဲ့ရင် ဓာတ်မတည့်မှု ဖြစ်စဉ်မှ ရှောင်ရှားနိုင်တယ်လို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။