Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 30, 2012

စရိုက်လေးမျိုးနဲ့ ပရိသတ်ရှေ့ ရောက်လာ မယ့် နေတိုးနှင့် တွေ့ဆုံခြင်း

30 November 2012 |By 7Day News
ပထမဆုံး လေးကိုယ်ခွဲ ဇာတ်ရုပ်နဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတဲ့ သရုပ်ဆောင် နေတိုးရဲ့ ရိုက်ကွင်း ကို ရောက်သွားချိန်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ဝင် ခန်းအခန်းစဉ်တွေကို လေ့လာနေတဲ့ နေတိုးနဲ့ တွေ့ရပါတယ်။ နေတိုးက ယခုလက်ရှိအထိတော့ နယ်ရော ရန်ကုန်မှာ ပါ အောင်မြင်မှု အရှိန် ထိန်းထားနိုင်ဆဲ မင်းသား တစ်လက်လည်း ဖြစ်နေသလို ဒီနှစ်ထဲမှာ သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေနဲ့ပတ်သက်လို့ တစ်နှစ်လုံး လိုလို ဖြေရှင်းနေရတဲ့ သူလည်းဖြစ်နေ ပါတယ်။



မြန်မာ ပရိသတ်တွေရဲ့အားပေးမှုက အနုပညာပိုင်းအပြင် သူတို့ချစ်တဲ့ အနုပညာရှင် ဆိုတာ ခြောက်ပစ်ကင်း သဲလည်းစင် ဖြစ်စေချင် ကြတဲ့ စေတနာလည်းအပြည့်ရှိတော့ ဒီလိုပရိသတ်တွေကြားမှာ သူ့ရဲ့ကိုယ်ရေးကိုယ်တာ သတင်းစကားတွေနဲ့ ပရိသတ်မေတ္တာလျော့ပါးသွားမှာကို တချို့ကလည်း စိတ်ပူပန်ကြပါတယ်။ နေတိုးနဲ့ ပထမဆုံးလေးကိုယ်ခွဲ ဇာတ်ရုပ်အတွေ့အကြုံနဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်အချို့ကို သူ့ရိုက်ကွင်းပေါ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ လေးကိုယ်ခွဲဇာတ်ရုပ်ကို ပထမဆုံးရိုက်ကူးမှုလို့သိရပါတယ်။ လေးကိုယ်ခွဲရိုက်ကူးမှုမှာ ဘယ်လို အတွေ့အကြုံမျိုးတွေရရှိခဲ့ပါသလဲ။ ဒီကားကတော့ စတူဒီယိုရိုက်ကူးမှုတွေ လုပ်ဖြစ်တယ်။ လေးကိုယ်ခွဲအဖြစ် သရုပ်ဆောင်ရတဲ့အတွက် နည်းနည်းတော့ ပင်ပန်းပါတယ်။ ရိုက် ကူးမှု ပုံစံတွေကတော့ကိုယ်ခွဲ ဇာတ်ရုပ်အတွက် အနီးစပ်ဆုံး နိုင်ငံတကာပုံစံနဲ့တူအောင် လုပ်ထားပါတယ်။ အ၀တ်အစားစီစဉ်ရတာ တခြားကားတွေထက် ဒီကားမှာပိုပြီး ခေါင်းစားမယ်ထင်ပါတယ်။ အ၀တ်အစားပိုင်း မလွဲချော်အောင် ဘယ်လိုစီစဉ်ဖြစ်ပါသလဲ။ လေးကိုယ်ခွဲဆိုပေမယ့် ဒီကားမှာ တစ်ကိုယ်စီက အ၀တ်အစားအများကြီးဝတ်ပြီး သရုပ်ဆောင်ရတာမျိုးတော့ မပါပါဘူး။ အများဆုံး လေးစုံလောက်ပါပဲ။ လေးစုံလောက်ကိုမှ တစ်ဇာတ်လုံးကို ချိတ်ဆက်ဝတ်ဆင်ပြီး သရုပ်ဆောင်သွားရတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုပုံစံဆိုတော့ တစ်ထည်တည်းကို ၁၀ ခန်းလောက်ပါနေတာမျိုးဆိုတော့ အဆင်ပြေပါတယ်။ ခရိုမာနည်းပညာနဲ့ ရိုက်ကူးမှာဖြစ်လို့ အကျကို အစိမ်းရောင်တို့၊ အဆင်ပြေပြေဖြစ်နိုင်မယ့် အလတ်စတစ်ပါတဲ့အကျ၊ ဘောင်းဘီတွေရွေးရတယ်။
လှုပ်ရှားမှုတွေပါတဲ့အတွက် အရမ်းကျပ်မယ့် အ၀တ်အစားမျိုး ကိုတော့ရှောင်ရပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့ ဘာကြောင့် လက်ခံဖြစ်ခဲ့တာပါလဲ။ ဒီကားအတွက် ကျွန်တော့်ကို လာငှားတုန်းက ဒီဇာတ်လမ်း မရှိသေးပါဘူး။ ကိုယ်ခွဲဇာတ်ရုပ်လေးတွေ ရိုက်ချင်တဲ့ ဦးညီ(ဒါရိုက်တာညီညီထွန်းလွင်)၊ ဇာတ်ညွှန်း ဆရာလွင်မင်းအံ့တို့က စီစဉ်မယ်ဆိုလို့ လက်ခံ ဖြစ်တာပါ။ ဦးညီနဲ့ အစ်ကိုက လက်တွဲရိုက်ကူးတာများလာတော့ ပရိသတ် အမြင်ဆန်းသစ်အောင် တင်ပြပုံ ကို ညှိနှိုင်းပြီး လုပ်ဖြစ်ပါသလား။ ရှိပါတယ်။ ဦးညီက ကျွန်တော့်မှာရှိတဲ့ အနုပညာအားသာချက်တွေကို ထုတ်သုံးခိုင်းပါတယ်။ ကျွန်တော့်ဘက်ကလည်း ဇာတ် ညွှန်းတွေက တစ်နှစ်လောက် ကြိုပြီးရေးတဲ့ ဇာတ်ညွှန်းတွေဖြစ်တော့ အတတ်နိုင်ဆုံး၊ အပီပြင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်ကြပါတယ်။ ရုပ်ရှင်ဇာတ်ကား ရွေးချယ်မှု ပုံစံပြောင်းမယ်လို့ မနှစ်က အစ်ကို ပြောဖူးတယ်။ ဒီနှစ်ထဲရိုက်ကူးဖြစ်တဲ့ကားတွေက အစ်ကိုပြောတဲ့ စကားနဲ့အညီ ပြောင်းလဲမှုရှိပါသလား။ ပြောင်းလဲပါတယ်။ အရင်တည်းက ရိုက်တာတော့ ရိုက်နေကြတာပဲ။ ရသပိုင်းဆိုင်ရာပေါ့။ အဓိကက ပရိသတ်လိုချင်တဲ့၊ ကြည့်ချင်တဲ့ ဇာတ်ရုပ်တစ်ခု အပေါ်မှာတော့ ဒီ့ထက်မကပေးရမယ့် ဖြည့်ဆည်းမှုလေးတွေတော့ လိုအပ်ခဲ့တယ်။
အရင်က ကားတစ်ကားရိုက်ရင် သုံးစွဲရတဲ့ လူအင်အားက ၄၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ခုတော့ ၇၀ ရာခိုင်နှုန်းလောက် ကိုယ့်ဘက်က ဖြည့်ဆည်းနိုင် လာတော့ ကားတစ်ကားက အရင်ထက်စာရင် ပိုပြီး တောက်ပြောင်မှု ရှိလာမှာပေါ့။ ဥပမာ-ကားဟောင်းကို ပြန်ရိုက်ရင်တောင်မှ အရင်ထက် ပိုပြီး ဖြည့် ဆည်းပေးနိုင် လာတယ်။ တင်ပြပုံတင်ပြနည်းတွေကို ပိုပြီး ထိထိရောက်ရောက်ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီနှစ်ထဲမှာ အကုန်လုံး လိုလိုက နည်းပညာပိုင်းအရလည်း တိုးတက်လာတော့ အနုပညာ မှာတော့ အားရှိ စရာပါပဲ။ ပြည်ပက အနုပညာရှင်တွေက ဒီကိုနောက်ပိုင်းအရောက် အပေါက်များ လာတော့ နိုင်ငံတကာနဲ့ ယှဉ်ရင် မြန်မာ အနုပညာ ရှင်တွေမှာ ၀မ်းစာပြည့်ဖို့ ဘာတွေ ထပ်ဖြည့်ဆည်းဖို့လိုပါမလဲ။ ဇာတ်လမ်းဖွဲ့စည်းမှုပိုင်းနဲ့ ရိုက်ကူးမှုပိုင်းက အဓိကကျပါတယ်။ သရုပ်ဆောင်မှုပိုင်းနဲ့ အတွေ့အကြုံကတော့ ကျွန်တော်တို့ မြန်မာ သရုပ်ဆောင်တွေ ဟာ နေ့တိုင်းရှုတင် ရိုက်နေရတဲ့အတွက် ကျွန်တော်တို့က သာတယ်လို့ ပြောရမယ်။ ပြည်ပမှာတော့ ကားတစ်ကားရိုက်မယ်ဆိုရင် အရမ်းပြင်ဆင်ကြတယ်။ တစ်နှစ်ကိုမှ နှစ်ကားလောက် ရိုက်ကြတာ။ အပင်ပန်းခံနိုင်မှု၊ သရုပ်ဆောင်ဇာတ်ရုပ်ပိုင်းမှာဆို ကျွန်တော်တို့ကို မမီပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို မမီတာက နည်းပညာပိုင်းနဲ့ ရိုက်ကူးမှုပိုင်းမှာ ပြင်ဆင်မှုပါ။ ဒါတွေမှာ သူတို့က အရမ်းသာပါတယ်။ ဒါကြောင့် ကားတစ်ကားမှာ ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာ တိုင်ပင်ပြီး ဇာတ်လမ်းပုံစံနဲ့ ရိုက်ကူးမှုပုံစံတွေကို ပြောင်းနေပါပြီ။
မြန်မာ့ရုပ်ရှင်နေ့မှာ နှင်းဆီအဖွဲ့က ပရဟိတနဲ့အနုပညာ တွဲဖက်လုပ်လို့ ရုပ်ရှင်ဂုဏ်ပြုဆု ရရှိခဲ့တော့ ပရဟိတအလုပ်ကို ဆက်လုပ်ဖို့ ဒီဆုက တွန်းအား ဖြစ်စေပါသလား။ ပရဟိတအလုပ်ကို တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။ အဓိကက လိုအပ်လာမယ့်အချိန် လိုအပ်လာမယ့်နေရာဒေသမှာ ကျွန်တော်တို့က အမြဲတမ်းအဆင်သင့်ဖြစ်အောင် လုပ်ထားတယ်။ အလှူအထမြောက်ဖို့အတွက် ကိုယ့်ရဲ့ အနုပညာ စွမ်းအား၊ ကိုယ့်ရဲ့ချွေးနှဲစာနဲ့ လှူဒါန်းမှုဟာ ပိုပြီးမြင့်မြတ်တယ်လို့ ထင်တယ်လေ။ ဒါကြောင့် ကျွန်တော်တို့ လှူဒါန်းမှုတွေပြုတိုင်း ပရိသတ်ကို ဖျော်ဖြေရာရောက်အောင် လိုအပ်တဲ့ နေရာမှာ ဖြည့်ဆည်းပေးနိုင်မယ့် အလှူမျိုးကိုပဲ ရွေးချယ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ငလျင်ဒဏ်ခံဒေသတွေမှာ ဘယ်လိုလှူဒါန်းမှုတွေ ပြုလုပ်သွားဖို့ ရှိပါသလဲ။ အစည်းအရုံးကတော့ ဦးဆောင်ပြီး ငလျင်ဒေသကိုသွားခဲ့ကြပြီ။ ကျွန်တော်က ကားကြီးရိုက်လက်စ တန်းလန်းနဲ့မို့ အချိန်ပေးပြီး လိုက်သွားတာမျိုး မရှိလိုက်ဘူးပေါ့။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာ အနုပညာပိုင်းနဲ့ပတ်သက်ပြီး ပါဝင်လှုပ်ရှားဖို့ ရှိပါတယ်။ အစ်ကို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး မော်ဒယ်အမျိုးသမီးတစ်ယောက်ရဲ့အင်တာဗျူးဖြေကြားထားမှုတွေ အွန်လိုင်းမှာလည်း ပျံ့နှံ့နေခဲ့တော့။ ကျွန်တော့်မှာ ပြောပြနိုင်စရာ ထွေထွေထူးထူး မရှိပါဘူး။
ဒါနဲ့ ပတ်သက်ပြီး တောက်လျှောက် ကျွန်တော် ပြောခဲ့သလိုပါပဲ။ အချိန်က ဆုံးဖြတ်ပေးသွားမှာပါ။ အဲဒီသတင်း၊ အဲဒီခံစားမှုတွေ အားလုံး ကလည်း ပျောက်ကွယ် သလောက်ဖြစ်သွားပါပြီ။ ကျွန်တော် အစပြန်ပြီးဆွဲ မထုတ်ချင်တော့ဘူး။ ဒီသတင်းနဲ့ပတ်သက်တဲ့ အဆိုးအကောင်း၊ အကျိုး အကြောင်းကို အားလုံးကလည်း သုံးသပ်နိုင်မယ်လို့ ထင်ပါတယ်။ အားလုံးမြန်မြန်ဆန်ဆန်နဲ့ စိတ်အေးချမ်းမှုရပါစေလို့ ကျွန်တော် ဆုတောင်းပေးချင် ပါတယ်။ အစ်ကို့အမေ ဖြေထားတဲ့ အင်တာဗျူးတစ်ခုထဲက ကျွန်မသားက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ ဆိုတဲ့စကားအပေါ် တချို့ က ဝေဖန်ခဲ့ကြတယ်။ အစ်ကိုကိုယ်တိုင်ကရော ကိုယ့်ကိုယ်ကိုယ် နှင် ဆီခိုင်လို့ ခံယူထားပါသလား။ စကားလုံးရဲ့ လာရာလမ်းကြောင်းကိုက လိုရာဆွဲမေးတဲ့ အမေးကို အမေက အင်တာဗျူးဖြေတာနည်းတော့ နားလည်မှုလွဲသွားတာပါ။ ကျွန်တော်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်း မဟုတ်ပါဘူး။ ဒီစကားကလည်း ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပါဝင်တဲ့ Theme တစ်ခုပါပဲ။ အလန်းလွန် အလွန်လန်းထဲမှာ SKB စော်ကြည်ဘဲ ဇာတ်ကောင်စရိုက်ပါ။ ဒီဇာတ်ကောင်ပေါ်မှာ တင်စားပြီးပြောတဲ့စကားလုံးပါ။ ခုနကလို ကိစ္စတွေကြောင့် ပရိသတ်နဲ့ အစ်ကို့ကြားမှာ နားလည်မှု လွဲမှားသွားမှာကို စိုးရိမ်မိလား။ မဖြစ်ပါဘူး။ ကျွန်တော့် ပရိသတ်က ကျွန်တော့်ကို နားလည်မှု မလွဲဘူးလို့ ယုံတဲ့အတွက် စိတ်လည်းမပူပါဘူး။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။