နေမျိုးအောင်က နယ်ရှိုးတွေသွားဆို ဖြစ်နေပြီး၊ အခု လတ်တလောမှာတော့ ဒါရိုက်တာနေသူ ရိန်ရိုက်ကူးတဲ့ ‘မှန်ရဲ့နောက်မှာ’ဇာတ်ကားကို နန်းဆုရတီစိုးနဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။
ဒီဇာတ်ကားထဲမှာ နေမျိုး အောင်က စိတ္တဇလူသတ်သမားတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်နေပါတယ်။ နေမျိုးအောင်က ပရိသတ်ကို ဇာတ်လမ်းဇာတ်ကွက်ဆန်းလေးတွေ ရိုက်ပြချင်ပြီး နောက် ပိုင်းမှာလည်း ဆင်ဆာလျှော့လာတဲ့ အပေါ်မှာ မူတည်ပြီး လည်း ရိုက်ဖြစ်သွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အခုရိုက်နေတဲ့ ‘စိတ္တဇ လူသတ် ကားဆိုရင် နိုင်ငံခြားကားတွေမှာလည်း အများကြီးရှိ တယ်။ ကျွန် တော် ဖြစ်ချင်တာနဲ့ ဒါရိုက်တာဖြစ်ချင်တဲ့ အပေါ်မှာ ညှိနှိုင်းပြီးတော့ စိတ်လှုပ်ရှားစရာလေး ဖြစ် အောင် ရိုက်ဖြစ်တယ်။ ကျွန်တော်တို့ အခု ဆင်ဆာ တွေလည်းလျှော့သွားတဲ့အတွက် အရင် ကဆင်ဆာမရ ခဲ့တဲ့ဇာတ်လမ်း မျိုးတွေကို နောက်ပိုင်းမှာလည်း ရိုက်ကူးဖို့ရှိတယ်”လို့ ဆင်ဆာ လွတ်လပ်ခွင့်နဲ့အတူ ရိုက်ကူးဖို့စီစဉ်ထားတဲ့ ဇာတ်ကားတွေ အကြောင်းကို နေမျိုးအောင် က ပြောပြပါ တယ်။ နေမျိုးအောင်က ဇာတ်ကားမရိုက်ခင်မှာ လည်း ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်အတွက် အမြဲ စဉ်းစားပြီး ရိုက်ဖြစ်ကြောင်းကို.. “ကျွန်တော်ကဇာတ်လမ်းတစ်ခု ကို လက်ခံလိုက်ပြီ ဆိုရင် ဒီဇာတ်က ပရိသတ်အတွက် ဘာပေးချင်တာလဲ၊ ဘာကျွေးချင်တာလဲ၊ မက်ဆေ့ခ်ျဘာပေးမလဲ၊ ပေးမယ့် အရာကို ကျွန်တော်တို့က ဒါရိုက်တာနဲ့ ညှိနှိုင်းပြီး ပရိသတ်ရဲ့ ရင်ထဲရောက်အောင် အပီပြင်ဆုံး ရိုက်ပေး နိုင်ရင် ဇာတ်လမ်းတစ်ပုဒ်က သူတို့အတွက် ကျန်ခဲ့မယ် လို့လည်းထင်တယ်။ ကျွန်တော်က ကာရိုက်တာ လည်း အစုံရိုက် ဖြစ်တယ်။ ကိုယ်ရိုက်လိုက်တဲ့ကားတိုင်းမှာ တော့ ပရိသတ်အတွက်တစ်ခုမဟုတ်တစ်ခုရမယ်။ ပေးမယ့်ဟာ မျိုးပါကိုပါရမယ်ဆိုပြီး ရိုက်ဖြစ်တယ်။ ဒီအတို င်းကြီး ရိုက် လိုက်တဲ့ ကားကို ကြည့်ပြီး ပြီးရင်ပြီးရောဆိုပြီး ပရိသတ်တွေ အတွက် လည်း ကြည့်ပြီးဘာမှ မကျန်ခဲ့တဲ့ကားမျိုးဆိုရင် မရိုက်ချင်ဘူး”လို့ ပြောပါတယ်။
နေမျိုးအောင်က မကြာမီမှာကျင်းပ ပြုလုပ်တော့မှာဖြစ်တဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်ချင်ပေမယ့် နယ်မှာ သီချင်း သွားဆိုဖို့နဲ့ တိုက်နေတာဖြစ်တဲ့အတွက် ဒီနှစ် ရန်ကုန်မှာပြုလုပ်မယ့် အကယ်ဒမီပွဲကို တော့ မတက်ရောက်ဖြစ်တော့ဘူးလို့ပြောပါတယ်။ အကယ်ဒမီဆုက အနုပညာသမားတွေ အတွက်မှတ်တိုင်တစ်ခုဖြစ်တဲ့အတွက် လည်း အနုပညာမောင်နှမတွေထဲမှာ ဘယ်သူပဲ ဆု ရရဝမ်းသာပီတိဖြစ်မိမှာပါလို့ပြောပါတယ်။

လွင်လွင်ထွန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။