30 November 2012 |By Good Health
ရာသီဥတုအုံ့မှိုင်းပြီး နေမသာတဲ့ နေ့ရက်တွေမှာ စိတ်ဓာတ်ကျ သလိုလို၊ ထိုင်းမှိုင်းနေသလိုလို၊
ပျင်းရိငြီးငွေ့သလို လို ခံစားနေရပါသလား။ အဲဒီလို နေ့ရက်တွေမှာ စိတ်ကျဝေဒနာ သက်သာစေဖို့ အောက်ပါနည်းလမ်း တွေကို လိုက်နာသင့်ပါတယ်။
သကြားစားသုံးမှုကို ထိန်းချုပ်ပါ
သကြားကို စားပြီးခါစမှာ စိတ်ပျော်ရွှင်မှု အနည်းငယ် ရရှိပေမယ့် သကြား များများ စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင် တာတွေကို ပြောင်းလဲ ထိခိုက်စေကြောင်း တချို့လေ့လာ မှုတွေက ဆိုပါတယ်။ အထူးသဖြင့် သင်က စိတ်ဓာတ်ကျနေချိန်မှာ သကြားများများစား ရင် ပိုမို စိတ်ဓာတ် ကျစေနိုင်ပါတယ်။ ဗီတာမင် B12 ကို အလေးထားပါ ဖောလစ်အက်စစ်လိုပဲ သွေးထဲမှာ ဗီတာမင် B12 နည်းပါး တာဟာ စိတ်ဓာတ် ကျစေနိုင်ပါတယ်။ ဗီတာမင် B12 ပါဝင် မှု မြင့်မားတဲ့ အစားအသောက်တွေက အဆီနည်း အမဲသား၊ ကမာကောင်၊ ကဏန်း၊ ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုး၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့နဲ့ ကွေကာတို့ ဖြစ်ကြပါ တယ်။
ဘယ်ရီသီးများကို စားပါ
စိတ်ဖိစီးမှုရှိတာက စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ကို ပင်ပန်းစေပါတယ။် ဒါကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ ဘယ်ရီသီးတွေကို ဆောင်ထားသင့် ပါတယ်။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ရပ်စ်ဘယ်ရီသီး စတဲ့ ဘယ်ရီသီးအမျိုးအစားတွေက အဒရီနယ်ဂလင်းကနေ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်း ထုတ်လုပ်မှုကို တားဆီးပေးနိုင်လို့ပါ။ စိတ်ဖိစီးမှုများနေတဲ့ အခြေအနေတွေမှာ ကော်တီစောဟာ ဦးနှောက်အစိတ်အပိုင်းဖြစ်တဲ့ ဟစ်ပိုကမ်းပက်စ်ကို ထိခိုက်စေပြီး မှတ်ဥာဏ်ကို လျော့ ကျစေပါတယ်။
အဆီနည်းသော ပရိုတင်းကို မှီဝဲပါ
အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု မြင့်မားတဲ့ ဆယ်လ်မွန်ငါးဟာ အဆီနည်းတဲ့ ပရိုတင်းဓာတ်လည်း များစွာပါဝင် တာကြောင့် မလန်းဆန်းတဲ့ နေ့ရက်တွေမှာ စားပေးသင့်ပါတယ။် အဆနီ ည်းတဲ့ပရိုတင်းမှာ အမိုင်နိုအက်စစ် တိုင်ရိုစင်း ပါဝင်မှု မြင့်မားတာကြောင့် ဦးနှောက်ထဲက ဒိုပါမင်းနဲ့ နော်အက်ပီနက်ဖရင်းတို့လို ဓာတ်တွေ ထွက်ရှိ လာစေဖို့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီဓာတ်တွေက စိတ်ခံစားချက်ကို ကောင်းမွန်စေသလို စွမ်းအင်အရင်းအမြစ် ကောင်းကောင်း ပါဝင်တဲ့အတွက် နုံးချည့်ညောင်းညာမှု ကိုလည်း တွန်းလှန်ပေးနိုင် ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။