Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 30, 2012

ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့် အချို့တွင် ကင်ဆာ နှင့် မျိုးရိုးဗီဇကို ထိခိုက်စေ နိုင်သည့် ဆိုးဆေး များတွေ့

30 November 2012 |By 7Day News
မြန်မာ တစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဈေးကွက်များ အတွင်း ကင်ဆာဖြစ်စေပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတု ဆိုးဆေးများ အသုံးပြု ထားသည့် ငရုတ် သီးမှုန့်များနှင့် နနွင်းမှုန့်များ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး ရှိ ဈေးကွက် များ အတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအား ကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်မျိုးတို့တွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“ထုတ်လုပ်သူတွေဆီ အကြောင်းကြားထားတယ်။ ဥပဒေနဲ့ အညီ အရေးယူသွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သက်ဆိုင်ရာ ကြီးကြပ်စစ်ဆေးသည့် အဖွဲ့အစည်းကလည်း မကြာခဏ စားသုံးရန် မသင့်သည့် အစားအသောက်ဆေးဝါးများအား ထုတ်ပြန်ကြေညာလေ့ရှိသော်လည်း ဈေးကွက်အတွင်း စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသည့် အရာများ လျော့နည်းပပျောက်မှုမရှိဘဲ တဖြည်းဖြည်း ပိုမိုများပြားလာကြောင်း မှတ်ချက်ပြုပြောကြားသူများလည်းရှိသည်။ “ဥပဒေအရ အရေးယူတာ တွေရှိခဲ့တယ်။ ဒါပေမဲ့ ပေါ့ပေါ့ပျက်ပျက်ပဲ အရေးယူခဲ့တာဖြစ်တဲ့အတွက် လျော့နည်းသွားတယ်ဆိုတာမျိုးမရှိဘဲ ဘာမှလုပ်မှာမဟုတ်ပါဘူးဆိုပြီး တဖြည်းဖြည်း ကမ်းတက်လာကြတော့ ဥပဒေက အကျိုးသက်ရောက်မှု မရှိဘူးဖြစ်နေတယ်” ဟု တရားရုံးချုပ်ရှေ့နေ ဦးအောင်သန်းစိုးကပြောသည်။
အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)သည် ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ် ကျပ်သုံးသောင်း (သို့မဟုတ်) ထောင်ဒဏ် နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဦးအောင်သန်းစိုးကပြောသည်။ စစ်ဆေးသည့် ငရုတ်သီးမှုန့် နမူနာ ငါးရာကျော်တွင် ၁၇၅ မျိုးမှာ စားသုံးသူအား ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရပြီး နနွင်းမှုန့်နမူနာ ၄၃၀ ကို စစ်ဆေးရာ ၃၉ မျိုးတွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း FDA ကထုတ်ပြန်ကြေညာထားသည်။ ထိုငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များတွင် အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းနှင့် ရေရှည် စားသုံးပါက ကင်ဆာရောဂါများ ဖြစ်လာစေသည့် အနီရောင်ဆိုးဆေး Rhodamine B အမျိုးအစား ဓာတုပစ္စည်းနှင့် ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည့် Auramine-O တို့ ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“လူ့အသက်အန္တရာယ်တွေနဲ့ သက်ဆိုင်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူလို့ရတယ်။ လူတွေကို အစားအသောက်နဲ့ ပတ်သက်ပြီး အန္တရာယ်မဖြစ်အောင် ချမှတ်ထားတာဖြစ်တဲ့အတွက် ထိထိရောက်ရောက်တော့ လုပ်သင့်တယ်” ဟု တရားရုံးချုပ်ရှေ့နေက ဆက်လက်ပြောသည်။ အရောင်စိုပြည်မှုကို သဘောကျနှစ်သက်သည့် စားသုံးသူများကြောင့် အစားအသောက်များတွင် ဆိုးဆေးများ အသုံးပြုမှု များပြားနေသည့်အကြောင်းအရာ တစ်ခုလည်းဖြစ်ကြောင်း ရန်ကုန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “စားသုံးသူဘက်ကလည်း အန္တရာယ်ဖြစ်စေတဲ့ အရောင်တွေပါဝင်နေတယ်ဆိုတာကို လက်ခံပြီးရှောင်မှ ဒီဆိုးဆေးပြဿနာက ဖြေရှင်းလို့ရမယ်လို့ ထင်တယ်။ မဟုတ်လို့ စားတဲ့သူတွေက အရောင်လည်းမပါလို့ မကြိုက်လို့ မ၀ယ်ဘူးဆိုနေသမျှတော့ ဒီပြဿနာက သံသရာလည်နေဦးမှာပဲ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။ ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း တွေ့ရှိထားသည့် အမှတ်တံဆိပ်များမှာ ၀င်းမိုး ငရုတ်သီးမှုန့်၊ မော်လမြိုင် ငရုတ်သီးမှုန့်၊ ရွှေမန်းဝန် ငရုတ်သီးမှုန့်၊ အိအိချို ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ စံပယ်ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ နှင်းပုလဲ ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ ဘုရင် ငရုတ်သီးမှုန့်၊ ညိုညို ငရုတ်သီးမှုန့် (အနုမှုန့်)၊ အောင်ကြည်သိန်း ငရုတ်သီးမှုန့်၊ နိုင်း ငရုတ်သီးမှုန့် (အနုမှုန့်)၊ ရွှေမြင့်မိုရ် ငရုတ်သီးမှုန့် (အနုမှုန့်)၊ ဓူဝံငရုတ်သီးမှုန့်(အရောင်တင်မှုန့်)၊ ဖိုးဝ ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ ရွှေဝတီငရုတ်သီးမှုန့်(အရောင်တင်မှုန့်)၊ ညွန့်သဘာဝ ငရုတ်သီးမှုန့် (အလှော်မှုန့်)၊ ရဲသီဟငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ သွယ်သွယ်အေးငရုတ်သီးမှုန့် (အရောင်တင်မှုန့်)၊ မြန်မာရနံ့ ငရုတ်သီးမှုန့်(အကြမ်းမှုန့်)၊ စွဲကြိုက် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)၊ မွှေးမွှေးလေး နနွင်းမှုန့်၊ ရွှေမိနနွင်းမှုန့်နှင့် ဖိုးဝနနွင်းမှုန့်တို့ဖြစ်ပြီး ထိုထဲတွင် ဈေးကွက်အတွင်း နာမည်ရနေသည့် အမှတ်တံဆိပ်များလည်း ပါဝင်သည်။ “အစကတည်းက သဘာဝအတိုင်းလုပ်ခဲ့တာ။ တစ်ခါမှလည်းအဲဒီလိုမဖြစ်ဖူးပေမယ့် အခုဘာကြောင့် ဒီစာရင်းထဲမှာ ပါသွားလဲဆိုတာ မသိပါဘူး” ဟု ဖိုးဝငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မှတ်ပုံတင်ထားခြင်း မရှိသည့် အစားအသောက်များ ဆေးဝါးများ၊ အန္တရာယ်ဖြစ်စေသဖြင့် တားမြစ်ထားသည့် ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ ဆေးဝါးများ၊ စံချိန်မမီဆေးဝါးများ၊ နယ်စပ်မှ တရားမ၀င်ဝင်ရောက်လာသည့် ကျန်းမာရေးအား ဆိုးကျိုးဖြစ်စေနိုင်သည့် အစားအစာများ၊ စားသုံးဆီများ၊ အနောက်တိုင်း အကိုက်အခဲပျောက်ဆေးများပါ ရောကြိတ်ပြီး ထုတ်လုပ်ထားသည့် မြန်မာတိုင်းရင်းဆေးများ၊ သန့်ရှင်းမှုမရှိသည့် ရေသန့်များစသည့် လူအများနေ့စဉ် မဖြစ်မနေ ပတ်သက်နေရသည့် အစားအစာများတွင် အန္တရာယ်ဖြစ်နေသည့် အရာများအား နိုင်ငံပိုင် သတင်းစာများမှ မကြာခဏ ထုတ်ပြန်ကြေညာလေ့ရှိသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။