လက်တဆုပ်စာ လူတစု ကျေးဇူးရှင်ဆိုသူများ၏ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အဝေးမှ မြင်ကွင်းတခု..
ကိုယ့်မြေ ကိုယ့်ရေမှ သံယံဇာတများအားလည်း ဝကွက်အပ်ခဲ့ရသည်..။...

ကျေးဇူးရှင်အဖြစ်လည်း သူကောင်းပြု အခေါ်ခံရသည်။
အာဏာတခုတည်းအတွက် ခင်ဗျားတို့ဘာသာ ကျေးဇူးရှင်လို့ မြင်ချင်မြင်ပါ..
ပြည်သူတွေကိုပါ ဆွဲထည့်ပြီး အုတ်ရောရော ကျောက်ရောရော ရောမချပါနဲ့..။
ကျေးဇူးရှင်ဆိုလျှင် ကျေးဇူးရှင် ဖြစ်ထိုက်မဖြစ်ထိုက် စံနှုန်းတခု တန်ဘိုးတခု မှတ်ကျော်ကတခု ပြနိုင်ရမည်..။ ဆယ်စုနှစ် ၂စုကျော် ကျေးဇူးရှင်များ၏ ကျေးဇူးကြောင့် အရှေ့တောင် အာရှနိုင်ငံများနဲ့ ယှဉ်လျှင်တောင် တဦးချင်း ဝင်ငွေအနိမ့်ဆုံး နိုင်ငံအဖြစ်ရောက်ခဲ့ရသည်..။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။