Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 29, 2012

အီ ဂို - လူ သား ဖြ စ် မှု ရဲ့ လ က် ရှိ အေ ခြ အေ န # 2

By Aung Yin Nyein on Tuesday, November 27, 2012 at 9:32am


Ego- The Current State of Humanity
By ECKHART TOLLE ကို
ဆီလျော်အောင် ပြန်ဆိုပါတယ်။
(ေ အာ င် ရ င်ငြိ မ်း )

# အီဂိုရဲ့ အကြောင်းအရာ နဲ့ ဖွဲ့စည်း တည်ဆောက်ပုံ ( Content & Structure of the Ego )

အီဂို အတ္တစိတ်အပေါ် အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက သြဇာ သက် ရောက်မှု ရှိပြီး အီဂိုစိတ်ဟာ အတိတ်အဖြစ်အပျက်တွေရဲ့ ပြဌာန်းခံ ဖြစ်ပါတယ်။ အဲဒီ သြဇာသက်ရောက်မှု မှာ အကြောင်းအရာနဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုပြီး အလွှာနှစ်လွှာ ပါဝင်ပါတယ်။


အရုပ်ကလေး ပျောက်ဆုံးသွားလို့ ကလေးငယ် ၀မ်းပန်းတနည်း ငိုကြွေးရတာမျိုး ဖြစ်မယ်ဆိုရင် အဲဒီ ဖြစ်ရပ်မှာ အရုပ်ဟာ အကြောင်းအရာကို ကိုယ်စားပြုပါတယ်။ အဲဒါဟာ တခြား အရုပ် ဒါမှမဟုတ် အရာဝတ္ထု ဘယ်လို အကြောင်းအရာမျိုးနဲ့မဆို နေရာအလဲအလှယ် ဖြစ်နိုင်ပါတယ်။ ခင်ဗျား ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုထားတဲ့ အကြောင်းအရာကို ခင်ဗျားရဲ့ ပတ်ဝန်းကျင်၊ ငယ်စဉ်ကလေးဘ၀ ပညာရေးနဲ့ လူမှုဆက်ဆံရေး၊ လူမှုဝန်းကျင် အသိုင်းအ၀ိုင်း ယဉ်ကျေးမှုတွေက သြဇာ သက်ရောက်မှု ရှိပါတယ်။

ကလေးငယ်ဟာ ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ ၊ အရုပ်က တိရစ္ဆာန်ပုံ သစ်သားရုပ်ကလေးပဲ ဖြစ်ဖြစ်၊ ရှုပ်ထွေးပြီး နားလည်ရ ခက်ခဲတဲ့ အီလက်ထရောနစ် စက်ပစ္စည်းကလေးပဲ ဖြစ်ဖြစ် အဲဒါ ပျောက်ဆုံးသွားလို့ စိုးရိမ်ူပန်ရတဲ့ ၀မ်းနည်းမှု ပမာဏနဲ့ အဆင့်အတန်းက ကွဲပြားခြားနားမှု မရှိပါဘူး။

ဘာကြောင့် အဲဒီလို ထိခိုက်နာကျင်လွယ်တဲ့ ၀မ်းနည်းမှု ဖြစ်ရတယ် ဆိုတဲ့ အကြောင်းရင်းဟာ " ငါ့ရဲ့ " ဆိုတဲ့ စကားလုံးထဲမှာ လျှို့ဝှက်ပုန်းကွယ်နေပါတယ်။ အဲဒါဟာ အီဂိုအတ္တစိတ်ရဲ့ ဖွဲစည်းတည်ဆောက်မှုနဲ့ ဆိုင်တဲ့ အလွှာ ဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုနဲ့ တစ်ထပ်တည်း တစ်သားတည်း ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှု တိုးတက်ဖွံ့ဖြိုးဖို့ အတွက် အီဂိုအတ္တစိတ်ရဲ့ ဖွဲ့စည်းမှုထဲမှာ ပြင်းထန်တဲ့ မသိစိတ် လိုအင်ဆန္ဒတွေ ပါဝင်တည်ဆောက်ထားပါတယ်။

အီဂို အတ္တစိတ် ဖြစ်လာတဲ့ အခြေခံအကျဆုံး ဖွဲစည်းတည်ဆောက်မှုတွေထဲက တစ်ခုကတော့ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှု ( Identification ) ပဲ ဖြစ်ပါတယ်။

Identification ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ " ထပ်တူထပ်မျှ " လို့ အဓိပ္ပာယ်ရတဲ့ " Idem " နဲ့ " ပြုလုပ်သည် " လို့ အဓိပ္ပာယ်ရတဲ့ " Facere " ဆိုတဲ့ လက်တင် စကားလုံးတွေဆီက ဆင်းသက်လာတာ ဖြစ်ပါတယ်။

အဲဒါကြောင့် တစ်စုံတစ်ရာကို ကျွန်တော်က ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြု ( identify with sth )တယ် ဆိုတာ ကျွန်တော်က " အဲဒါကို ကိုယ်နဲ့ တစ်ထပ်တည်း တစ်သားတည်း ဖြစ်အောင် ပြုလုပ် " လိုက်တာပါပဲ။ ဘယ်အရာနဲ့ ထပ်တူ ထပ်မျှလဲ ဆိုတော့ " ငါ " ဆိုတဲ့ အီဂို အတ္တစိတ်နဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်။ ( ဆိုလိုတာက မမ်မိုရီစတစ်ခ် တစ်ခုကို သူ့ ဘာသာသူ တည်ရှိနေတဲ့ အရာဝတ္ထုတစ်ခုလို့ သီးခြားခွဲ မမြင်ဘဲ ငါ ပိုင်ဆိုင်တဲ့အရာ၊ ငါနဲ့ တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေတဲ့ အရာလို့ အာရုံထင်မြင်မှတ်သားလိုက်တာမျိုး ဖြစ်ပါတယ်။) " ငါ " က အတ္တသိစိတ်နဲ့ တစ်ထပ်တည်း ဖြစ်အောင် ကူညီပံ့ပိုးပေးလိုက်တာကြောင့် အဲဒါဟာ ငါ့ " ကိုယ်ပိုင် သရုပ်အမှတ်အသား "ဖြစ်လာပါတယ်။

ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှုရဲ့ အခြေခံအကျဆုံး အဆင့်တွေထဲက တစ်ခုက အရာဝတ္ထုတွေကို ကိုယ်ပိုင် ထပ်တူ ပြုတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ငါ့ အရုပ် ဆိုတဲ့ ကိုယ်ပိုင်ထပ်တူပြုမှုဟာ ငါ့ကား၊ ငါ့အိမ်၊ ငါ့ အ၀တ်အစား၊ ငါ့ ရည်းစား၊ ငါ့ လူမှုအဆင့်အတန်း၊ ငါ့ ဥာဏ်ပညာ အစရှိသဖြင့် ဆက်လက်ကျာ်ပြန့်လာပါတယ်။ ကျွန်တော်တို့ဟာ ရုပ်ဝတ္ထု ပစ္စည်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အဲဒါကို သဲလွန်စမျှ ရှာမတွေ့နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားရတဲ့ အဖြစ်ဆီပဲ ဆိုက်ရောက်သွားပါတယ်။

ဒါဟာ အီဂို အတ္တစိတ်ရဲ့ မှော်ဆန်တဲ့ မာယာတစ်မျိုးပဲ ဖြစ်ပါတယ်။



# ရုပ်ဝတ္ထု ပစ္စည်းတွေကို ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုခြင်း ( Identification With The Things )


လူတွေ အမှန်တကယ် မလိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းရဖို့ဆိုရင် သူတို့ကိုယ်တိုင်နဲ့ တခြားလူတွေရဲံ အမြင်မှာ အဲဒီ ပစ္စည်းတွေက အပြုသဘောဆောင်တဲ့ တစ်စုံတစ်ရာ ပံ့ပိုးဖြည့်စွက်ပေးနိုင်တယ်လို့ လူတွေ စိတ်ချယုံကြည်လာအောင် လုပ်ရမယ် ဆိုတာ ကြော်ငြာလောကထဲက လူတွေ ကောင်းကောင်း နားလည်ကြပါတယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင် လူတွေရဲ့ အတ္တစိတ်ကို တစ်ခုခု ထပ်ဖြည့်ပေးလိုက်တဲ့ သဘောပေါ့။

ဥပမာ- အဲဒီ ကြော်ငြာကုန်ပစ္စည်းတွေကို သုံးစွဲခြင်းအားဖြင့် ခင်ဗျားဟာ လူတွေကြားထဲမှာ အများနဲ့မတူ ထူးခြားပေါ်လွင်နေလိမ့်မယ်၊ သူတို့ပေးတဲ့ အကြံဥာဏ်ကို လိုက်နာခြင်းအားဖြင့် ခင်ဗျားကိုယ် ခင်ဗျား ပိုပြီး ပြည့်စုံသွားစေလိမ့်မယ်၊ အဲဒီလို ပြောပြီး သူတို့ ဆွဲဆောင် စည်းရုံးကြလေ့ ရှိတယ်။ အဲဒီလိုမှ မဟုတ်ရင်လည်း သူတို့ရဲ့ ကြော်ညာကုန်ပစ္စည်းနဲ့ အောင်မြင်ကျော်ကြားသူတွေ၊ တက်ကြွပျိုမြစ်တဲ့ လူငယ်တွေနဲ့ ကြည့်ပျော် ရှုပျော်ရှိတဲ့ လူတွေကြားက အဆက်အစပ်ကို ခင်ဗျား စိတ်ထဲ ၀င်သွားအောင်၊ စိတ်အာရုံ တိမ်းညွတ်သွားအောင် ဖန်တီးယူကြလိမ့်မယ်။

သူတို့ ကြော်ငြာကောင်းရင် ကောင်းသလို အသက်အရွယ်အိုမင်းနေတဲ့ (ဒါမှမဟုတ်) ကွယ်လွန်သွားတာ မကြာသေးတဲ့ အောင်မြင်ကျော်ကြားသူတွေရဲ့ ပုံရိပ်တွေကတောင်မှ သူတို့ရဲ့ ဆွဲဆောင် ဖြားယောင်းတဲ့ ရည်ရွယ်ချက် အောင်မြင်စေအောင် ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။ အဲဒီ ကုန်ပစ္စည်းကို ၀ယ်ယူသုံးစွဲမယ်ဆိုရင် သူ့ရဲ့ မှော်ဆန်တဲ့ အကျိုးကျေးဇူးကြောင့် ခင်ဗျားဟာ အောင်မြင်ကျော်ကြားသူတွေနဲ့ တူလာမယ်၊ အနည်းဆုံးတော့ သူတို့ရဲ့ အပေါ်ယံ အသွင်အပြင်နဲ့ အတန်အသင့် တူလာလိမ့်မယ်လို့ ခင်ဗျား စိတ်ထဲမှာ ထင်မြင်ယုံကြည်သွားတတ်ပါတယ်။ အဲဒီလို ကိစ္စ အတော်များများမှာ ကုန်ပစ္စည်းကို မ၀ယ်ဖြစ်ဘူး ဆိုရင်တောင် ကြော်ငြာသမားတွေ ပြောတဲ့ ဒိုင်ယာလော့ဂ်တွေကို စိတ်ထဲမှာ စွဲပြီး ခင်ဗျားဟာ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှု ဖွံ့ဖြိုးသူ ( Identity Enhancer ) တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ ကုန်ပစ္စည်း ကြော်ငြာ အမှတ်တံဆိပ်တွေဟာ ခင်ဗျား အသိမှတ်မဲ့ လက်ခံယုံကြည်မိသွားတဲ့ ပေါင်းစု ကိုယ်ပိုင်ထပ်တူ အမှတ်အသား( Collective Identities ) တွေပဲ ဖြစ်ပါတယ်။

အဲဒီ ကုန်ပစ္စည်းတွေဟာ ဈေးနှုန်းကြီးမြင့်တာကြောင့် အရေအတွက် ကန့်သတ်ထုတ်လုပ်တဲ့ ကန့်သတ်ကုန်ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ လူတိုင်းကသာ ၀ယ်နိုင်မယ် ဆိုရင် သူတို့အပေါ် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေ လျော့ကျသွားပြီး ခင်ဗျားပေးလိုက်တဲ့ တန်ရာတန်ကြေးက သူတို့ရဲ့ ရုပ်ပိုင်းတန်ဖိုးတွေပဲ ဖြစ်နေပါလိမ့်မယ်။ အဲဒါက ခင်ဗျားပေးချေခဲ့တဲ့ ငွေကြေးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း ပမာဏလောက်ပဲ ဖြစ်နိုင်ပါတယ်။


# ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြု ရုပ်ဝတ္ထု အမျိုးအစားများ


လူတွေ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြု ( Identify with sth ) လိုက်တဲ့ ရုပ်ဝတ္ထု အမျိုးအစားတွေကတော့ အသက်အရွယ်၊ လိင်၊ ၀င်ငွေ၊ လူမှုအဆင့်အတန်း၊ လူမှုဝန်းကျင် ယဉ်ကျေးမှု စတာတွေ အပေါ် မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် အမျိုးမျိုး ကွဲပြား ခြားနားနေနိုင်ပါတယ်။

ဥပမာ- လူတချို့က ငါ့ဖုန်း၊ ငါ့ကား၊ ငါ့ တိုက်ခန်း လို့ အရူးအမူး တန်ဖိုးထား စွဲလမ်းလေ့ ရှိကြပြီး တချို့ကတော့ ငါ့ ဖက်ရှင်၊ ငါ့ဆံပင်ပုံစံ၊ ငါ့ စာအုပ်စာတမ်း လို့ ကိုယ်ပိုင် ထပ်တူပြု စွဲလမ်းကြလေ့ ရှိပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေအပေါ် တ်ဖိုးထား စွဲလမ်းတာမျိုး အပြင် တချို့လူတွေကတော့ ငါ့ ဘုရားသခင်၊ ငါ့အနုပညာ၊ ငါ့ ကိုယ်ကျင့်သီလဆိုပြီး စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေအပေါ် ကိုယ်ပိုင် ထပ်တူ အမှတ်အသား ပြုတတ်တာမျိုးလည်း ရှိပါတယ်။

ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဘာပဲ ဖြစ်ဖြစ် ခင်ဗျား ကိုယ်ပိုင် ထပ်တူပြုလိုက်တဲ့ အရာအားလုံးဟာ အီဂိုရဲ့ အကြောင်းအရာပိုင်းနဲ့ ဆက်စပ်နေပြီး ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုတဲ့ မသိစိတ်လှုံ့ဆော်မှုနဲ့ ပြင်းထန်တဲ့ လိုအင်ဆန္ဒတွေက အီဂိုရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဆိုင်တဲ့ အပိုင်း ဖြစ်ပါတယ်။

ဒါဟာ အီဂို အတ္တစိတ် ယန္တရား လည်ပတ်တဲ့ အခြေခံအကျဆုံး နည်းလမ်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စားသုံးသူ လူ့အဖွဲ့အစည်း ဆိုတဲ့ ကျွန်တော်တို့ လူသားတွေ အခက်အခဲတွေနဲ့ စခန်းဆက်သွားနေရတဲ့ ၀ိရောဓိ ဖြစ်စရာ တစ်ခုကတော့ ရုပ်ဝတ္ထု ပစ္စည်းတွေဆီမှာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့ ကြိုးစားနေခြင်းဟာ အလုပ်မဖြစ်ဘူး ဆိုတဲ့ အချက်ပါပဲ။ ရုပ်ဝတ္ထုတွေနဲ့ ပတ်သက်တဲ့ အတ္တစိတ်ကျေနပ်မှုဟာ အချိန်ခဏတာပဲ ခံပါတယ်။ ဒါကြောင့် ခင်ဗျား ရုပ်ဝတ္ထုတွေကို တစ်ခုပြီး တစ်ခု ဆက် ၀ယ်ယူ/ သုံးစွဲနေရမယ်။ သူတို့ဆီမှာ ခင်ဗျားကိုယ် ခင်ဗျား ထပ်တလဲလဲ ဆက် ရှာဖွေဗနရမယ်။

ဒါဟာ ခေတ်သစ်လူသားတစ်ယောက် အနေနဲ့ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တဲ့ ရုပ်ဝတ္ထုတွေရဲ့ ကျေးကျွန် ဖြစ်ရခြင်းပါပဲ

သေချာတာက အပေါ်ယံ အရေပြား ဆန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အမြင်အရ ဒီ ရုပ်ဝတ္ထု ပစ္စည်းတွေဟာ ကျွန်တော်တို့ ဘ၀ရဲ့ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပြီး ရှောင်လွှဲလို့ မရနိုင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ဟာ အိမ်ရာတိုက်ခန်းတွေ၊ အ၀တ်အစား အသုံးအဆောင်တွေ၊ ပရိဘောဂ တန်ဆာပလာတွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး စနစ်တွေကို လိုအပ်ကြတယ်။ သူတို့ရဲ့ ရေရှည်ခိုင်မြဲတဲ့ အရည်အသွေးနဲ့ အလှအပတွေကြောင့် ကျွန်တော်တို့ ဘ၀မှာ တန်ဖိုးထားရတဲ့ အရာဝတ္ထုပစ္စည်းတွေ ရှိနေနိုင်ပါတယ်။ အပြုသဘောနဲ့တွေးရင် လူသားတွေရဲ့ ဘ၀မှာ ရုပ်ဝတ္ထုပစ္စည်းတွေ တည်ရှိနေတာကို အရေးမကြီး တန်ဖိုးမထား မနှစ်မြို့တာမျိုး မဖြစ်စေဘဲ ဂုဏ်ယူ ကျေနပ်တတ်ဖို့ လိုအပ်ပါတယ်။


# ရုပ်ဝတ္ထု ပစ္စည်းတွေကို ဘုရားသခင်လို မကိုးကွယ် မိစေဖို့


ဒါပေမဲ့ ရုပ်ဝတ္ထုတွေကို အစွန်းရောက် ကိုးကွယ်မိတဲ့ အဖြစ်မျိုး ရောက်မသွားရအောင် စဉ်းစားဆင်ခြင်စရာတချို့တော့ ရှိနေပါတယ်။

ရုပ်ဝတ္ထုတွေကို လူ့ဘ၀အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေလို့ပဲ သဘောမထားဘဲ အီဂို အတ္တစိတ် ကြီးမားဖွံ့ဖြိုးစေတဲ့ နည်းလမ်းအဖြစ် အသုံးပြုမယ်ဆိုရင်၊ သူတို့ဆီမှာ လူသားရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို ရှာဖွေမယ်ဆိုရင်တော့ သူတို့ကို အမှန်တကယ် ဂုဏ်ယူတန်ဖိုးထားရာ ကျမှာ မဟုတ်ပါဘူး။

ရုပ်ဝတ္ထုတွေအပေါ် ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုခြင်းဟာ သူတို့အပေါ် တပ်မက်တွယ်တာမှုနဲ့ စွဲလမ်းမှုကို ဖန်တီးပေးပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်ပိုင်ဆိုင်နိုင်ဖို့ အပြင်းအထန် မရပ်မနား ရုန်းကန်ကြိုးစားခြင်းဟာ လူတစ်ယောက်အနေနဲ့ ပုံမှန်လုပ်ဆောင်ချက် မဟုတ်ဘဲ နူးညံ့သိမ်မွေ့တဲ့ စိတ်ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဲဒါဟာ ရုပ်ဝတ္ထုပစ္စည်းတွေနဲပ ပတ်သက်ပြီး စိတ်ကင်ဆာ ဖြစ်နေတဲ့ သရုပ်လက္ခဏာပါပဲ။

အဲဒီလို လူမျိုးတွေရဲ့ တစ်ခုတည်းသော ပန်းတိုင်က သူတို့ဘ၀မှာ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်များပြားလာဖို့နဲ့ သူတို့ရဲ့ အီဂို ထပ်တူအမှတ်အသားပြုမှု တိုးပွားလာစေဖို့ပဲ ဖြစ်ပါတယ်။ ကဗျာဆန်ဆန်ပြောရရင် လူများစုဘ၀တွေရဲ့ အစိတ်အပိုင်း အတော်များများကို ရုပ်ဝတ္ထုတွေအပေါ် အလွန်အကျူးတန်ဖိုးထား စွဲလမ်းမှုက စားသုံးပစ်လိုက်တယ်။ ကျွန်တော်တို့ ခေတ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေထဲက တစ်ခုကတော့ တပ်မက်စွဲလမ်းစရာ ရုပ်ဝတ္ထုပစ္စည်းတွေ ဖောခြင်း သောခြင်း တစ်ဟုန်ထိုး များပြားလာခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်မှာ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ ခေတ်ပေါ် ဖက်ရှင်ဒီဇိုင်းတွေ၊ အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ၊ အလှအပနဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဇိမ်ခံ အသုံးအဆောင်ပစ္စည်းတွေဟာ လူသားတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဆွဲဆောင် ဖြားယောင်းနေကြတယ်။

အသက်ရှင် ဖြစ်တည်နေရတဲ့ လူ့ဘ၀ကို သိပ် အာရုံမလာတော့တဲ့အခါ ခင်ဗျားဘ၀ကို ရုပ်ဝတ္ထုပစ္စည်းအသစ်တွေနဲ့ အပြည့်ဖြည့်ဆည်းဖို့ ကြိုးစားလာနိုင်ပါတယ်။

ရုပ်ဝတ္ထုပစ္စည်းတွေကို အသုံးချပစ္စည်းတစ်ခုလို့ပဲ မြင်ဖို့၊ သူတို့ရဲ့ ကျေးကျွန်အဖြစ်ကို ရောက်မသွားစေဖို့ ခင်ဗျားကို ကျွန်တော် အကြံပေးချင်တာ တစ်ခု ရှိပါတယ်။

ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ခင်ဗျားရဲ့ကြားက အဆက်အစပ်ကို ကိုယ့်ဘာသာကိုယ် ဆန်းစစ်လေ့လာပြီး စိတ်လေ့ကျင့်ခန်းတစ်ခုအနေနဲ့ စူးစမ်းဆင်ခြင်မှု လုပ်ကြည့်ဖို့ အကြံပေးချင်တာပါ။ အထူးသဖြင့် " ငါ့ရဲ့ " ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အရာဝတ္ထုတွေကိုပေါ့။

ခင်ဗျား အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လေ့လာရာမှာ ရိုးဖြောင့်မှု ရှိဖို့နဲ့ သတိရှိဖို့တော့ လိုအပ်ပါတယ်။

ဥပမာ- ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ရှိတယ်လို့ ထင်တဲ့ အသိအမြင်ဟာ ခင်ဗျား ပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိနေသလား၊ ရှိမနေဘူးလား။ ခင်ဗျားကိုယ် ခင်ဗျား အရေးပါ အရာရောက်တယ်၊ တခြားလူတွေထက် သာလွန်မြင့်မြတ်တယ်ဆိုတဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ခံစားမှုကို ရုပ်ဝတ္ထုတွေက ဖြစ်စေတယ်ဆိုတာ သေချာသလား။ တခြားလူတွေရဲ့ အမြင်မှာ ခင်ဗျားဟာ တန်ဖိုး ရှိတယ်ဆိုတဲ့ အသိမျိုး ပိုဖြစ်လာစေဖို့ ခင်ဗျား ပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကို မသိမသာ ကြွားဝါ ဖော်ပြတာမျိုး အမှတ်မထင် လုပ်မိတတ်လေ့ ရှိသလား။

တခြားလူတစ်ယောက်ယောက်က ခင်ဗျားထက် ရုပ်ဝတ္ထုပစ္စည်းတွေ ပို ပြည့်စုံကြွယ်ဝနေတဲ့ အခါမျိုး၊ ခင်ဗျား တန်ဖိုးထားတဲ့ ပိုင်ဆိုင်မှုတစ်ခုခု ဆုံးရှုံး/ ပျောက်ဆုံးသွားရတဲ့ အခါမျိုးမှာ ခင်ဗျား မကျေမနပ်ဖြစ်/ မစ္ဆရိယပွား/ ဒေါသဖြစ်မယ် ( ဒါမှ မဟုတ် ) အဲဒီ အခြေအနေဟာ ဘယ်လိုနည်းလမ်းမျိုးနဲ့ပဲ ဖြစ်ဖြစ် ခင်ဗျားရဲ့ အီဂို အတ္တသိစိတ်ကို အရေးမပါ အရာမရောက် ဖြစ်စေတယ်၊ နိမ့်ကျသိမ်ငယ်အောင် လုပ်သလိုမျိုး ဖြစ်စေတယ်လို့ ခံစားရသလား။

အခု ကျွန်တော် ဆွေးနွေးသွားတဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဆင်ခြင်လေ့လာတဲ့ စိတ်လေ့ကျင့်ခန်းကို ပုံမှန် အလေ့အကျင့်ရအောင် လုပ်ရင်း ရုပ်ဝတ္ထုတွေကို ဘုရားသခင်လို အစွန်းရောက် ကိုးကွယ်မိတဲ့ အဖြစ်မျိုး၊ ရုပ်ဝတ္ထုတွေရဲ့ ကျေးကျွန် ဖြစ်ရတဲ့ အဖြစ်မျိုးက လွတ်မြောက်နိုင်ပါစေ။ ခင်ဗျား စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု ရနိုင်ပါစေ၊ လူသားဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး အလှတရားတွေ တည်ဆောက်နိုင်ပါစေ၊ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှုတွေ လျော့နည်းသွားနိုင်ပါစေလို့ အလေးအနက် ဆန္ဒပြုအပ်ပါတယ်။


#ေ အာ င် ရ င် ငြိ မ်း

ECKHART TOLLE ရဲ့
Ego- The Current State of Humanity ကို
ဆီလျော်အောင် ပြန်ဆိုပါတယ်။
...................မ ျပီ း ေ သ း ပါ ..................

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။