Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 30, 2012

အချိုမှုန့်လျှော့စားဖို့လိုလာပြီ

မိတ်ဆွေများ နေ့စဉ်နေ့တိုင်း ရှောင်ကြဉ်သင့်တာကတော့ ဟောဒီ “အချိုမှုန့်” ပါပဲ။
အချိုမှုန့်ရဲ့ မူလသခင် ဂျပန်နိုင်ငံမှာ တကယ်ပဲ အချိုမှုန့်ကို မစားသုံးကြပါ။
ဒီစာကို ဖတ်ကြည့်တော့ တရုတ်က ဝင်လာတဲ့ အချိုမှုန့်ကို မြန်မာပြည်ကို လာတတ်တဲ့ တရုတ်တွေတောင် မစားကြမှန်း ထပ်သိရပြန်ပါပြီ။

ဒီစာကို ဖတ်ပြီးတဲ့နောက် အချိုမှုန့် စားသုံးခြင်းကို လုံးဝ ရပ်ဆိုင်းဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါဆို မိတ်ဆွေတို့ဟာ သိသိသာသာ ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။

အခြားသူတွေလည်း သိရှိ ရှောင်ကြဉ်နိုင်အောင် ဖြန့်ဝေပေးကြပါ။ ဖြစ်နိုင်ရင် လူထု အသိပညာပေး လှုပ်ရှားမှု (Public Awareness Campaign) လုပ်ပေးကြဖို့ အထူးသဖြင့် တက်ကြွလူငယ်များ ဦးဆောင်ပေးကြပါ။

 
အချိုမှုန့်လျှော့စားဖို့လိုလာပြ
Friday, November 30, 2012

လွန်ခဲ့သည့် (၂)လခန့်က သူငယ်ချင်း ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံဖြစ်၍ ၎င်းထံ သို့ လာရောက်ပြသကုသမှုခံယူကြသည့် လ...
ူနာများအနက် သက်ငယ်၊ သက်လတ် ပိုင်းများမှာပင် ကင်ဆာမျိုးစုံ၊ ဆီးချို၊ သွေးချို၊
နှလုံးစသည့် ကုသရခက်သော ရောဂါများတစ်နှစ်ထက်တစ်နှစ်
တိုးပွားလာ ကြောင်း ပြောပြခဲ့သည်။

တကယ်တော့ ကျွန်တော့်အထင်ပြော ရရင် ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်၌ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်နေသူတွေ၊ ဆီးချို၊ သွေးချိုသွေးတိုး
စွဲကပ်နေသူတွေ ကို တွေ့မြင်ရပါပြီ။ ယင်းကဲ့သို့ဖြစ်ရခြင်း မှာ အစား
အသောက်များနှင့်လည်း သက်ဆိုင်သည်။ အထူးသဖြင့် အချိုမှုန့် နှင့် ဆက်နွယ်နေကြောင်း ကျန်းမာရေး ဆိုင်ရာဆေးသုတေသနပညာရှင်
များက ထုတ်ဖော်ခဲ့ကြသလိုကျန်းမာရေးဦးစီးဌာန မှလည်း အချိုမှုန့်စားသုံးခြင်းဖြင့်အန္တရာယ် ရှိကြောင်း အတိအလင်း
ထုတ်ဖော်၍ အသုံးမပြုရန် တားမြစ်သော်လည်း အချို မှုန့်သုံးစွဲမှုက အိမ်ရှင်မအများစုကြားဝယ် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ သဖွယ်အမြစ်တွယ်နေသည်မှာ တကယ့် စိတ်မကောင်းစရာဖြစ်နေသည်။
ကျွန်တော်တို့ ဘိုးဘွားဘီဘင်များ လက်ထက်က အချိုမှုန့်ကို အသုံးမပြုကြ သေးသည့်အတွက် ဟင်းချက်ရာတွင် နနွင်း၊ ဆား၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုသာ အဓိကအားထား ၍ သုံးကြသည်။

ထို့ကြောင့် စားသုံးနေ ကြဖြစ်သော်လည်း ကောင်းနေသည်ပင် ဖြစ်သည်။ ပြီးတော့ မြန်မာ့ရိုးရာဟင်းချက် ရာတွင် ပါဝင်သည့် အရန်ပစ္စည်းတစ်ခုစီ ၏ အာနိသင်ကို ပြန်ကြည့်သောအခါတွင် လည်း ငရုတ်သီးက သင့်တော်ရုံ
စားလျှင် ခံတွင်းလိုက်သည်။

မျက်စိနှင့် အရေပြား ကို ကောင်းမွန်ချောမွေ့စေသည်။ ဆားက ၀မ်းသန့်ရန် အထောက်အကူပြုပြန်သည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူက သွေးသား သန့်စင်ခြင်း၊ သွေးတွင်းအဆီကျစေခြင်း၊ ခွန်အားတိုးပွားစေခြင်းတို့ကို ဖြစ်စေ သည်။

ယခုတော့ အချိုမှုန့်က၀င်၍ နေရာ ယူလာချေပြီ။ အချိုမှုန့်များကိုလည်း ယခင် က အာဂျီနိုမိုတို၊ ဇွန်း၊ စံပယ်တံဆိပ်တို့ကို အသုံးပြုရာမှ ယခုအခါ တရုတ်နိုင်ငံမှ ၀င်သည့် အချိုမှုန့်ကိုသာ သုံးစွဲမှုများပြား လာပေသည်။

ထိုအချိန်မှုန့်များကို တင်သွင်း သူများက အချိုမှုန့်ဟုမရေးကြတဲ့ အလွတ်ဆံ၊ ဟင်းခတ်မှုန့်လို့ခေါ်ဆိုကြပြီးတင်သွင်း သည့်အိတ်များမှာလည်း
ပေါင်ထုပ်တွေ မလာဘဲ တံဆိပ်မပါ (၂) တင်းဝင်အိတ်၊ (၃) တင်း
ဝင်အိတ်နှင့် ၀င်လာပြီး ပိဿာချိန်နှင့် ရောင်းချကြသလို တစ်ရာထုပ်၊ နှစ်ရာထုပ်အစားစားရောင်းချလာကြသည် ကို တွေ့မြင်ရလေသည်။

ကျွန်တော်တို့မြန်မာလူမျိုးများ အချိုမှုန့်မပါရင် မစားတတ်သလိုဖြစ်နေ ကြတာကတော့ ဘယ်သူမှငြင်းပယ်လို့ရ မယ်မထင်ပါဘူး။ မူလကပင် အရသာရှိ ပြီး ဟင်းလျာများဖြစ်သော ကြက်သား၊ ၀က်သားတို့ကိုပင် အချိုမှုန့်နှင့် နှပ်ချက် ရာမှ အရသာရှိသည်ဟု ထင်နေကြသည်။ ထို့အပြင် အသုပ်မျိုးစုံနှင့် ငပိရည်ဖျော် ရာမှပင် အချိုမှုန့်ကမလွတ်၊ ထိုအချိုမှုန့် ကို မည်သည့်နည်းစနစ်ဖြင့်၊ မည်သည်ဓာ တုပစ်္စည်းများ ဖွဲ့စည်းထားသည်
ကိုလည်း လေ့လာမှုမရှိကြ၊ သိလည်းမသိကြ။

သို့သော်လည်း ကျွန်တော်တို့ ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူးဒေသက
လူအချို့သည် အ၀တ်အစားများ ဖားဥစွဲခြင်း၊ ကွမ်းသွေး၊ သံချေးများ
အစွန်းထင်ပါက ဒီဇယ်၊ ဓာတ် ဆီများနှင့် အချိုမှုန့်ကိုရော၍ အစွန်းချွတ်
ဆေးအဖြစ်သုံးစွဲနေကြသလို အချို့တောင် သူများသည်မြေပဲခင်းများတွင်
မြေပဲဥကြီး ထွားပြီး အထွက်နှုန်းတိုးစေရန် မြေပဲဆံ နှင့် ဟင်းချိုမှုန့်
ရောနှော၍ မြေပဲခင်းများ ၌ စိုက်ပျိုးကြကြောင်းဒေသခံများပြောဆို
နေသံများကို စုံစမ်းသိရှိရသည့်အတွက် အချိုမှုန့်ကိုသုံးစွဲရမှာများစွ
တုန်လှုပ်ကြောက် ရွံ့မိနေတော့သည်။

မည်သူကနည်းပညာ ပေး၍ သုံးစွဲနေလေသည့်မသိ။အချိန်မှုန့်စားသုံးမှုနှင့်
ပတ်သက်၍ သေချာစွာစစ်တမ်းကောက်ယူသုတေသန ပြုကြည့်ပါက
ကမ္ဘာပေါ်ရှိအချိုမှုန့်အစား ဆုံးနိုင်ငံထဲတွင် မြန်မာနိုင်ငံသည် ပါနေ မလားမပြောတတ်။ အချိုမှုန့်၏ မူလပိုင် ရှင်မှာ ဂျပန်နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် အာဂျီနိုမိုတိုအချိုမှုန့်မှာ လည်း နာမည်ကြီးလှသည်။ သို့သော် ထိုအချိုမှုန့်ကို ဂျပန်နိုင်ငံတွင် စားသုံးသူ နည်းပါးကြောင်း ယခုလက်ရှိဟင်းချိုမှုန့် အများဆုံးတင်သွင်းထုတ်လုပ်သည့်နိုင်ငံ သည်တရုတ်နိုင်ငံပင်ဖြစ်သည်။

တရုတ်နိုင်ငံလူမျိုးအချို့သည် ကျွန်တော်တို့ ကောလင်း၊ ၀န်းသို၊ ပင်လည် ဘူးဒေသသို့ ရွှေလုပ်ငန်းများနှင့် ပတ်သက် ၍ မကြာခဏလာရောက်
လေ့လာကြ သည်ဖြစ်ရာ ထိုသို့လာရောက်စဉ်ကျွန်တော် တို့နှင့် မိတ်ဆွေဖြစ်ပြီးကောလင်းမြို့ပေါ် တွင် ဆုံတွေ့တိုင်းစားသောက်ဆိုင်များတွင်
ဧည့်ခံကျွေးမွေးခဲ့ရာစားသောက်မည့် ဟင်းများကို အချိုမှုန့်လုံးဝမထည့်ရန် မှာကြားသည့်အတွက် အဘယ့်ကြောင့် သူတို့နိုင်ငံမှ ထုတ်လုပ်သော အချိုမှုန့်ကို ဘာကြောင့်မစားရသလဲဆိုတာ စားသောက်ရင်းနှင့်ပင်
တွေးတောစရာ ဖြစ်နေပြန်သည်။

အချိုမှုန့်စားသုံးမှုလွန်ကဲ လာပါက ယမကာ၊ ဆေးလိပ်သောက်သူများ ကဲ့သို့ကောက်ခါငင်ကာချက်ချင်းလက် ငင်းမခံစားရလို့ဘဲ ဆက်လက်
သုံးစွဲနေ ဟန်တူပါသည်။ အချိုမှုန့်ကို စီးပွားရေး ဈေးကွက်အမြင်ရှိသူများက မည်သို့ပင် တင်သွင်းရောင်းချစေကာမူ စားသုံးသူများ ဘက်ကသာ အသိတရားနှင့် ဆင်ခြင်ရ ပေလိမ့်မည်။ အထူးသဖြင့် စားဖိုဆောင် သခင်အိမ်ရှင်မများအနေဖြင့် မိသားစု ကျန်းမာရေးအတွက် အလေးထားပြီး အချိုမှုန့်ကို လျှော့စားဖို့လိုလာပြီဟု ဆို ချင်ပါသည်။

စိုင်းလူမင်း
Hot News

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။