Q. ဧည့်လမ်းညွှန်တစ်ယောက် ဘ၀နဲ့ ခုလိုအာရုံစိုက်ခံလာရတဲ့ ဘ၀ဘယ်အရာကိုပိုနှစ်သက်လဲ။
A. ဧည့်လမ်းညွှန်ဆိုတာက ညီမရဲ့ တကယ့် Professional ဘ၀၊ ဒီအလုပ်ကလည်း ကိုယ့်နိုင်ငံရဲ့ ပုံရိပ်နဲ့ အများကြီး သက်ဆိုင်တဲ့အလုပ်၊ Miss အနေနဲ့ ပြိုင်ပွဲဝင်ခဲ့တာကလည်း မြန်မာတစ်နိုင်ငံလုံးရဲ့ စည်းလုံးမှုကို ပြခွင့်ရလိုက်တယ်။ မြန်မာဆိုတာ ဘာလဲ ဒီစင်မြင့်ပေါ်မှာ ပြသခွင့်ရလိုက်တဲ့ အတွက်လည်း ကျေနပ်ပါတယ်။
Q. ခုလိုပြိုင်ပွဲဝင်ပြီး ပြန်လာတဲ့အခါမှာ MTF နဲ့ ဘယ်လိုနားလည်မှုတွေနဲ့ ဆက်လက်လုပ်ကိုင်မှာပါလဲ။
A. MTF နဲ့က ထွေထွေထူးထူး ချုပ်ကိုင်ထားမျိုး မရှိပါဘူး။ ညီမရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ဓာတ်ပုံရိုက်တာကအစ တခြားအနုပညာအလုပ်တွေ လုပ်တာပါ၊ အားလုံးကိုတော့ သူတို့ကို တင်ပြရပါတယ်။ ညီမရဲ့ Miss Myanmar သက်တမ်းကလည်း ၂၀၁၃ မတ်လဆိုရင် စာချုပ်ပြည့်ပါပြီ။
Q. စာချုပ်ပြည့်သွားရင်ရော ဘာတွေဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။
A. ညီမက ခုဆုရတယ်ဆိုတာကလည်း မြန်မာပြည်သူပြည်သားတွေ ချစ်လို့ပေးတဲ့ဆုပါ။ အဲဒီတော့ ကိုယ့်မြန်မာနိုင်ငံအတွက် ကောင်းတာတွေကို တတ်နိုင်တဲ့ဘက်က လုပ်သွားဖို့ပဲအစီအစဉ်ရှိပါတယ်။
Q. နန်းခင်ဇေယျာကို Role Model တစ်ယောက်အနေနဲ့ပဲ ရပ်တည်စေချင်တယ်လို့ ပြောတဲ့အပေါ်ရော
A. ခုကတော့ ညီမလည်း ရုပ်ရှင်မရိုက်သေးဘူး။ ဒီပြည်သူလူထုက ညီမရဲ့ ပုံရိပ်တွေကို မြင်ချင်တယ်ဆိုလို့သာ ဓာတ်ပုံတွေရိုက်ဖြစ်တာ။ ညီမခုအလုပ်နှစ်ခုကို မျှပြီး လုပ်နေပါတယ်။ ညီမ ပရဟိတအလုပ်တွေပဲ ပိုလုပ်ချင်ပါတယ်။
Q. Miss World အတွက် ဖိတ်ကြားထားခြင်း ခံရတယ်ဆိုတော့ ပြိုင်ပွဲဝင်ဖြစ်ဦးမှာလား။
A. အဲဒီကိစ္စ သွားပြိုင်ဖို့မပြိုင်ဖို့ အသေးစိတ် မသိရသေးဘူး။ ပြင်ဆင်ရဖို့ အပိုင်းတွေလည်း အများကြီးရှိတယ်။ Miss World က နောက်နှစ်မှဆိုတော့ ညီမရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ဘူး။ နောက်နှစ်ပြိုင်ရမယ့် အချိန်မှာ ညီမကို ပြိုင်ဖို့ လိုလိုလားလားရှိဦးမယ် ဆိုရင်တော့ ညီမပြိုင်ဖြစ်သွားမှာပါ။
Q. ခုလိုလူတွေအများကြီးက ကိုယ့်ကို သောင်းသောင်းဖြဖြကြိုတဲ့ မြင်ကွင်းမျိုးကို စိတ်ကူးကြည့်ဖူးလား။
Q. ခုလိုလူတွေအများကြီးက ကိုယ့်ကို သောင်းသောင်းဖြဖြကြိုတဲ့ မြင်ကွင်းမျိုးကို စိတ်ကူးကြည့်ဖူးလား။
A. ညီမလုံးဝတွေးမထားတဲ့ အရာပါ။ Miss Myanmar ပြိုင်ပွဲ ပြီးတော့ ညီမကိုယ့်အလုပ်တွေနဲ့ တော်တော်လေး ပြတ်သွားခဲ့သေးတယ်။ နိုင်ငံတကာမှာ ပြိုင်တဲ့အချိန်က လူတွေအများကြီးရဲ့ အားပေးမှုကိုလည်း ရခဲ့တယ်။ ပြန်လာတော့လည်း လူတွေအများကြီးက ကိုယ့်ကိုကြိုဆိုကြတော့ အရမ်းကို ပီတိဖြစ်ရပါတယ်။ အဲဒီအချိန်မှာ ပရိသတ်တွေအတွက် ဘာပြန်လုပ်ပေးရမလဲဆိုတဲ့စိတ် ဖြစ်မိတယ်။
Q. ခုလိုဖြစ်ရပ်တွေပေါ်မှာ ညီမလေးရဲ့ ခံစားမှုက
A. ညီမ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကို လေးစားပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ညီမကိုချစ်တဲ့စိတ် မဟုတ်ဘဲ မြန်မာနိုင်ငံကို ချစ်တဲ့စိတ်နဲ့ အားပေးခဲ့တာဆိုတော့ မျိုးချစ်စိတ်ကို လုံးဝအသိအမှတ် မပြုလို့မရပါဘူး။
Q. မြန်မာမိန်းကလေးတွေကို ညီမပြောချင်တဲ့စကားတစ်ခွန်းလောက်
A. နိုင်ငံတကာမှာ ပြိုင်ပွဲဝင်နိုင်အောင် ကြိုးစားကြပါ။ နောင်အနာဂတ်မှာ ညီမထက် ပိုပြီးတော်တဲ့၊ လှတဲ့ ဆုတွေအများကြီး ရနိုင်တဲ့ မိန်းကလေးတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါသေးတယ်လို့
Q. နန်းခင်ဇေယျာ အနာဂတ်စိတ်ကူးက
A. ညီမဘ၀ကို ဒီ့ထက်ပိုပြီး တိုးတက်အောင် အချိန်တိုင်းမှာ ကြိုးစားနေပါမယ်။
Q. ဂျပန်ပြိုင်ပွဲဝင်နေတဲ့ အချိန် ညီမရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ကြတဲ့အပေါ် ညီမဘာပြောချင်လဲ။
A. ညီမ ဒီပြိုင်ပွဲဝင်ဖို့ ပြင်ဆင်ချိန် နည်းလွန်းပါတယ်။ ပြင်ပလှုပ်ရှား သွားလာမှုတွေအတွက် ပြင်ဆင်ချိန် လုံးဝမရလိုက်ပါဘူး။ စာရွက်စာတမ်း၊ ဓာတ်ပုံတွေအများကြီး ပို့ဖို့ပြင်ဆင်ရတယ်။ ညီမသာ ဒီ့ထက် ပြင်ဆင်ချိန် ပိုရခဲ့မယ်ဆိုရင် ဒီ့ထက်ပိုတဲ့ ရလာဒ်ထွက်မယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။
Q. ပြိုင်ပွဲက ပြန်လာပြီးတဲ့အချိန် ဓာတ်ပုံတွေ ရိုက်ကူးမှုမှာရော MTF က ၀တ်စားဆင်ယင်မှုကိုရော ထိန်းချုပ်ထားသေးလား။
A. မရှိပါဘူး။ ညီမက မြန်မာတစ်နိုင်ငံလုံးရဲ့ စံပြမယ်တစ်ယောက်လည်း ဖြစ်တယ်။ ပြိုင်ပွဲမှာ Bikini ၀တ်တာကိုလည်း မြန်မာတစ်နိုင်ငံလုံးက အင်တာနက်မှာ Comment တွေ တော်တော်များများ ပေးထားတယ်။ ညီမသာ လျှပ်ပေါ်လော်လီသာ ၀တ်နေမယ်ဆိုရင် ညီမနောက်က လိုက်လာကြမယ့် သူတွေအတွက် အရမ်းရင်လေးပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း ညီမအတတ်နိုင်ဆုံး ဂရုစိုက်သလိုအပြင်မှာ သွားလာတဲ့အချိန်မျိုးဆိုလည်း ဂရုစိုက်ဖြစ်သွားတာပါ။ ညီမရဲ့ စိတ်ကြိုက် ၀တ်ချင်တဲ့ ပုံစံဆိုရင်တော့ T-Shirt နဲ့ ဂျင်းဘောင်းဘီရှည်ပါပဲ။
Q. မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ညီမပြောချင်တဲ့စကား
A. ညီမ အားလုံးကို ကျေးဇူးတင်တယ်။ ညီမကို ဝေဖန်ပေးတဲ့ ကောင်းတာရော၊ မကောင်းတာရော အားလုံးက ညီမကို ခွန်အားတွေ ဖြစ်စေပါတယ်။ မြန်မာတစ်နိုင်ငံလုံးက နိုင်ငံသူနိုင်ငံသားတွေ အားလုံးကို ချစ်ပါတယ်။ အဲဒီတော့ သူတို့တွေအတွက် ညီမဘာတွေလုပ်ပြသွားမလဲ ဆိုတာကို စောင့်ကြည့်စေချင်ပါတယ်။ ဘ၀ဆိုတာကတော့ ဒီလိုပါပဲ။ ဘယ်သူမှ လွယ်ကူတယ်ရယ်လို့ ရှိမှာမဟုတ်ပါဘူး။ ညီမ ဧည့်လမ်းညွှန်တစ်ယောက်လုပ်မယ် ဆိုတော့လည်း စာတွေ တော်တော်ဖတ်ခဲ့ရတယ်။ အင်တာဗျူးတွေ အကြိမ်ခပ်များများ ဖြေခဲ့ရတယ်။ ဒီအလုပ်ရဖို့ ငါးနှစ်ခြောက်နှစ်လောက် အသေအကြေ ကြိုးစားခဲ့ရတာဆိုတော့ ကိုယ်မြတ်နိုးတဲ့ အလုပ်ကိုလည်း မရပ်တန့်လိုက်ချင်ဘူး။
Photo – Aye Zaw Moe
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။