27 November 2012 |By First Music News
ဓာတ်ပုံ မော်ဒယ် အဖြစ်နဲ့ ဓာတ်ပုံတွေ ရိုက်တိုင်း ချစ်စရာ ကောင်းတဲ့ အိုက်တင် တွေနဲ့
ပရိသတ်ကို ဖမ်းစားနိုင် ခဲ့တဲ့ သဉ္ဇာနွယ်ဝင်း နဲ့ တွေ့ဆုံ ဖြစ်တဲ့ခဏမှာ...
သဉ္ဇာ ဖက်ရှင်နဲ့ပတ်သက် ပြီး ပြောပါဆိုရင်တော့ အခုနောက် ပိုင်းမီဒီယာတွေပေါ်မှာလည်း အရမ်း ကိုအရေးပေးပြီး ဖော်ပြလာတဲ့အခါ အပြင်က မိန်းကလေးတွေလည်း အရမ်းဖက်ရှင်ကျလာတယ်။ ဖက်ရှင် နဲ့ပတ်သက်ပြီး ကတ်တလောက်တွေ ဖတ်ဖြစ်တယ်။ ပိုပြီးတော့လည်း လေ့လာဖြစ်ပါတယ်။ သဉ္ဇာက အရောင်ဆိုရင် အဖြူရောင်လေးတွေ ကြိုက်တယ်။
ရှုတင်အတွက်ဆိုရင် တော့ တောက်တောက်ကလေးတွေ ကြိုက်တယ်။ မကြိုက်တဲ့ဖက်ရှင်ပုံစံ တွေဆိုရင်တော့ အီမိုတို့၊ ပန့်ခ်တို့ဆိုရင် တစ်ခါတလေရိုက်ဖို့ ကမ်းလှမ်းခံရဖူး တယ်။ ဒါပေမယ့် အဲလိုပုံစံကြီးတော့ မလုပ်ဖြစ်ဘူး။ ညီမရဲ့ဖက်ရှင်နဲ့ ပတ် သက်ပြီးတော့ ကိုယ့်ဟာကိုယ်စီစဉ် ဖြစ်တယ်။ အထူးသဖြင့်တော့ ဒီဇိုင်နာ တွေ သူတို့ပဲအားလုံးလုပ်ပေးပါတယ်။
အနုပညာအလုပ်နဲ့ပတ်သက်ရင် ဘယ် လို သဘောထားလဲဆိုတော့...
ရည်မှန်းချက်ကြီး တစ်ခုနဲ့ တော့ မဆုံးဖြတ်ထားပါဘူး။ အနု ပညာကိုဝါသနာပါလို့ လုပ်တာဆိုတော့ လေ။ ကိုယ်က ရည်မှန်းချက် တစ်ခုနဲ့ အရမ်းကြီးစိတ်နှစ်ပြီး တော့ ဒီအလုပ်ကိုလုပ်ပြီးတော့ မှ ကိုယ်မျှော်လင့်သလောက် ဖြစ်မလာဘူးဆိုရင် အဲဒီဆုံးရှုံး တဲ့ဒဏ်ကိုမခံနိုင်ဘူးပေါ့။ အဲဒါ ကြောင့် ပရိသတ်ပေးတဲ့နေရာ ကိုပဲယူပါတယ်။
ကိုယ်က ဘယ် နေရာနဲ့ ထိုက်တန်တယ်ဆိုတဲ့ သူတို့ပေးတဲ့နေရာကိုပဲ ကျေ ကျေနပ်နပ်လက်ခံပါ့မယ်လို့ ဆို သွားပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။