30 November 2012 |By Good Health
သင့်အိမ်မီးဖိုချောင်ထဲက အသုံးအဆောင် ပစ္စည်းတချို့က သင့်အလှအပကို အကောင်းဆုံး အထောက်အကူ ဖြစ်စေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဘယ်လိုပုံစံ အသုံးဝင်သလဲဆိုတာကို လေ့လာ ကြည့်ရအောင်နော်။ အချိန်အနည်းငယ် ပေးပြီး ပြင်ဆင်လိုက်ရုံနဲ့ သင့်အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
မျက်တောင်ဆိုးဆေး များလွန်းလျှင
်
အားလုံး ပြင်ဆင်ပြီးလို့ မျက်တောင် ဆိုးဆေးဆိုး ချိန်မှာ အရမ်းကို ထူထဲ သွားခဲ့ရင် ပလတ်စတစ်ဇွန်း တစ်ချောင်း ရဲ့ အောက်ခြေပိုင်းနဲ့ မျက်တောင်တွေ ကို ပွတ်သပ်ပေးလိုက်ပါ။ ပိုနေတဲ့ မျက်တောင်ဆိုး ဆေးတွေကို ပလတ်စတစ် ဇွန်းက အလွယ်တကူ စုပ်ယူသွားပြီး ပေကျံမှုလည်း မရှိတော့ ပါဘူး။ ဇွန်းအောက်ခြေနဲ့ မျက်တောင် လေးတွေကို ကော့ရင်း မျက်တောင် ဆိုးဆေး အပိုတွေကို ညှိလိုက်ပါ။
မျက်လုံး မို့အစ်မှု ချက်ချင်းသက်သာချင်လျှင်
မနက်အိပ်ရာနိုးချိန်မှာဖြစ်စေ၊ ငိုထားလို့ဖြစ် စေ မျက်လုံးတစ်ဝိုက် မို့အစ်နေတာကို သက်သာချင်တယ်ဆိုရင် အာလူးအစိမ်းကို ခပ်ပါးပါးလေးလှီးပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်လောက်တင်ထားကာ မျက်လုံးလေး ခဏ ပိတ်ထားလိုက်ပါ။ မျက်လုံးအေးသွားတဲ့ ခံစားမှုကို ရရှိစေပြီး ရောင်ရမ်းမှုနဲ့ ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါ တယ်။
ဝက်ခြံသက်သာစေရန် မျက်နှာပေါင်းတင်လိုလျှင်
မုန့်ဖုတ်ဆော်ဒါမှုန့် နှစ်ဇွန်းလောက်ကို ရေ အနည်းငယ်နဲ့ ပျစ်နေအောင် မွှေလိုက်ပြီး မျက်နှာ အနှံ့ကို (မျက်လုံးနဲ့ နှုတ်ခမ်းတစ်ဝိုက်ကို ရှောင်ပါ) သုတ်လိမ်းပြီး ၁၅-၂၀ မိနစ်လောက်ကြာချိန်မှာ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ဝက်ခြံ ကို သက်သာစေပြီး မျက်နှာကို ဖြူဝင်းနေစေပါတယ်။
အရေပြား ခြောက်သွေ့မှု ကင်းချင်လျှင်
ကော်ဖီမှုန့်ကို ရေချိုးရာမှာသုံးတဲ့ ဆားပုံစံမျိုး အသုံးပြုပေးရမှာပါ။ ကော်ဖီမှုန့်တွေက အရေပြားပေါ်မှာ ကြေးချွတ်သန့်စင် ပစ္စည်းလိုပဲ အသုံးဝင်စေပါတယ်။ သင့်အရေပြားကို ခြောက်သွေ့စေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားသန့်စင် စေကာ ကော်ဖီမှုန့်ရဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် ပွတ်တိုက်ချိန်မှာ အရေပြားနီရဲမှု မဖြစ်စေနိုင်ပါဘူး။
ဆံပင်သား ပိုမိုပျော့ပျောင်းလိုလျှင်
ဆံသားတွေ ပုံမှန်ထက်ပိုပြီး ပျော့ပျောင်းချင် တယ်ဆိုရင် ခေါင်းလျှော်ပြီးချိန်မှာ Mayonnaise ကို ပျော့ဆေးအနေနဲ့ သုံးပေးပြီး မိနစ် ၂၀ လောက် ထားပြီးမှ ရေဆေးချလိုက်ပါ။ အပူသိပ်မပြင်းတဲ့ ဆံပင်အခြောက်ခံစက်နဲ့ လေမှုတ်ကာ ဆံပင်တွေကို ခြောက်ပါစေ။ ပျော့ပျောင်း နေတဲ့သင့်ဆံသားတွေ ကို တွေ့ရပါလိမ့်မယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။