Lလွန်းဝါနဲ့ မခိုင်စုတို့ရဲ့ ဒုတိယမြောက် ရင်သွေးကို ဇွန်လ၂၆ရက်နေ့က ရွေဂုံတိုင်၊ Women Centre မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယမြောက် သမီးလေးကိုတော့ OG ဒေါက်တာ ဒေါ်ခင်လေးကြွယ်က မွေးဖွားပေးခဲ့တာ ဖြစ်ပြီး ကလေး ရဲ့ပေါင် အလေးချိန်ကတော့ ၇ပေါင်နဲ့၅အောင်စ ဖြစ်ပါတယ်။
မွေးခန်းထဲအထိ မလိုက် ဖြစ်ခဲ့ပေမယ့် လည်း မွေးခန်း အပြင်ဘက်မှာ စိုးရိမ်စိတ် တွေနဲ့စောင့်ကြည့် နေခဲ့တဲ့ သူက Lလွန်းဝါပါ။ သမီးကြီးတုန်း ကတော့ ကချင်နာမည် မိုင်းမိုင်လို့ ပေးထားပြီး။ သမီးငယ် ရဲ့ နာမည်ကို တော့ ဒုတိယမြောက် သမီးငယ်သမီးဆိုတဲ့ အဓိပ္ပာယ်နဲ့ လုလုလို့ အိမ်နာမည်ပေးထား ကြောင်း Lလွန်းဝါ ကပြောပါတယ်။ သမီးကြီးအတွက်ကို အခု ချိန်အထိ မြန်မာနာမည် မပေးရသေးပေမယ့် သမီး ငယ်ကိုတော့ မြန်မာနာမည်ပေးမှာဖြစ်ကြောင်း ဆက်ပြော ပါတယ်။ ပထမဆုံး သမီးမွေးလာတုန်းကတော့ ပခုံးတစ်ဖက်ကြီး သွားပြီး၊ အခုဒုတိယ မြောက် သမီးလေး ရလာပြန်တော့ ပခုံးနှစ်ဖက်စလုံး ကြီးသွား ပြီပေါ့လို့လွန်းဝါက ရယ်ရယ်မောမော ဆိုလာ ပြန်ပါတယ်။ သမီး၂ယောက်ရဲ့ဖခင်ဖြစ် လာပြီဖြစ်တဲ့ Lလွန်းဝါက သမီး၂ယောက် စလုံးကို ပညာရေးဘက်ထူးချွန်စေချင် ကြောင်း၊ပြီးတော့မှပဲ သူတို့ဝါသနာပါတဲ့ ဘက်ကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း သူတို့ရဲ့ ဝါသနာက ဂီတမှဂီတဖြစ် နေရင် တော့လည်း ဂီတဝမ်းစာပြည့်အောင် သင်ကြားပေးပြီးမှ ဂီတလောကထဲကိုဝင် ရောက်စေမှာ ဖြစ်ကြောင်း Lလွန်းဝါကဆို လာပါတယ်။ “ နိုင်ငံခြားမှာ ဆို ရင်တော့ ဂီတကို ဝါသနာ ပါရင် တစ်ခါတည်းဂီတ ကျောင်းကို ပို့လိုက်တယ်။ အဲဒီတော့သူက ဂီတနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ အကုန်လုံးကို တတ် ပြီး တော့ဘွဲ့လည်းရ သွားတယ်။ ကျွန်တော်တို့ဆီမှာက အဲဒီလိုမရှိဘူး။ ဒါ ကြောင့်ပညာရေး အနေနဲ့တော့ ဘွဲ့ တစ်ခုရ အောင် အရင် ကြိုးစားခိုင်းမယ်”လို့ဆို လာပါတယ်။
လင်းအက္ခရာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။