ထက်ထက် (Bobby Soxer)နဲ့အတူ လန်းဆန်းခေါင်းကိုက်ပျောက် ဆေးကြော်ငြာရိုက်ကူးထားတဲ့ အဆိုတော် လွှမ်းပိုင်က ဟစ်ဟော့ပ် အဆိုတော် အားလုံးနီးပါးနဲ့ အတူ မလေးရှားဖျော်ဖြေရေးခရီးစဉ်ကိုလည်း နိုဝင်ဘာလ၁ဝရက်နေ့ မနက်ပိုင်းက ထွက်ခွာသွားခဲ့ပါတယ်။မလေးရှား ဖျော်ဖြေရေး ခရီးစဉ်ကိုတော့ နိုဝင်ဘာလ ၁၁ရက်နေ့၊ ၁ရက် တည်းဖျော် ဖြေခဲ့ပြီး ကျန် ၃ရက်ကိုတော့ စင်ကာပူကို အလည်အပတ်ခရီးအဖြစ် ဂီတမောင်နှမများနဲ့အတူ လျှောက်လည်ဖြစ်တယ်လို့ လွှမ်းပိုင်ကဆိုပါတယ်။
”ကျွန်တော့်အနေနဲ့ မလေးရှားက ပထမဆုံး ပြည်ပခရီး စဉ်ပွဲဖြစ်တဲ့အတွက် တအားပျော်တယ်။ ရှိုးဆိုတာ ကောင်း တယ်။ အခက်အခဲလည်းမရှိဘူး။မလေးရှားက ပရိသတ်တွေ လည်း အားပေးကြတယ်။ ပြီးတော့ ကျွန်တော်တို့ ဖျော်ဖြေပွဲပြီး သွားတဲ့အခါကျတော့ စင်ကာပူကို အလည်အပတ်ခရီးစဉ် အဖြစ်မမျှော်လင့်ဘဲ ၁၃ရက်နေ့မှာ သွားဖြစ်ခဲ့တယ်။ စင်ကာပူအလည်အပတ်ခရီးစဉ်မှာတော့ အဆိုတော်တွေ အားလုံးမပါဝင်တော့ဘူး။ တချို့အဆိုတော်တွေက ပြန် သွားကြတယ်။ ဒါပေမဲ့လည်း အဆိုတော်တွေ အများကြီး စုပြီးသွားရတော့ ခရီးထွက်နေရသလိုပဲ တအားပျော်တယ်။ ကစားကွင်းတွေ သွားတယ်။ ရှောပင်းလည်းထွက်တယ်။ အလည်အပတ်ခရီးက ၃ရက်ပဲ အချိန်ရတော့ဂီတနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေမဝယ်ဖြစ်ဘူး”လို့ ပြောပါတယ်။စင်ကာပူအလည်အပတ်ခရီးစဉ်ကို သွားကြတဲ့ ဂီတအနုပညာ ရှင်များအားလုံးဟာ နိုဝင်ဘာ ၁၆ရက်နေ့မှာ ရန်ကုန်ကို ရောက်ရှိခဲ့ပြီး လွှမ်းပိုင်နဲ့ ထက်ထက်တို့ကတော့ နိုဝင်ဘာ ၁၈ရက်နေ့မှာ မူဆယ်ကို ဖျော်ဖြေရေးခရီးအဖြစ်သွားခဲ့ပါ တယ်။ နိုဝင်ဘာ ၂ဝရက်နေ့မှာတော့ လွှမ်းပိုင်နဲ့ ထက်ထက်တို့ ၂ယောက် မူဆယ်မှာလည်း ရှောပင်းထွက်ခဲ့ပါသေးတယ်လို့ ဆိုပါတယ်။ “မူဆယ်မှာရှိတဲ့ အသိမိတ်ဆွေတွေက တရုတ် နယ်စပ်မှာရှိတဲ့ ရွှေလီမြို့ကို လိုက်ပို့ပေးတာ။ ပြီး တော့ မူဆယ်က ဖျော်ဖြေရေးပွဲမှာလည်းကျွန် တော်ရယ်၊ထက်ထက်ရယ် ၂ယောက်တည်းပဲ ရှိတာ့ အတူတူသွားဖြစ် တာပါ။ ပြီးတော့ တရုတ် နယ်စပ်ဘက်မှာဆိုရင် ပစ္စည်းတွေပေါတယ်။ ကျွန်တော်က ဖိနပ်မြင်ရင်မနေနိုင်ဘူး။ဖိနပ် ခရေဇီဆိုတော့ ရွှေလီမှာလည်း ဖိနပ်တွေဝယ်ဖြစ် ခဲ့သေးတယ်”လို့လည်း ပြောတဲ့ လွှမ်းပိုင်က ၂၇ရက်နေ့မျှော်စင်ကျွန်းမှာ ဘိုဘိုအင်တာတိန်းမန့်လုပ်မယ့် တန်ဆောင်တိုင်ဖျော်ဖြေရေး ပွဲကြီးမှာမပါဖြစ်ခြင်းနဲ့ ပတ်သက် ပြီးတော့လည်း ”အဲဒီ၂၇ရက်နေ့မှာ ကျွန်တော်တို့က မန္တလေး (မြစ်သား)၊ပြင်ဦးလွင် တို့မှာသီဆိုဖျော်ဖြေရမှာ ဖြစ်တဲ့အတွက် အချိန်ကိုက်နေလို့ မပါဝင်ဖြစ်တာပါ”လို့ ပြောပါတယ်။အခုဝါကျွတ်ကာလမှာ တော့ အဆိုတော်လွှမ်းပိုင်ကနယ်ရှိုးပွဲတွေ၊ ပြည် ပရှိုးတွေတအားကိုများနေကြောင်း၊ခရီးသွားတဲ့ နေရာတွေမှာပုံတွေကို မှတ်တမ်း အဖြစ် ရိုက်ကူးထားတဲ့ အတွက် ရိုက်ကူးထားတဲ့ပုံတွေကိုလည်း ‘ဒုံးပျံ’အခွေ ထဲမှာ သုံးရင်သုံးဖြစ်မယ်လို့ ဆိုပါတယ်။
ယွန်းလင်္ကာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။