Star Event Production မှ ဂျွန်လွင် ဦးစီး ကျင်းပခဲ့တဲ့ ပထမဆုံး Myanmar Int’l Fashion Week 2012 မှာ ဖြူဖြူကျော်သိန်းလည်း ရှိုးလျှောက်ဖြစ်ခဲ့ပါတယ်။ သားစိုး နဲ့ ငယ်ငယ်တို့ရဲ့ ရွှေပိုးနန်းတော် ဆိုင်အတွက် မြန်မာ ချိတ်ဒီဇိုင်းကို ဖက်ရှင်ကျကျ ဝတ်ဆင်ပြီး ရှိုးလျှောက်ဖြစ်ခဲ့တဲ့ ဖြူဖြူကျော်သိန်း က “ပိုးချိတ် ကတော့ ရွှေပိုး နန်းတော်ကပါ။ မြန်မာချိတ်လေးကို ဘိုဆန်ဆန်လေး ဝတ်ချင်တယ် ဆိုပြီး ပြောတဲ့အခါကျတော့ ချိတ်က တစ်ကွင်းစာစီပဲ လာတတ်ကြတာလေ။
အဲဒါနဲ့ကိုသားစိုး၊ ငယ်ငယ် တို့ကနေ မန္တလေးကို လှမ်းပြီး ၃ ကွင်းဆက်မှာပေးတယ်။ အစ်မက ဒီလိုဂါဝန် အကြီးကြီး ဝတ်မယ်ဆိုပြီးတော့သီးသန့်မှာပြီး ချုပ်ရတယ်” လို့ ပြောခဲ့ပြီး ဖက်ရှင် ဒီဇိုင်းကိုတော့ ဒီဇိုင်နာ သဇင်ခင်က မြန်မာချိတ် ဂါဝန်ကိုချုပ်ပေးခဲ့တာပါလို့ ပြောပြခဲ့ပါတယ်။ သီချင်းတွေ ဆိုတဲ့အခါမှာလည်း ပရိသတ်ရဲ့ လက်ခံ အားပေးမှုကို ရရှိခဲ့သလို ဂီတဖျော်ဖြေပွဲတွေမှာ ဝတ်ဆင်တဲ့ ဖက်ရှင် ဒီဇိုင်းတွေကလည်း ထူးထူးခြားခြားလေးတွေ ဝတ်ဖြစ်တာကြောင့် ပရိသတ်တွေက ဖက် ရှင်ပိုင်းကိုပါ အချိန်ပေး ကြည့်ရှု အားပေးတဲ့အတွက် ပီတိ လည်းဖြစ်ခဲ့ရသလို သူ့အတွက်လည်း ကြိုးစားရကျိုးနပ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ဖြူဖြူကျော်သိန်းက ဖက်ရှင်ပိုင်း နဲ့ လူငယ်တွေ အတွက် အကြံပြုစကား ပြောပြပေးခဲ့တာကတော့ “အခု ခေတ်မှာလူငယ်တွေ အကုန်လုံးကို ကြည့်လိုက်ရင် ဖက်ရှင်ကျအောင်၊ စမတ်ကျ အောင်ဝတ်ဆင်နေ ကြတာ တွေ့ရပါတယ်။ အရေးကြီးတာ တစ်ခုက ကိုယ်နဲ့လိုက် ဖက်ဖို့ရယ်၊ နောက်တစ်ခု ကကျတော့ ကိုယ့်သမ္မာ အာဇီဝနဲ့ ရှာတဲ့ ငွေကြေး အတိုင်း အတာအတွင်း မှာ ဖြစ်ဖို့ရယ် က အရေးကြီးဆုံး ပဲဖြစ်ကြောင်း ဖက်ရှင်ကျဖို့ ကိုယ့်ရဲ့ဘဝတွေ၊ သိက္ခာတွေနဲ့ လဲလိုက်ရအောင် ဘယ် အရာနဲ့မှ မတန်ပါဘူး။ အဲဒီလောက်ထိ ဖက်ရှင်ကျ စရာမလိုဘူး။ အရေးကြီးတာက ကိုယ့်ရဲ့ဂုဏ် သိက္ခာလေးနဲ့ မျှမျှတတ လေးဖြစ်တဲ့ ဖက်ရှင်ကျ နည်းမျိုးပဲဖြစ်ဖို့ အရေးကြီးတာပါ” လို့ အကြံပြု စကားဆိုခဲ့ပါတယ်။

သိမ့်သိမ့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။